ထွက်ပြေးတိမ်းရှောင် နေရစဉ်တုန်းက ကူညီပေးခဲ့တဲ့ဦးဖိုးဖြူရဲ့ ကျေးဇူးကို ဘယ်တော့မှ မမေ့ပါဘူးဆိုပြီး စိတ်မကောင်းစွာ ပြောပြလာတဲ့ မင်းမော်ကွန်း
ထွက်ပြေးတိမ်းရှောင် နေရစဉ်တုန်းက ကူညီပေးခဲ့တဲ့ဦးဖိုးဖြူရဲ့ ကျေးဇူးကို ဘယ်တော့မှ မမေ့ပါဘူးဆိုပြီး စိတ်မကောင်းစွာ ပြောပြလာတဲ့ မင်းမော်ကွန်း
နိုင်ငံကျော် အကယ်ဒမီ မင်းသားတစ်ယောက်ဖြစ်သလို တိုင်းသိပြည်သိ အဆိုတော် တစ်ယောက်လည်းဖြစ်တဲ့ မင်းမော်ကွန်းကတော့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်ဖို့ လွတ်မြောက်နယ်မြေမှာ ခိုလှုံနေတာပဲ ဖြစ်ပါတယ်။ မင်းမော်ကွန်းဟာ နိုင်ငံရေး လှုပ်ရှားမှုကြောင့် စကစ အလိုရှိနေသူ တစ်ယောက်ဖြစ်ပြီး သူ့ရဲ့နေအိမ်ကို စွန့်ခွာကာ ထွက်ပြေးတိမ်းရှောင် ခဲ့ရသူတစ်ယောက်ပဲဖြစ်ပါတယ်။
မနေ့က မတ်လ (၁၁) ရက်နေ့မှာတော့ နိုင်ငံကျော် အနုပညာရှင်ကြီး ဖိုးဖြူ ကွယ်လွန်သွားခဲ့ပြီး မင်းမော်ကွန်းက သူ့ရဲ့လုပ်ဖော် ကိုင်ဖက် လည်းဖြစ်သလို ဦးလေး တစ်ယောက်လို ခင်မင်ရင်းနှီးရတဲ့ ဦးဖိုးဖြူရဲ့ သတင်းဆိုးအတွက် စိတ်မကောင် းဝမ်းနည်းစွာဖြင့် “ ကျွန်တော်ပြေးလွှား နေတုန်းက ဦးဖြူ နောက်ဆုံးကျွေးခဲ့တဲ့ ထမင်းပွဲလေးကို သတိရနေဆဲပါ ” ဆိုပြီး ပြောလာခဲ့ပါတယ်။
မင်းမော်ကွန်းကတော့ သူ ထွက်ပြေးတိမ်းရှောင် နေရစဉ် တုန်းက ဦးဖိုးဖြူကျွေးမွေးခဲ့တဲ့ ထမင်းတစ်နပ်ကို ဘယ်တော့မှ မမေ့ဘူးဆိုတဲ့ အကြောင်းကို ဝမ်းနည်းခြင်းများစွာနဲ့ ပြောလာခဲ့တာပဲဖြစ်ပါတယ်။ စိတ်ထားကောင်းတဲ့ လူရွှင်တော်ကြီး ဦးဖိုးဖြူလည်း ကောင်းရာသုဂတိလားပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ခရက်ဒစ်
Zawgyi … ထွက်ပြေးတိမ်းရှောင် နေရစဉ်တုန်းက ကူညီပေးခဲ့တဲ့ဦးဖိုးဖြူရဲ့ ကျေးဇူးကို ဘယ်တော့မှ မမေ့ပါဘူးဆိုပြီး စိတ်မကောင်းစွာ ပြောပြလာတဲ့ မင်းမော်ကွန်း
Be the first to comment
Leave a comment
Your email address will not be published.
*