နောက်လ ၉ ရက်နေ့ ဘန်ကောက်မှာ ထိုးသတ်မယ့် ထိုင်းနာမည်ကြီး အပြာမင်းသမီးနဲ့ နာမည်ကြီး မော်ဒယ်တို့ရဲ့ စိန်ခေါ်လက်ဝှေ့ပွဲ

နောက်လ ၉ ရက်နေ့ ဘန်ကောက်မှာ ထိုးသတ်မယ့် ထိုင်းနာမည်ကြီး အပြာမင်းသမီးနဲ့ နာမည်ကြီး မော်ဒယ်တို့ရဲ့ စိန်ခေါ်လက်ဝှေ့ပွဲ

ထိုင်းနာမည်ကြီး အပြာမင်းသမီးနဲ့ နာမည်ကျော် မော်ဒယ်တို့ဟာ ဇူလိုင် ၉ ရက်နေ့မှာ ဘန်ကောက်မွေ ထိုင်း လက်ဝှေ့ကြိုးဝိုင်းထဲ ထိုးသတ်ကြဖို့ စီစဉ်နေကြပါတယ်။ အသက် ၃၇ နှစ်အရွယ် အပြာမင်းသမီး နောင်နတ် လို့ လူသိများတဲ့ မိန်းကလေးဟာ လက်ဝှေ့ကြိုးဝိုင်း ထိုးသတ်ပွဲအတွက် သူမရဲ့ အပြင်းအထန်လက်ဝှေ့ လေ့ကျင့်နေတဲ့ ဗွီဒီယိုမှတ်တမ်းတွေကို ဆိုရှယ် အကောင့်မှာ တင်ထားခဲ့တာကို တွေ့ရပါတယ်။

နောင်နတ်ဟာ အင်စတာဂရမ်မှာ ဖော်လိုဝါ ၁.၃ သန်းရှိပြီး သူမရဲ့ ပြိုင်ဘက် တစ်ဖက်လက် ဝှေ့ထိုးသတ်မယ့် သူဟာ အသက် ၃၂ နှစ်အရွယ် မော်ဒယ် အမီး မက် ဆင်ဖြစ်ပြီး သူမဟာလည်းပဲ ဆိုရှယ်မီဒီယာပေါ် ဖော်လိုဝါ ၁ သန်းရှိတယ်လို့ သိရပါတယ်။

နာမည်ကျော် နှစ်ဦးတို့ရဲ့ ထိုင်းရိုးရာလက်ဝှေ့ ကြိုးဝိုင်းထိုးသတ်ပွဲဟာ စိတ်ဝင်စားစရာကောင်းပြီး အပြန်အလှန် အားပေးတဲ့ပရိသတ်တွေကြောင့် ပိုပြီးသြဇာကြီးမားတဲ့ စိန်ခေါ်လက်ဝှေ့ထိုးသတ်တဲ့ ပွဲကြီးပွဲကောင်း တစ်ခုလည်း ဖြစ်လာမှာဖြစ်ပါတယ်။

စူပါစတားနှစ်ဦးရဲ့ လက်ဝှေ့ကြိုးဝိုင်းပွဲဟာ လက်ဝှေ့နည်းပြဆရာ ကရူ ဒန်ရဲ့ ဆယ့်နှစ်နှစ်ပြည့် နှစ်ပတ် လည်မှာ ထိုးသတ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဒီပွဲကို ဘန်ကောက် ဆူခ် ဟမန်ဗစ် ၃၆ မှာရှိတဲ့ ကရူဒန် အားကစားကွင်းမှာကျင်းပသွားမှာဖြစ်ပါတယ်။

အပြာမင်းသမီး နောင်နတ်ဟာ ၂၀၀၄ ခုနှစ်မှာ ညစ်ညမ်းရုပ်ရှင်တွေ များစွာမှာ ပါဝင်လုပ်ကိုင်မှုကြောင့် ဖမ်းဆီးခံရပြီး ဒဏ်ငွေရိုက်ခံရခြင်းတွေကနေမှ တဆင့် လူသိရှင်ကြား ထင်ရှားကျော်ကြားလာခဲ့တာဖြစ် တယ်လို့ သိရပါတယ်။ crd ; ဘန်ကောက်လမ်းညွန်ကိုစိုင်း

Zawgyi … နောက်လ ၉ရက်နေ့ ဘန်ကောက်မှာ ထိုးသတ်မယ့် ထိုင်းနာမည်ကြီး အပြာမင်းသမီးနဲ့ နာမည်ကြီး မော်ဒယ်တို့ရဲ့ စိန်ခေါ်လက်ဝှေ့ပွဲ






Be the first to comment

Leave a comment

Your email address will not be published.


*