နိုင်ငံခြားသားချစ်သူနဲ့ ရန်ဖြစ်ပြီး ၂၆ ထပ်မှ ခုန်ချခဲ့တဲ့ ထိုင်းအမျိုးသမီး ကံကောင်းစွာနဲ့အသက်ရှင်

နိုင်ငံခြားသားချစ်သူနဲ့ ရန်ဖြစ်ပြီး ၂၆ ထပ်မှ ခုန်ချခဲ့တဲ့ ထိုင်းအမျိုးသမီး ကံကောင်းစွာနဲ့အသက်ရှင်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ကွန်ဒို တိုက်ခန်း ၂၆ ထပ်ကနေ ခုန်ချခဲ့တဲ့ ထိုင်း အမျိုးသမီး တစ်ဦးဟာ ဒဏ်ရာ ပြင်းထန်စွာ ရခဲ့ကြောင်း ကယ်ဆယ်ရေးအဖွဲ့ ဝင်တွေက ပြောကြားခဲ့ပြီး အခင်းဖြစ် ပွားရာသို့ ၅ မိနစ် အတွင်း ရောက်ရှိခဲ့ရာ ဆေးရုံသို့ပို့ ဆောင် ပေးခဲ့ တယ်လို့ သိရ ပါတယ်။

Erawan အရေးပေါ်  စင်တာမှ အဆိုပါ အမျိုးသမီးအား အခင်းဖြစ်ပွားရာနဲ့ ၁ ကီလိုမီတာ အကွာရှိ ဆေးရုံ သို့ ခေါ်ဆောင် သွားခဲ့ရာ အရိုးများစွာ ကျိုးတဲ့ ပြင်းထန်တဲ့ ဒဏ်ရာ တွေကြောင့် လုံလောက်တဲ့ ကုသမှု မပေးနိုင်လို့ ရဲချုပ်အထွေ ထွေဆေးရုံသို့ ပြောင်းလဲ ပို့ဆောင်ခဲ့ကာ ကုသမှုတွေ ခံယူ စေခဲ့တယ်လို့ သိရပါတယ်။

ထိုင်းဆိုရှယ် အင်တာနက် အသုံးပြု သူတွေကတော့ အဆိုပါ အမျိုးသမီးရဲ့ ပြင်းထန်တဲ့ဒ ဏ်ရာနဲ့ ကုသမှု ခံယူဖို့ ၂ နာရီကြာ စောင့်ဆိုင်းရတဲ့ အပေါ်ကို အမျက် ထွက်နေကြတယ် လို့လည်း သိရပါတယ်။

ထိုင်း မီဒီယာတွေရဲ့ ဖော်ပြချက် အရ အဆိုပါ အ မျိုးသမီးမှာ နိုင်ငံခြားသား ရည်းစားနဲ့ ရန်ဖြစ်စကား များပြီး ဘန်ကောက် မြို့တော် Rakhamhaeng ဧရိယာက ကွန်ဒို မီနီယံ တစ်ခုရဲ့ လသာဆောင်ကနေ ခုန်ချ ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

ပြုတ်ကျမှုကြောင့် ခြေထောက် နှစ်ဖက် စလုံးကျိုးသွားခဲ့ပြီး အခြားဒ ဏ်ရာတွေ အနည်းငယ် ရရှိခဲ့ပါတယ်။ အံ့အားသင့် စရာကောင်းပြီး ကံကောင်းခြင်းမှာ ဦးခေါင်း ဒဏ်ရာမရခဲ့တာနဲ့ အသက်ဘေးလွတ် မြောက်ခဲ့ခြင်း ဖြစ်ပါတယ်။

Ref ; thethaiger

Zawgyi …







Ref:thethaiger

Be the first to comment

Leave a comment

Your email address will not be published.


*