ထိုင်းအစိုးရမှ သိမ်းဆည်းရမိ ဝိ ၁၆ တန် ပြည်သူ့ထံပြန်ပေးမည်

ထိုင်းအစိုးရမှ သိမ်းဆည်းရမိ ဝိ ၁၆ တန် ပြည်သူ့ထံပြန်ပေးမည်

ထိုင်းနိုင်ငံတစ်ဝှမ်း မှာ ဆေးခြောက်နဲ့ ဆက်စပ်တဲ့ ရာဇဝတ်မှုတွေကြောင့် အကျဉ်းချခံထားရသူ ၃၀၇၁ ဦးကိုလည်း ထိုင်းအစိုးက ပြန်လည်လွှတ်ပေးအုံး မယ်လို့ သိရပါတယ်။ အစိုးရနဲ့ပြည်သူ အလွမ်းသယ်ကြပြီပေါ့ဗျာ 🤣 ရှေ့လျောက် “ ဝိ “ နဲ့ပက်သက်ပြီး ထိုင်း တို့ညဏ်ကောင်းတာကို မချိမဆန့် ခံရအုံးမယ် ။

ထိုင်းနိုင်ငံ မှာ ယခုပေါက်ဈေး ဝိ တစ်တန်ကို 687,500 ဘတ် တစ်ကျပ်သားဆိုရင် အပြင်မှာ ဘတ် 1,000 မှ 1,200 ဝန်းကျင်ရောင်းကြပါတယ်။ ယခင်ကတည်းက ထိုင်းနိုင်ငံရဲ့ 7 eleven မှာပဲ ဝိလိပ်တဲ့စက္ကူ ကို ကောင်တာနောက်မှာ ဒိုင်ရှိုလေးရောင်းပေးပါတယ်။

ဥပမာ – ဘန်ကောက်မှာဆို Na Na နဲ့ ပက်ပုန်း,ချင်းမိုင် ၊ ပတ္တရာ ၊ ကော့ချမ်း ၊စမွေ ၊ ကော့ဖငန်းစသဖြင့် နိုင်ငံခြားသား အရောက် အပေါက်များတဲ့ နေရာတွေမှာအထာနဲ့ ရောင်းချပေးပါတယ်။

ယခုအခါမှာတော့ ထိုင်းနိုင်ငံ နိုင်ငံအဝှမ်းမှာ ဝိ နဲ့ပက်သက်တာတွေ က

မင်းကြိုက်သလိုလုပ် “ ဝိ “ ရေခဲမှုန့်

7 eleven မှာ ဆို အမောပန်းပြေ “ ဝိ “ အချိုရည်

ဒေသခံတွေ ရဲ့ ကွတ်တယိုထဲ ဝိ နှပ်ပြီးရောင်း ချပေးတဲ့ “ ဝိ “ ကွတ်တယို

ခါးခါး သက်သက်လေး လျှာပေါ်ဝဲမည့် “ ဝိ “ ကွတ်ကီး

အချည်အစပ်နဲ့ တို့စားရတာ ကြိုက်တဲ့သူတွေ အတွက် လေဟာပြင်ဈေးတွေမှာ ရောင်းချပေးနေတဲ့ “ ဝိ” တန်ပူရာ “ ဝိ “ နဲ့ပက်သက်တာတွေကို လူမူ့ကွန်ယက်မှာအပြိုင်အဆိုင်ကြေငြာရောင်းဝယ်ဖောက် ကားနေကြပါပြီ။

ဇွန်လ ၉ ရက်နေ့က စပြီး ထိုင်းနိုင်ငံမှာဆေးခြောက် ကို မူးယစ်ဆေးဝါးစာရင်းကနေ တရားဝင် ထုတ် ပယ်ခဲ့ပါသည် ။

နေအိမ်မှာ ဆေးခြောက် စိုက်ပျိုးခွင့်ကို ခွင့်ပြုပေး လိုက်သည့်အပြင် အစိုးရမှ ဆေးခြောက်ပင် မျိုးစေ့ ၁ သန်းကိုတောင် ပြန်လည် မျှဝေပေးခဲ့ပါတယ်။ယခင်က သိမ်းဆည်းရမိ ဆေးခြောက် ၁၆ တန်ကို ပိုင်ရှင်များထံပြန်ပေးရန် ထိုင်းအစိုးရမှ စီစဉ်နေကြပါတယ် ။

သိမ်းဆည်းသိုလှောင်ထားတဲ့ ဆေးခြောက် ၁၆ တန်ရဲ့ တန်ဖိုးက ဘတ် သန်း ၁၁၀ တန် တယ်လို့ thethaiger သတင်းမှာရေးသားဖော်ပြထားပါတယ်။ အဲဒီ ဆေးခြောက် ၁၆ ကို ယခင်က မူးယစ်ဆေးဝါးပြစ်မှု ကျူးလွန်သူတွေထံ ထိုင်းရဲတွေက သိမ်းဆည်းထားတာဖြစ်ပါတယ်။

ယခုအခါမှာ ဆေးခြောက်ဟာ တရားဝင်ဖြစ်နေပြီဖြစ်ရာ ထိုင်းနိုင်ငံရဲ့ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး ဘုတ်အဖွဲ့ရုံးကနေ သိမ်းဆည်းရမိတဲ့ ဆေးခြောက် ၁၆ တန်ကို မူလပိုင်ရှင်တွေထံ ပြန်လည်ပေးအပ်ဖို့ စီစဉ်နေကြောင်း ဘုတ်အဖွဲ့ရဲ့အထွေထွေအတွင်း ရေးမှူး ဝီချိုင် ချိုင် မောင် ကိုးလ်က ပြောကြားခဲ့ပါတယ်။

အတွင်းရေးမှူး ဝီချိုင်ချိုင်ကတော့ သူ့အနေနဲ့ ဆေးခြောက်ကို အပန်းဖြေရာမှာ အသုံးပြုခြင်းကို ဆန့်ကျင်ဆဲဖြစ်သော်လည်းပဲ အဆိုပါဖမ်းဆီးထားတဲ့ ပစ္စည်းတွေဟာ တရားမဝင် မူးယစ်ဆေးဝါးတွေ မဟုတ်တော့တာကြောင့် သိမ်းဆည်းထားတဲ့ ဆေးခြောက်တွေကို မူလပိုင်ရှင်တွေထံ ပြန်လည် ပေးပို့ခြင်းက တရားမျှတ တယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံဟာ ဆေးခြောက်ကို မူးယစ်ဆေးဝါး ရာဇဝတ်မှုစာရင်းကနေ ပထမဆုံးဖယ်ရှားတဲ့ အာရှတွင်း နိုင်ငံဖြစ်လာမှာဖြစ်ပြီး အပန်းဖြေဆေးခြောက်အဖြစ် တရားဝင်ခွင့်ပြုလိုက်တဲ့ နိုင်ငံဖြစ်လာမှာလည်း ဖြစ်ပါတယ်။

အစိုးရက ဆေးခြောက်သုံးစွဲခြင်းကို ဆေးဘက်ဆိုင်ရာ အသုံးပြုဖို့ လှုံ့ဆော်မှုတွေလုပ်နေပြီး ဆေးလိပ်သောက်သုံးခြင်းက လူအများကို အနှောင့်အယှက်ဖြစ်စေပါက ဘတ်ငွေ ၂ သောင်းခွဲ ဒဏ်ငွေ ချမှတ်နိုင်တယ်လို့လည်း သတိပေးထားပါတယ်။ ခွင့်ပြုထားတဲ့ ဆေးခြောက်ပမာဏ THC ဝ.၂ ရာခိုင် နှုန်းထက်ကျော်လွန်နေပါကလည်း တရားဝင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။ crd ; ဘန်ကောက်လမ်းညွန်ကိုစိုင်း

Be the first to comment

Leave a comment

Your email address will not be published.


*