နေအိမ်ကို ကျန်းကျန်းမာမာနဲ့ပြန်လည်ရောက်ရှိလာပြီး လွမ်းနေရတဲ့ ပရိတ်သတ်တွေကို နှုတ်ဆက်စကားပြောလာတဲ့ ပိုင်တံခွန်

နေအိမ်ကို ကျန်းကျန်းမာမာနဲ့ပြန်လည်ရောက်ရှိလာပြီး လွမ်းနေရတဲ့ ပရိတ်သတ်တွေကို နှုတ်ဆက်စကားပြောလာတဲ့ ပိုင်တံခွန်

ပြည်တွင်းပြည်ပက ပရိသတ်တွေရဲ့ အချစ်တွေကို အပြည်အဝ ရရှိထားတဲ့ ပိုင်တံခွန် ကတော့ ဖေဖော် ဝါရီ (၁) ရက်နေ့ကနေစတင်ပြီး မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ကာ ပြည်သူတွေနဲ့အတူ ရပ်တည်ပြီး လူထုလှုပ်ရှားမှုတွေမှာ တက်ကြွစွာ ပါဝင်ပေးခဲ့တာ ဖြစ်ပါတယ်။

ဒီလိုပြည်သူတွေနဲ့ အတူ ရဲရဲ ရင့်ရင့်နဲ့ ရပ်တည်ခဲ့တာကြောင့် လက်ရှိမှာ ဖမ်းဆီး ထိန်းသိမ်း ခံရကာ ပုဒ်မ (၅၀၅ က) ဖြင့် အမှုစွဲဆို ခံထားရတာ ဖြစ်ပါတယ်။

သရုပ်ဆောင် မင်းသားချော ပိုင်တံခွန် အရေး တော်ပုံကြီး စတင်ထဲက အားကြိုး မာန်တတ်နဲ့ လမ်းပေါ် ထွက်ကာ ရဲရဲရင့်ရင့် ဆန္ဒထုတ်ဖော်ခဲ့သူတစ်ယောက်ဖြစ်သလို ပြည်သူတွေကိုလည်းရှေ့ကနေ ကာကွယ်စောင့်ရှောက် ပေးမှုတွေလည်း ပြုလုပ် ခဲ့ပါသေးတယ်။

ပရိသတ်ကြီးရေ ဖေဖော်ဝါရီ လကနေစပြီး အာ ဏာ သိမ်းပြီးနောက်မှာ တော့ ဆန္ဒပြဖော် ထုတ်မှုများအပြီးမှာ နိုင်ငံကျော် အနုပညာရှင် တော်တော်များများဟာလည်း၅၀၅ (က/ခ) နဲ့ ဖမ်းဝရမ်းထုတ်ကာ ဖမ်းဆီးချုပ်နှောင်ခံရသူများလည်းရှိပါတယ်။ဖမ်းဝရမ်း ထုတ်ခံရပြီး နောက်မှာ တိမ်းရှောင်နေတဲ့အနုပညာရှင် တွေလည်း များစွာရှိခဲ့တာပါ။

ဖမ်းဆီးခံခဲ့ရတဲ့နာမည်ကြီးအနုပညာရှင်တွေထဲမှာ ပိုင်တံခွန်ကတော့ထောင်ဒဏ်နဲ့အလုပ်ကြမ်း၃နှစ်ချခံခဲ့ရပြီးဒီနေ့ကျရောက်တဲ့ မတ်လ၂ရက်နေ့မှာတော့ ပြေတီဦး၊ အိန္ဒြာကျော်ဇင် ၊ လူမင်း၊ ပိုင်တံခွန်တို့ကို ပြန်လည် လွတ်မြောက်ခဲ့တဲ့ အနုပညာရှင် တွေထဲပါဝင် ခဲ့တာပါ။

သရုပ်ဆောင် ပိုင်တံခွန် ဟာ ဖေဖော်ဝါရီ (၁) ရက်နေ့ မှ စတင်ကာ ပြည်သူနှင့် တသားတည်း ရပ်တည်ခဲ့ပြီး နိုင်ငံရေး လှုပ်ရှားမှုများမှာ ပါဝင်တော် လှန်ခဲ့တဲ့အတွက် ဧပြီလ အတွင်း နေအိမ်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

ပြည်တွင်း ပရိသတ်တွေ သာမက ပြည်ပ ပရိသတ်တွေပါ ဝိုင်းဝန်းဆုတောင်း ပေးခဲ့ရတဲ့ အနုပညာရှင်ကြယ်ပွင့် ကတော့ ပြန်လည် ထွန်းတောက်လာတော့မှာပါနော် ။ ပရိသတ်တွေလည်း ပိူင်တံခွန်ရဲ့ဝမ်းသာစရာ သတင်းကို မျှဝေပေးလိုက် ပါတယ်နော်။crd

Be the first to comment

Leave a comment

Your email address will not be published.


*