ထိုင်းမှာလူပြောများနေတဲ့ ရုပ်လဲချော ပိုက်ဆံလည်းချမ်းသာတဲ့ အလှပဆေးခန်းပိုင်ရှင် မီလျှံနာအမျိုးသမီး သုံးထပ်ကနေခုန်ချပြီး အဆုံးစီရင်သွားတဲ့ဖြစ်ရပ်
လူတစ်ယောက်ရဲ့ အလှနဲ့ ပိုင်ဆိုင်တဲ့ စည်းစိမ် ဥစ္စာတွေ၊ ရာထူးတွေ ဒါတွေဟာ လူတွေအတွက် စိတ်ပျော်ရွှင်မှု မပေးနိုင် ပါဘူးဆိုတာ သေချာ ပါတယ်။Miss Sexy ဟာ ချောမော လှပသလောက် သူမကို ထိုင်းနိုင်ငံမှာ မီလျံနာ သူဌေး အဖြစ် လူသိများတဲ့ အမျိုးသမီး တစ်ဦးဖြစ် ပါတယ် ။
Doctor of Cosmetology အပြင် ဆေးခန်းကြီးတစ်ခုရဲ့ ပိုင်ရှင်ဖြစ်သလို ၂၀၁၈ CEO Leader Award ဆုကို ရရှိ ထားပါတယ်။အများအမြင် သူမဟာ အဘက်ဘက်က ပြီးပြည်စုံနေတဲ့ သူတစ်ယောက်ပါ။
သို့သော်လည်း သူမ၏ ကိုယ်ပိုင်ဆေးခန်းအထက်နေ ခုန်ချပြီးဘဝကို အဆုံး စီရင်သွားခဲပါပြီ ။ လူတိုင်းမှာကိုယ်စီ ဆင်းရဲဒုက္ခ ရှိနေကြပါတယ်။ ချမ်းသာနေတဲ့ သူတွေမှာလည်း ချမ်းသာ သူအလျှောက် ဆင်းရဲသူတွေမှာလည်း ဆင်းရဲသူအလျှောက် ရှိနေကြတာပါ။
ကိုယ့်မှာ ရှိတာနဲ့ ကျေနပ်ရောင့်ရဲ့ပြီး ကိုယ့်ဘဝကို သူများနဲ့ မနှိုင်းယှဉ်ပြီး စိတ်အားမငယ် သင့်ပါဘူး။လူတိုင်းက ကိုယ်စိတ်နဲ့ မဟုတ်ဘူးဆိုတဲ့အသိနဲ့ ခွင့်လွှတ်ပေးနိုင်အောင် နေပေးပါ။
ပေးကမ်းချင်စိတ် ပရဟိတနဲ့ ကိုယ့်ကြောင့် ကိုယ့်ဘေးမှာ အတူနေသူတွေကို စိတ်မညစ်အောင်နေပြီး ပတ်ဝန်းကျင်က လာတဲ့ သောကစိတ်ကိုလည်း အတတ်နိုင်ဆုံး မယူမိအောင်နေဖို့ လိုပါတယ်။ မိမိကိုးကွယ်ရာ ဘာသာတရားအလျှောက် လူ့ဘဝနေထိုင်မှု ချမ်းသာခြင်းတရား အစစ်အမှန်ကို ရှာဖွေဖို့ လိုပါတယ်။ လူဘဝက ခဏလေးလေးပါ၊ ရေစက်ရှိသလောက်ဆုံကြမယ့် ခရီးသွားဧည့်သည်တွေပဲ မဟုတ်လား. . . ? Crd ဘိုဘိုဝင်း
Be the first to comment