နှစ်ပေါင်း ၉၀ သက်တမ်းရှိတဲ့ ကမ္ဘာကျော် အလှကုန်ပစ္စည်း Revlon ကုမ္ပဏီ ဒေဝါလီခံတော့မည်

နှစ်ပေါင်း ၉၀ သက်တမ်းရှိတဲ့ ကမ္ဘာကျော် အလှကုန်ပစ္စည်း Revlon ကုမ္ပဏီ ဒေဝါလီခံတော့မည်

ယခုနှစ်ပိုင်းမှာ အွန်လိုင်းပေါ် ရောင်းချမှုကို အားယူပြီး နာမည်ကြီးလာနေတဲ့ အလှကုန်တွေကြား ဈေးကွက်ခက်ခက်ခဲခဲ ယှဉ်ပြိုင်ခဲ့ရပြီးတဲ့နောက် အကြွေးများစွာအောက်မှာ ကမ္ဘာကျော်အလှ ကုန်ပစ္စည်း Revlon က ကုမ္ပဏီ ဒေဝါလီခံဖို့ တရားရုံးမှာ လျှောက်ထားလိုက်ပါတယ်။

လက်သည်းနီနဲ့ နှုတ်ခမ်းနီ အလှကုန်ပစ္စည်းတွေကြောင့် လူသိများတဲ့ သက်တမ်း ၉၀ ရှိ အမေရိကန် အလှကုန်လုပ်ငန်းဟာ ဗုဒ္ဓဟူးနေ့တုန်းက တရားရုံးမှာ ဒေါ်လာ ၁ ဘီလီယံနဲ့ ၁၀ ဘီလီယံကြား ပိုင်ဆိုင်မှုနဲ့ ပေးရန်စာရင်းကို ဖော်ပြခဲ့ပါတယ်။

ချားလ် နဲ့ ဂျိုးဇက် ရက်ဗ် ဆန်၊ ချားလ်စ် လက်ချ်မန်းတို့ ညီအစ်ကိုတွေက ၁၉၃၂ ခုနှစ်မှာ စတင်ဖွဲ့စည်းတဲ့ ကုမ္ပဏီက မကြာသေးမီနှစ်တွေအတွင်း အွန်လိုင်းဈေးကွက်ကော၊ မျက်မြင် ဈေးကွက်မှာပါ ရေပန်းစားလာနေတဲ့ အမေရိကန် မော်ဒယ်မလေး ကိုင်လီ ဂျန်နာရဲ့ ကိုင်လီ အလှကုန်တွေ၊ အဆိုတော် ရီဟားနားရဲ့ ဖန်တီ ဗျူးတီး အစရှိသဖြင့် အနုပညာရှင်တွေ ကျောထောက် နောက်ခံပြုထားတဲ့ လုပ်ငန်းတွေနဲ့ ယှဉ်ပြိုင်တဲ့အခါ Revlon အလှကုန်ပစ္စည်းတွေဟာ ဈေးဆိုင် စင်နေရာနဲ့ ရောင်းအားတွေ ဆုံးရှုံးသွားခဲ့တယ်လို့ သိရပါတယ်။

ကိုဗစ် ကပ်ရောဂါကြောင့် ပိုဆိုးလာတဲ့ ထောက်ပံ့ရေးကလည်း လုပ်ငန်းကို ထိခိုက်ခဲ့ကာ အလှကုန်ပစ္စည်း ထွက်ကုန်ပြတ်တောက်မှုဟာ ဒေဝါလီခံခြင်းကို ထောက်ပြတဲ့ အဓိကအကြောင်းအရင်းဖြစ်ပြီး ဒါကို အချိန်တိုအတွင်း ဖြေရှင်းဖို့ မဖြစ်နိုင်ဘူးလို့ သုံးသပ်သူ တွေက ပြောကြားခဲ့ပါတယ်။ crd ; ဘန်ကောက်လမ်းညွန်ကိုစိုင်း

ႏွစ္ေပါင္း ၉၀ သက္တမ္းရွိတဲ့ ကမၻာေက်ာ္ အလွကုန္ပစၥည္း Revlon ကုမၸဏီ ေဒဝါလီခံေတာ့မည္

ယခုႏွစ္ပိုင္းမွာ အြန္လိုင္းေပၚ ေရာင္းခ်မွုကို အားယူၿပီး နာမည္ႀကီးလာေနတဲ့ အလွကုန္ေတြၾကား ေဈးကြက္ခက္ခက္ခဲခဲ ယွဥ္ၿပိဳင္ခဲ့ရၿပီးတဲ့ေနာက္ အေႂကြးမ်ားစြာေအာက္မွာ ကမၻာေက်ာ္အလွ ကုန္ပစၥည္း Revlon က ကုမၸဏီ ေဒဝါလီခံဖို့ တရား႐ုံးမွာ ေလၽွာက္ထားလိုက္ပါတယ္။

လက္သည္းနီနဲ႔ ႏွုတ္ခမ္းနီ အလွကုန္ပစၥည္းေတြေၾကာင့္ လူသိမ်ားတဲ့ သက္တမ္း ၉၀ ရွိ အေမရိကန္ အလွကုန္လုပ္ငန္းဟာ ဗုဒၶဟူးေန႔တုန္းက တရား႐ုံးမွာ ေဒၚလာ ၁ ဘီလီယံနဲ႔ ၁၀ ဘီလီယံၾကား ပိုင္ဆိုင္မွုနဲ႔ ေပးရန္စာရင္းကို ေဖာ္ျပခဲ့ပါတယ္။

ခ်ားလ္ နဲ႔ ဂ်ိဳးဇက္ ရက္ဗ္ ဆန္၊ ခ်ားလ္စ္ လက္ခ်္မန္းတို့ ညီအစ္ကိုေတြက ၁၉၃၂ ခုႏွစ္မွာ စတင္ဖြဲ႕စည္းတဲ့ ကုမၸဏီက မၾကာေသးမီႏွစ္ေတြအတြင္း အြန္လိုင္းေဈးကြက္ေကာ၊ မ်က္ျမင္ ေဈးကြက္မွာပါ ေရပန္းစားလာေနတဲ့ အေမရိကန္ ေမာ္ဒယ္မေလး ကိုင္လီ ဂ်န္နာရဲ့ ကိုင္လီ အလွကုန္ေတြ၊ အဆိုေတာ္ ရီဟားနားရဲ့ ဖန္တီ ဗ်ဴးတီး အစရွိသျဖင့္ အႏုပညာရွင္ေတြ ေက်ာေထာက္ ေနာက္ခံျပဳထားတဲ့ လုပ္ငန္းေတြနဲ႔ ယွဥ္ၿပိဳင္တဲ့အခါ Revlon အလွကုန္ပစၥည္းေတြဟာ ေဈးဆိုင္ စင္ေနရာနဲ႔ ေရာင္းအားေတြ ဆုံးရွုံးသြားခဲ့တယ္လို့ သိရပါတယ္။

ကိုဗစ္ ကပ္ေရာဂါေၾကာင့္ ပိုဆိုးလာတဲ့ ေထာက္ပံ့ေရးကလည္း လုပ္ငန္းကို ထိခိုက္ခဲ့ကာ အလွကုန္ပစၥည္း ထြက္ကုန္ျပတ္ေတာက္မွုဟာ ေဒဝါလီခံျခင္းကို ေထာက္ျပတဲ့ အဓိကအေၾကာင္းအရင္းျဖစ္ၿပီး ဒါကို အခ်ိန္တိုအတြင္း ေျဖရွင္းဖို့ မျဖစ္နိုင္ဘူးလို့ သုံးသပ္သူ ေတြက ေျပာၾကားခဲ့ပါတယ္။ crd ; ဘန္ေကာက္လမ္းညြန္ကိုစိုင္း

Be the first to comment

Leave a comment

Your email address will not be published.


*