ထိုင်းဂူတုန်းကလို ပျော်စရာနဲ့ မဆုံးနိုင်ခဲ့တဲ့ မော်ရိုကိုမှ ရေတွင်းထဲကျသွားတဲ့ ၅ နှစ်သားလေးကို ကယ်တင်ခဲ့တဲ့ ကယ်ဆယ်ရေး

ထိုင်းဂူတုန်းကလို ပျော်စရာနဲ့ မဆုံးနိုင်ခဲ့တဲ့ မော်ရိုကိုမှ ရေတွင်းထဲကျသွားတဲ့ ၅ နှစ်သားလေးကို ကယ်တင်ခဲ့တဲ့ ကယ်ဆယ်ရေး

မော်ရိုကို နိုင်ငံမှာ ကျဉ်းမြောင်း နက်ရှိုင်း လှတဲ့ ရေတွင်းထဲ ပြုတ်ကျပြီး ၄ ရက်ကြာ ပိတ်မိနေခဲ့တဲ့ ရာယန် ဆိုတဲ့ ၅ နှစ် သား အရွယ် ယောက်ျားလေး ကလေး ငယ်ဟာ သေဆုံး သွားပြီ ဖြစ်ပါတယ်။

ရာယန်ကို မီတာ ၃၀ ( ပေတစ်ရာနီးပါး) နက်တဲ့ တွင်းထဲကနေ ပြန်ကယ်ထုတ်နိုင်ဖို့ အခု ရက်တွေမှာ အသည်း အသန် ကြိုးစားနေ ခဲ့ကြ တာ ကို တစ် ကမ္ဘာ လုံးကလည်း ရင်တ မမနဲ့ စောင့်ကြည့် နေခဲ့ကြ၊ ဆုတောင်း ပေးနေ ခဲ့ကြပါတယ်။

နောက်ဆုံး ကလေးငယ် ရှိရာဆီ ကယ်ဆယ်ရေးသမားတွေ ရောက်သွားနိုင်ခဲ့ပြီး၊ ဝိုင်းကြည့်နေကြတဲ့ ရာနဲ့ချီတဲ့ လူအုပ်ကြီးဆီက သောင်းသောင်းဖျဖျ အားပေးသံတွေ ထွက်ပေါ် လာခဲ့ပါတယ်။

ကလေးငယ်ကို အရေးပေါ် ယာဉ်နဲ့ ခေါ်ဆောင် သွားခဲ့တာကို တွေ့မြင်ခဲ့ကြရပြီး မကြာခင်မှာပဲ မော်ရိုကို ဘုရင် မိုဟာမက်ဒ်က ရာယန်လေး သေဆုံးကြောင်း ထုတ်ပြန် ကြေညာ ခဲ့ပါတယ်။

အင်မတန် ဝမ်းနည်းရပြီး၊ မိသားစု နဲ့ ထပ်တူ ခံစားရ ပါကြောင်း ကလေးရဲ့ မိဘတွေ ကို ဘုရင် မိုဟာမက်ဒ် က ရုပ်မြင် သံကြားပေါ်ကနေ တိုက်ရိုက် ထုတ်လွင့် ပြောဆိုခဲ့ပါတယ်။ crd ; ဘီဘီစီ

Be the first to comment

Leave a comment

Your email address will not be published.


*