ထောင်ထဲမှာကြုံတွေ့ခဲ့ရတဲ့ စိတ်ပင်ပန်းမှုတွေကို ဖြေဖျောက်ဖို့အတွက် ငပလီကမ်းခြေကို မိသားစုနဲ့အတူ အနားယူဖို့ရောက်ရှိနေတဲ့ ပိုင်တံခွန်

ထောင်ထဲမှာကြုံတွေ့ခဲ့ရတဲ့ စိတ်ပင်ပန်းမှုတွေကို ဖြေဖျောက်ဖို့အတွက် ငပလီကမ်းခြေကို မိသားစုနဲ့အတူ အနားယူဖို့ရောက်ရှိနေတဲ့ ပိုင်တံခွန်

ပရိသတ်ကြီးရေ နိုင်ငံကျော် မော်ဒယ် သရုပ်ဆောင် ပိုင်တံခွန် ကို တော့ မိန်းကလေး ပရိသတ်အားလုံး ပြောစရာ မလိုအောင် သိလိမ့်မယ် ထင်ပါတယ် ။ ပိုင်တံခွန် ဆိုတာနဲ့ ဆယ်ကျော်သက်နူတ်ခမ်းနီ မလေးတွေ နဲ့ အန်တီ မမတို့ အသည်းစွဲ ချစ်ခင်ရတဲ့ မော်ဒယ် မင်းသားလေး တစ်ယောက်ပဲ ဖြစ်ပါတယ်။

ပိုင်တံခွန်နဲ့ မိသားစုကို ကမ္ဘာ အရပ်ရပ်က ချစ်ပရိသတ် တွေက လွမ်းနေ ကြပြီးတော့ အခု ချိန်မှာတော့ ပြန်လည် လွတ်မြောက်လာပြီ ပဲဖြစ် ပါ တယ်။ မော်ဒယ် သရုပ်ဆောင် ပိုင်တံခွန် ဟာ ပုဒ်မ ၅၀၅ က နဲ့ ဖမ်းဆီးခံရပြီး မကြာသေးခင်ရက်ပိုင်းလောက်မှာပဲ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အခြား အနုပညာရှင်တွေနဲ့အတူ လွတ်မြောက်လာခဲ့တာပါ။

ဒါကြောင့်လဲ ချစ်တဲ့ ပရိသတ်တွေအားလုံးနဲ့ မိသားစုက ဝမ်းသာနေကြပါတယ်။ လက်တလော အနုပညာ လှုပ်ရှားမူ့တွေ ကတော့ မရှိသေးပါဘူး။ ပိုင်တံခွန် ဟာ သူ့ရဲ့အနုပညာ အလုပ်တွေ ပြန်လည်လုပ်ကိုင်မယ့် အချိန်တစ်ခုကို အသိပေး ထားပါတယ်။

မတ်လ ၂၀ ရက်နေ့ နောက်ပိုင်းမှာ အနုပညာအလုပ်တွေ နဲ့အတူ ပရိသတ်တွေနဲ့ ပြန်လည်တွေ့ ဆုံပါမယ်တဲ့ ။ ပိုင်တံခွန် ဟာ အပြင်ပတ်ဝန်းကျင်နဲ့ အသားမကျသေးတာကြောင့် နေသားကျအောင်ကြိုးစားနေပါတယ်။

ဒါကြောင့် စိတ် အပန်းပြေအောင် ငပလီမှာ ရောက်ရှိနေပြီး စိတ်ပင်ပန်း ခဲ့သမျှတွေကို ဖြေဖျောက် နေပါတယ်။ စိတ်လွတ် ကိုယ်လွတ် တဝကြီး စိတ် အပန်းပြေအောင် အနားယူခဲ့ပါ ပိုင်တံခွန်ရေ…။ crd

Be the first to comment

Leave a comment

Your email address will not be published.


*