ပင်လယ်နက်ထဲမှာ သူတွေ့ကြုံခဲ့ရတဲ့ ထူးဆန်းပြီ ကြောက်စရာကောင်းလှတဲ့ သတ္တဝါတွေကို ပြန်လည်ဝေမျှခဲ့တဲ့ ရုရှားငါးဖမ်းသမား
သမုဒ္ဒရာ မျက်နှာပြင်အောက်မှာ မရေမတွက်နိုင်တဲ့ လျို့ဝှက်ဆန်းကြယ်တဲ့အရာပေါင်းများစွာ ပုန်းအောင်းလို့နေပါတယ်။ ကမ္ဘာ့မြေ မျက်နှာပြင်ရဲ့ 71% လောက်ဟာ ရေထဲမှာဖုံးလွှမ်းနေပေမယ့် အဏ္ဏဝါ သက်ရှိတွေအကြောင်း သိပ်မသိကြပါဘူး။
သမုဒ္ဒရာရဲ့ 80% ကျော်ဟာ မစူးစမ်းရသေးတာဖြစ်ပြီး ဖော်ထုတ်စရာတွေများစွာ ရှိလို့နေ ပါသေးတယ် ။ လှိုင်းများအောက်ရှိ လျို့ဝှက်ချက်တွေကို ဖော်ထုတ် အလင်းဆောင်ပေးတဲ့ သူတစ်ချို့ ရှိလို့နေတာပါ။
သူတို့ထဲက တစ်ဦးကတော့ ရုရှားနိုင်ငံမှ ဓာတ်ပုံ ဆရာနဲ့ ရေနက်ငါးဖမ်သမား Roman Fedortsov ဆိုသူဖြစ်ပြီး ငါးဖမ်း သင်္ဘောများတွင် သူ့ရဲ့အချိန် အများစုကို ကုန်ဆုံးတတ်သူလည်း ဖြစ်ပါတယ်။
သူ့ရဲ့အလုပ်မှာ တွေ့ကြုံရတဲ့ ထူးခြားတဲ့ သတ္တဝါတွေရဲ့ ဓာတ်ပုံတွေကို ရိုက်ယူကာ ဒီသတ္တဝါတွေရဲ့ ထူးခြားတဲ့ အလှနဲ့ တုန်လှုပ်ချောက်ချားစရာကောင်းမှုတွေကို ဝေမျှပေးခဲ့ပါတယ်။
ပင်လယ်အောက်မှာရှိတဲ့ ငါးတွေနဲ့ တစ်ခြားသော သတ္တဝါအချို့ဟာ ထူးခြားအံ့သြစရာကောင်းပြီး ကြောက်စရာလည်းကောင်းပါတယ်။ Roman က သူ့ရဲ့လူမှုမီဒီယာ ပရိုဖိုင်တွင် “ချောက်ကြီးက သင်ထင်ထားတာထက် ပိုနက်တယ်”
နဲ့ “ ပဲ့ရဲ့နာက်ကွယ်က ကောင်းကင်ဟာ အမြဲတမ်းလှပတယ်” လို့ ရေးသားထားတာဖြစ်ကာ ရွက်လွှင့်ခြင်း၊ သဘာဝနဲ့ ပင်လယ်တို့ကို အလွန်ချစ်မြတ်နိုးကြောင်း ပြသနေတာဖြစ်ပါတယ်။
ငါးဖမ်းသမား Romanဟာ ရုရှားနိုင်ငံအနောက်မြောက်ပိုင်းရှိMurmansk တွင် အလုပ်လုပ်ပြီး သူ့ရဲ့ထူးခြားတဲ့ ဓာတ်ပုံတွေကို 2016 ခုနှစ်ကနေစပြီး စတင် မျှဝေခဲ့တာ ဖြစ်ပါတယ်။
သူရဲ့ငါးဖမ်းသင်္ဘောတွင် အလုပ်လုပ်တဲ့အတွေ့အကြုံဟာ ဆယ်စုနှစ်ခန့်ရှိပြီဖြစ်ပါတယ်။သူ့ရဲ့အားလပ်ချိန်နဲ့ပတ်သက်ပြီး Roman က “ကျွန်တော့်ရဲ့ အားလပ်ချိန်တွေကို ထမင်းစားတာ၊ တီဗီကြည့်တာ၊ အိပ်စက်ခြင်းတို့နဲ့ ဖြုန်းလေ့ရှိပါတယ် ။
နောက်ပြီး ကျွန်တော် အမြဲတမ်းလိုလို ထူးဆန်းတဲ့ ရေနက် သတ္တဝါတွေရဲ့ ဓာတ်ပုံတွေကို ရိုက်လေ့ ရှိတာပါ” ဟု ပြောကြား ခဲ့ပါတယ်။ ခရက်ဒစ် ; SHWEMOM
Be the first to comment