ထိုင်းသတင်းဌာန အတော်များများမှာ အလုအယက် ဖော်ပြနေကြတဲ့ မြန်မာငွေကျပ် သိန်း11000 တန်ဖိုးရှိတဲ့ ပိန်းပင်

ထိုင်းသတင်းဌာန အတော်များများမှာ အလုအယက် ဖော်ပြနေကြတဲ့ မြန်မာငွေ ကျပ် သိန်း11000 တန်ဖိုးရှိတဲ့ ပိန်းပင်

ထိုင်းနိုင်ငံက ပိန်းပင် ဈေးကွက်ကို လှုပ်ခတ်သွားပြီး သတင်းဌာန အတော်များများကတင်ပြကြတဲ့ ပိန်းပင် အမည်က Colocasia Psylocke ဖြစ်ပါတယ်။

ပိန်းပင်ပိုင်ရှင်က မိခင်အပင်ကို ဘတ် 20 သန်း (လက်ရှိငွေလဲနှုန်း အရ ကျပ်သိန်း 11400 ခန့် ) ဈေးဖွင့်ထားပြီး ဘတ် 15 သန်းအထိ ဈေးပေး​ပေမယ့် အရောင်းမဖြစ်ခဲ့ပါ။

ပိန်းပင်ပိုင်ရှင်က မိခင်အပင်ကို အလွန်ချစ်ခင်မြတ်နိုးတာက တစ်ကြောင်း မိခင်အပင် သားတက် အပင်သေးလေး တစ်ပင်ကို ဘတ်ငွေ 1 သန်း (ကျပ် သိန်း 570 ) မှ 1 သန်းခွဲ (ကျပ် သိန်း 800 ကျော် ) နဲ့ ရောင်းနေရလို့ အရောင်းအဝယ် မဖြစ်တာဖြစ်ပါတယ်။

Colocasia Psylocke ပိန်းပင်ပိုင်ရှင်က ထိုင်းနိုင်ငံ ဖိစနုလို့ခ်ခရိုင် နေထိုင်သူ အသက် 47 နှစ်အရွယ် ဖေ့ခ်ျဘွား ယော့တ်ဖိုင်းဘွန်း ဖြစ်တယ်။ ပိန်းပင် 2 ပင်မျိုးကို ဝတ်မှုံကူးလို့ ရလာတဲ့ မျိုးသစ် ဖြစ်ပါတယ်။

Colocasia Black Coral အဖို ဝတ်မှုံ နဲ့ Colocasia White Lava အမ ဝတ်မှုံတို့ ကူးပြီး ဖြစ်လာတာဖြစ်ပြီး အလှစိုက်ပိန်းပင်များ ဖြစ်ပါတယ်။

ယခုနောက်ပိုင်း Indoor Plant စိုက်တာတွေ ခေတ်စားလာတာနဲ့အမျှ ဈေးကွက် တဖြည်းဖြည်း ကြီးလာပြီး ယင်းကဲ့သို့ တန်ဖိုးကြီး အပင် များကို ဝါသနာရှင်များနဲ့ ကြွယ်ဝ ချမ်းသာသူများက အလှစိုက်ကြပါတယ်။ ခရက်ဒစ် Sanomia

Be the first to comment

Leave a comment

Your email address will not be published.


*