နစ်နာကြေး ဒေါ်လာသန်း ၅၀ ရလိုမှုနဲ့ ဇနီးဟောင်းအပေါ် တရားစွဲတဲ့အမှုမှာ ဂျက်စပဲရိုးမင်းသားကြီး Johnny Depp အနိုင်ရရှိ

နစ်နာကြေး ဒေါ်လာသန်း ၅၀ ရလိုမှုနဲ့ ဇနီးဟောင်းအပေါ် တရားစွဲတဲ့အမှုမှာ ဂျက်စပဲရိုးမင်းသားကြီး Johnny Depp အနိုင်ရရှိ

မိမိကို အသရေ ဖျက်တယ်ဆိုပြီး ဇနီးဟောင်းမင်းသမီး Amber Heard အပေါ် တရားစွဲဆိုတဲ့ Johnny Depp ဟာ အမှု ရင်ဆိုင်အပြီး ၃ နှစ်နီးပါး အကြာမှာ ဒေါ်လာ ၁၅ သန်း နစ်နာကြေးနဲ့ အမှုအပေါ် ၂၀၂၂၊ ဇွန်(၁) ရက်က အနိုင်ရရှိ သွားပါတယ်။

Johnny Depp နဲ့ မင်းသမီး Amber Heard တို့ဟာ ၂၀၁၂ မှာ သမီးရည်းစား အဖြစ်နဲ့ ၃ နှ စ်တွဲလာပြီး ၂၀၁၅ မှာ လက်ထပ် ခဲ့ကြတာပါ ။Johnny Depp ဟာ ဇနီး Amber Heard ထက် ၂၂ နှစ် ကြီးပါတယ်။

လက်ထပ်အပြီး တစ်နှစ်အကြာ ၂၀၁၆ မှာ Johnny Deppက ကိုယ်ထိလက်ရောက် နှိပ်စက် ပါတယ်ဆိုပြီးတော့ ဇနီးသည် Amber Heard က ကွာရှင်းခွင့် တောင်းပြီး တရားစွဲဆိုခဲ့ရာကနေ Johnny Depp ဟာ အမှုရှုံးပြီး ဒေါ်လာ ၇ သန်းလျော်ကြေး ပေးခဲ့ရတဲ့အပြင် ဒေါ်လာ ၁၄ သန်းတန်တဲ့ ကယ်လီဖိုးနီးယားက အိမ်ကိုလည်း မင်းသမီးကရရှိသွားပြီး ၂၀၁၇ မှာလည်း တရားဝင် ကွဲပေးခဲ့ရ ပါတယ်။

ရရှိလာတဲ့ ငွေကြေးတွေကို လှူဒါန်းမယ်လို့ ကြေညာထားတဲ့ အတွက် အဲဒီအချိန်တုန်းက မင်းသမီး Amber Heardကို ပရိသတ်တွေက ချီးကျူးအားပေးမှုတွေ လုပ်ခဲ့ကြပါတယ်။ ဒီလိုနဲ့ ပရိသတ်တွေအားပေးမှုရရှိပြီး နာမည်ပိုကြီးလာတဲ့ Amber Heard ဟာ အိမ်ထောင်ရေးကာလအတွင်း ဘယ်လိုတွေ နှိပ်စက်ခံရတဲ့ အကြောင်းဆိုတာကို Washington Post သတင်းမီဒီယာထဲကနေ ၂၀၁၈ မှာ ဖော်ပြခဲ့ပါတယ်။

အဲဒီဖော်ပြချက်ထဲမှာတော့ Johnny Depp ရဲ့နာမည်ကို ဖော်ပြမထားခဲ့ပေမယ့် သူ့ကို ဆိုလိုထားမှန်း ပရိသတ်တွေက သတိထားမိပါတယ်။Amber Heard နှိပ်စက်ခံရတဲ့ သတင်းဟာလည်း ဝက်ဝက်ကွဲ ပေါက်ခဲ့ပါတယ်။

အဲဒါကြောင့် မင်းသားကြီး Johnny Depp ဟာ နာမည် တအား ပိုပျက် ခဲ့ရတဲ့အပြင် ၎င်းကို “မယားရိုက်သူ”လို့ ကင်ပွန်းတပ်ဖော်ပြတဲ့ The Sun သတင်းဌာနကြီးကိုလည်း တရားစွဲခဲ့ရာမှာ Johnny Depp ဟာ ထပ်ရှုံးခဲ့ရပါတယ်။ ပုံရိပ်တွေ တအားကျဆင်းလာတဲ့ အပြင် သူပါဝင်တဲ့ရုပ်ရှင်ဇာတ်ကောင်ထဲကနေလည်း ဖယ်ရှားပေးဖို့ ပရိသတ်ဘက်က တောင်းဆိုလာတဲ့အထိအောင်ကိုပဲ Johnny Depp ဘဝဟာ စုတ်ပြတ်သတ်သွားခဲ့တာပါ။

နောက်ဆုံးမှာတော့ အသရေဖျက်မှုနဲ့ ဇနီးဟောင်း Amber Heard ကို တရားပြန်စွဲပြီး လျှော်ကြေး သန်း ၅၀ ကို Johnny Depp က တရားခွင်ကနေ တောင်းဆို ခဲ့တာကြောင့် အမှုကို ၂၀၁၉ မှာ စတင်စစ်ဆေးကြားနာခဲ့ရာကနေ အိမ်ထောင်ရေး ကာလအတွင်း နှိပ်စက် ခံရသူဟာJohnny Depp ဖြစ်နေမှန်း ပေါ်ပေါက်ခဲ့ပါတယ်။

ဒါ့အပြင် အမှုရှုံးနိမ့်စဉ်က လျှော်ကြေးပေး ခဲ့ရတဲ့ ဒေါ်လာ ၇ သန်းကို လည်း Amber Heard က အကုန်မလှူတဲ့ အကြောင်းပေါ်ပေါက်သွားတဲ့အပြင် မင်းသားကြီး Johnny Depp အပေါ် အနိုင်ကျင့်မှုေ တွလည်း ပေါ်ပေါက်သွားခဲ့ပါတယ်။

နောက်ဆုံးမှာတော့ တရားသူကြီးက Johnny Depp အတွက် နစ်နာကြေး ဒေါ်လာ ၁၅ သန်းပေးဖို့နဲ့ အိမ်ထောင်ရေးကွာရှင်းမှုအတွက် Amber Heard ကို ဒေါ်လာ ၃ သန်း လျှော်ကြေးပြန်ပေးဖို့ အမိန့်ကို ၂၀၂၂၊ ဇွန် (၁) ရက်နေ့မှာ ချမှတ်ခဲ့တာကြောင့် မင်းသားကြီး Johnny Depp ဟာ အသရေဖျက်မှု နစ်နာကြေး ၁၂ သန်း ကို Amber Heard ဆီကနေ ရရှိမှာဖြစ်ပြီး အမှုကို အနိုင်ရရှိခဲ့တာပါ။ တရားသူကြီးရဲ့ အမိန့်အပေါ် အယူခံ ခွင့်ရှိဦးမှာဆိုပေမယ့် တရားပြိုင်ဘက်က အယူခံဝင်/မဝင်ကိုတော့ မသိရသေးပါ။ crd

Be the first to comment

Leave a comment

Your email address will not be published.


*