Unicode … ထူးဆန်းသောရောဂါကြောင့် ဆံပင်လုံးဝမပေါက်လို့ ခေါင်းမှာဖန်စီအလှလေးများ တပ်ဆင်ထားရရှာသည့် ကလေးမလေး
အမေရိကန်နိုင်ငံမှ အသက် ၇ နှစ်အရွယ် ကလေးမလေးသည် မွေးဖွားပြီး ၁ လ အကြာတွင် ရှားပါးရောဂါကြောင့် ဆံပင်တွေ ကျွတ်ကုန်ရာ မိန်းကလေးမတန်ပဲ ဂတုံးပြောင် ဘဝသို့ ရောက်ရှိခဲ့သည်။
ထိုစဉ် မိခင်ဖြစ်သူသည် သမီးလေးရဲ့ ဆံပင်ပြန်ပေါက် လာနိုင်ဖို့ကို အထူးကု ဆရာဝန်တွေနှင့် ပြသခဲ့သော်လည်း အရွယ်နှင့်မလိုက်အောင် ဆေးများထိုးသွင်းရ မည်ဖြစ်သည့်အတွက် သမီးလေးအား လက်ရှိအတိုင်း လက်ခံရုံမှတစ်ပါး မတတ်နိုင်ခဲ့ကြပေ။
ကလေးမလေးသည် ကျောင်းနေအရွယ် ရောက်သောအခါ အတန်းဖော် သူငယ်ချင်းများဧ။် စနောက် လှောင်ပြောင်ခြင်းတွေကို ခံလာခဲ့ရပြီး အမြဲစိတ် အားငယ်ကာ ဝမ်းနည်းနေသည့် အတွက် မိခင်ဖြစ်သူရင်ထဲတွင် ပိုမိုနာကျင်စေခဲ့သည်။
သို့သော်လည်း ကံကောင်းစွာဖြင့် မိခင်ဖြစ်သူသည် ဈေးဝယ်ထွက်စဉ် စတိုးဆိုင်တစ်ခုတွင် ချိတ်ဆွဲထားသော ဖန်စီရတနာ စတစ်ကာတို့ကို တွေ့ရှိကာ သမီးလေး အတွက် အဆင်ပြေစေရန် ဝယ်ယူခဲ့ပြီး ဆံပင်အစား အမိုက်စားဆုံး ဒီဇိုင်းတွေကို တပ်ဆင်ပေးခဲ့ခြင်းဖြင့် သမီးလေးမှ တဖန်ပြန်လည် ပျော်ရွှင်လာခဲ့သည် ။ ခရက်ဒစ်
Be the first to comment
Leave a comment
Your email address will not be published.
*