ထိုင္းနိုင္ငံေတာင္ပိုင္း စုန္ခလားခရိုင္ စမီလာကမ္းေျခတြင္ ခုံးေကာင္အစုလိုက္ အျပဳံလိုက္ေတြ႕ရွိ

ထိုင္းနိုင္ငံေတာင္ပိုင္း စုန္ခလားခရိုင္ စမီလာကမ္းေျခတြင္ ခုံးေကာင္အစုလိုက္ အျပဳံလိုက္ေတြ႕ရွိ

ထိုင္းနိုင္ငံေတာင္ပိုင္း၊ စုန္ခလာခရိုင္၊ စမီလာကမ္းေျခတြင္ ခုံးေကာင္အစုလိုက္အျပဳံလိုက္ ေတြ႕ရွိသည္ဟု Hongsanart Prachakittikul အေကာင့္ပိုင္ရွင္က ၿပီးခဲ့သည့္ ဇန္နဝါရီ ၂၇ ရက္ေန႔တြင္ ဓာတ္ပုံႏွင့္တကြပို့စ္တင္ခဲ့သည္။

ယင္းဓာတ္ပုံမ်ား အြန္လိုင္းေပၚ ပ်ံ႕ႏွံ့သြားၿပီးေနာက္ လူထုစိတ္ဝင္စားမွုကို ရရွိခဲ့ၿပီး ကမ္းေျခႏွင့္အဏၰဝါ အရင္းအျမစ္ ဦးစီးဌာနမွ သြားေရာက္ စစ္ေဆးခဲ့သည္။ယင္းခုံးေကာင္မ်ားသည္ Perna viridis (Linnaeus, 1758) မ်ိဳးစိတ္ျဖစ္ၿပီး အလ်ား ၂.၂ စင္တီမီတာ၊ အနံ ၁.၃ စင္တီမီတာ၊ အသက္ ၂ လခန႔္ ရွိသည္ဟု ဆိုသည္။

အဆိုပါကမ္းေျခတဝိုက္ရွိ ခုံးေကာင္မ်ားသည္ တစ္ႏွစ္ပတ္လုံ းဉခ်ေလ့ရွိၿပီး မတ္လမွေမလ ႏွင့္ေအာက္တိုဘာလမွ ဒီဇင္ဘာလကာလမ်ားတြင္ အမ်ားဆုံးဉခ်သည္ဟု ေဖာ္ျပထားသည္။ ခုံးေကာင္ေတြ႕ရွိသည့္ ကမ္းေျခတေလ်ာက္ရွိ ပင္လယ္ေရကို နမူနာယူၿပီး စစ္ေဆးခ်က္အရ အငံဓာတ္ ၃၁.၂ ပီပီတာ၊ အပူခ်ိန္ ၂၈.၉ ဒီဂရီ စင္တီဂရိတ္၊ ေအာက္ဆီဂ်င္ ၆.၄၉ မီလီဂရမ္/ လီတာ၊ Ph ညႊန္းကိန္း ၉.၀၂ ရွိ၍ ခုံးေကာင္မ်ားရွ င္သန္ရန္ အေထာက္အကူျပဳသည္ဟု ထုတ္ျပန္သည္။ ခရက္ဒစ္ ; သတင္း ေရႊကရင္ (ရာမညေျမ)

Unicode … ထိုင်းနိုင်ငံတောင်ပိုင်း စုန်ခလားခရိုင် စမီလာကမ်းခြေတွင် ခုံးကောင်အစုလိုက်အပြုံလိုက် တွေ့ရှိ

ထိုင်းနိုင်ငံတောင်ပိုင်း၊ စုန်ခလာခရိုင်၊ စမီလာကမ်းခြေတွင် ခုံးကောင်အစုလိုက်အပြုံလိုက် တွေ့ရှိသည်ဟု Hongsanart Prachakittikul အကောင့်ပိုင်ရှင်က ပြီးခဲ့သည့် ဇန်နဝါရီ ၂၇ ရက်နေ့တွင် ဓာတ်ပုံနှင့်တကွပို့စ်တင်ခဲ့သည်။

ယင်းဓာတ်ပုံများ အွန်လိုင်းပေါ် ပျံ့နှံ့သွားပြီးနောက် လူထုစိတ်ဝင်စားမှုကို ရရှိခဲ့ပြီး ကမ်းခြေနှင့်အဏ္ဏဝါ အရင်းအမြစ် ဦးစီးဌာနမှ သွားရောက် စစ်ဆေးခဲ့သည်။ယင်းခုံးကောင်များသည် Perna viridis (Linnaeus, 1758) မျိုးစိတ်ဖြစ်ပြီး အလျား ၂.၂ စင်တီမီတာ၊ အနံ ၁.၃ စင်တီမီတာ၊ အသက် ၂ လခန့် ရှိသည်ဟု ဆိုသည်။

အဆိုပါကမ်းခြေတဝိုက်ရှိ ခုံးကောင်များသည် တစ်နှစ်ပတ်လုံ းဉချလေ့ရှိပြီး မတ်လမှမေလ နှင့်အောက်တိုဘာလမှ ဒီဇင်ဘာလကာလများတွင် အများဆုံးဉချသည်ဟု ဖော်ပြထားသည်။ ခုံးကောင်တွေ့ရှိသည့် ကမ်းခြေတလျောက်ရှိ ပင်လယ်ရေကို နမူနာယူပြီး စစ်ဆေးချက်အရ အငံဓာတ် ၃၁.၂ ပီပီတာ၊ အပူချိန် ၂၈.၉ ဒီဂရီ စင်တီဂရိတ်၊ အောက်ဆီဂျင် ၆.၄၉ မီလီဂရမ်/ လီတာ၊ Ph ညွှန်းကိန်း ၉.၀၂ ရှိ၍ ခုံးကောင်များရှ င်သန်ရန် အထောက်အကူပြုသည်ဟု ထုတ်ပြန်သည်။ ခရက်ဒစ် ; သတင်း ရွှေကရင် (ရာမညမြေ)

Be the first to comment

Leave a comment

Your email address will not be published.


*