နိုင်ဂျီးရီးယားတွင် အထပ်မြင့် အဆောက်အဦတစ်လုံး ပြိုကျခဲ့ပြီး လူခြောက်ဦး သေဆုံးကာ ၁၀၀ ကျော် ပျောက်ဆုံးနေ

နိုင်ဂျီးရီးယားတွင် အထပ်မြင့် အဆောက်အဦတစ်လုံး ပြိုကျခဲ့ပြီး လူခြောက်ဦး သေဆုံးကာ ၁၀၀ ကျော် ပျောက်ဆုံးနေ

နိုင်ဂျီးယားနိုင်ငံ စီးပွားရေးမြို့တော် လာဂို့စ်မှာ ဆောက်လုပ်ဆဲ အထပ်မြင့် အ ဆောက် အဦတစ်လုံး ပြိုကျခဲ့တာကြောင့် လူခြောက်ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ နိုင်ငံတော် အရေးပေါ် ဝန်ဆောင်မှုဌာနအကြီးအကဲက အင်္ဂါနေ့(နိုဝင်ဘာ ၂) မှာ ပြောဆိုပါတယ်။

တနင်္လာနေ့ညပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ယင်းမတော်တဆ မှုအတွင်း အသက်ရှင်လွှတ်မြောက် နိုင်ဖွယ်ရှိသူတွေအတွက် ရှာဖွေ၊ ကယ်ဆယ်ရေး အစီ အစဉ်တွေ လုပ်ဆောင်နေတယ်လို့ အကြီးအကဲ အိုလူဖမ်မီ အိုကီ အော့ဆာညီတိုလူက ပြောဆိုခဲ့ပါတယ်။

တန်ဖိုးမြင့် အိမ်ရာ အဆောက် အအုံ ပြိုကျမှုမှာ အပြိုအပျက် ပုံကြီးအောက် အ လုပ် သမားများစွာ ပိတ်မိခဲ့ပြီး လူ ၁၀၀ လောက် ပျောက်ဆုံးနေတယ်လို့ မျက်မြင်တွေ့ ရှိသူတွေက ပြောဆိုကြပါတယ်။ ကယ်ဆယ်ရေး သမားတွေဟာ တွင်းတူးစက်တွေ၊ မီးစက်တွေသုံးကာ အပြို အပျက်တွေအောက် ရှာဖွေကယ်ဆယ်မှုတွေ လုပ်နေကြပါတယ်။

တွေ့ရှိခဲ့တဲ့ အလောင်းတစ်လောင်းကို အသင့်စောင့်နေတဲ့ ဗင်ကားတစ်စီးပေါ် တင်ပေးခဲ့စဉ် ကယ်ဆယ်နိုင်ခဲ့တဲ့ လူ သုံးဦးကိုတော့ အရေးပေါ် လူနာတင်ကားပေါ် ပို့ဆောင်ပေးခဲ့ပါတယ်။

အာဖရိကရဲ့ လူဦးရေ အထူထပ်ဆုံးနိုင်ငံဖြစ်တဲ့ နိုင်ဂျီးရီးယားမှာ စည်းမျဉ်း စည်းကမ်းပိုင်းဆိုင်ရာ ညံ့ဖျင်းပြီး ဆောက်လုပ်ရေးပစ္စည်းကိရိယာ အဆင့် မမီတာတွေကြောင့် အဆောက် အဦပြိုကျမှုတွေ မကြာခဏ ဖြစ်ပွားလေ့ ရှိပါတယ် ။

ယခုပြိုကျခဲ့တဲ့ အဆောက်အဦဟာ ၂၂ ထပ်မြင့် အဆောက် အဦဖြစ်ကြောင်း လာဂို့စ် ပြည်နယ်အစိုးရက ပြောဆိုခဲ့ကာ ယခုဖြစ်စဉ်ကြောင့် အနီးက အဆောက်အအုံတွေ ထိခိုက်မှုရှိရှိ အာဏာပိုင်တွေ အကဲဖြတ်နေကြတယ်လို့ ဆိုပါတယ်။ crd

Be the first to comment

Leave a comment

Your email address will not be published.


*