ထိုင်းနိုင်ငံရှိ နာမည်ကျော်ရှေးဟောင်း အယုဒ္ဓယဘုန်းကြီးကျောင်း ရေနစ်မြုပ်နေ

ထိုင်းနိုင်ငံရှိ နာမည်ကျော်ရှေးဟောင်း အယုဒ္ဓယဘုန်းကြီးကျောင်း ရေနစ်မြုပ်နေ

ထိုင်းနိုင်ငံမှာ အယုဒ္ဓယ ခေတ်အတွင်း ၁၇၅၀ ခုနှစ်မှာ တည်ဆောက် ခဲ့တဲ့ ဘုန်းကြီးကျောင်းကြီးဟာ တနင်္ဂနွေနေ့ (အောက်တိုဘာ ၃) မနက်ပိုင်းက ရေတား တမံပြိုကျခဲ့ တာကြောင့် ရေနစ်မြုပ်နေ ခဲ့တယ်လို့ သိရပါတယ်။

ချောင်ဖရားမြစ် ရေမြင့်တက် လာတာကြောင့် ဘန်းဘန် ခရိုင်ရှိ ဝပ်ချူလာမနီးဘုန်းကြီးကျောင်း တောင်ဖက်က ရေတားတမံ အပိုင်းတစ်ခုဟာ မနက် ၅ နာရီခွဲလောက်မှာ ပြိုကျခဲ့ပြီး ဘုန်းကြီးကျောင်းဝန်းကျင်က လူနေရပ်ကွက်တွေထဲ ရေတွေ ဝင်ရောက်ခဲ့ပါတယ်။

ဘုန်းကြီးကျောင်း ဝန်းထဲမှာတော့ ရေအနက် ၂ မီတာလောက်ဖြစ်နေပြီး ဒေသခံများရဲ့ ဘိုးဘေးဘီဘင်တို့ အရိုးပြာများထည့်သွင်းထားတဲ့ စေတီပုထိုး၂၀ ခန့် ပျက်စီး ခဲ့တယ်လို့ သိရပါတယ်။

ချောင်ဖရားမြစ်ရေ လျော့ကျသွားတဲ့ ပြီးခဲ့တဲ့တစ်ပတ်လောက်ခန့်မှာ ဘုန်းတော်ကြီးကျောင်းဝန်းကျင် ရေဝင်ရောက်မှု မဖြစ်စေဖို့အတွက် ဒေသ ခံတွေက ခိုင်ခန့်တဲ့ မြေသား တမံတစ်ခု တည်ဆောက်ခဲ့ကြ တာဖြစ်ပါတယ်။

ဆည်မြောင်းဦးစီးဌာနက ချိုင်နတ်ပြည်နယ် ချောင်ဖရာ ဆည်အတွင်းက ရေတွေကို တစ်က္ကန့် ၂၇၇၉ ကုဗ မီတာနှုန်းနဲ့ ထုတ်လွှတ် ခဲ့ပြီးနောက် တနင်္ဂနွေနေ့မှာ မြစ်ရေ တစ်ဟုန်ထိုး မြင့်တက်ခဲ့ရာက ရေတွေ လျှံတက် လာခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် လော့ဘူ ရီပြည်နယ်ရှိ ဆည် တစ်ခုနဲ့ အယုဒ္ဓယပြည်နယ် သာရူယာခရိုင်ရှိ ဆည်တစ်ခု တို့ကနေလည်း ရေတွေထုတ် လွှတ်နေတယ်လို့ ဆည်မြောင်းဦးစီးဌာနက တနင်္ဂနွေနေ့ မနက်ပိုင်းမှာ သတင်း ထုတ်ပြန်ခဲ့ပါတယ် ။ ခရက်ဒစ်

Add a Comment

Your email address will not be published. Required fields are marked *