ပင်စိမ်းလက်ဖက်ရည်ကို သောက်ပေးခြင်းကနေ ရရှိလာမယ့် အကျိုးကျေးဇူးများ

ပင်စိမ်းလက်ဖက်ရည်ကို သောက်ပေးခြင်းကနေ ရရှိလာမယ့် အကျိုးကျေးဇူးများ

ပင်စိမ်းလက်ဖက်ရည် သောက်ခြင်းက ကျန်းမာရေးနဲ့အဟာရဆိုင်ရာ အကျိုးကျေးဇူးများစွာကို အမှန်တကယ် ပေးစွမ်းနိုင်ပါတယ် ။ ပင်စိမ်းဟာ ကျန်းမာရေးနဲ့ အသက်ရှည်မှုကို မြှင်တင်ပေးတဲ့ ဂုဏ်သတ္တိတွေကြောင့် လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာကတည်းက အိန္ဒိယတွင် သုံးစွဲခဲ့ပုံ ပေါ်ပါတယ်။

ပင်စိမ်းဟာ အနံ့အရာသာမွေးကြိုက်တာကြောင့် အသားဟင်း ၊ ဆော့စ်တွေ စတဲ့ ဟင်းလျာတွေ ချက်ပြုတ်ရာမှာ အများဆုံးအသုံးပြုကြပါတယ် ။ ဒါ့အပြင် ပင်စိမ်းကို လက်ဖက်ရည်အဖြစ် သောက်သုံးခြင်းကလည်း မယုံနိုင်လောက်စရာ အကျိုးကျေးဇူးတွေကို ပေးစွမ်းနိုင်ပါတယ် ။

ပင်စိမ်းလက်ဖက်ရည်ဟာ ကဖိန်းဓာတ်ကင်းစင်ပြီး ဗီတာမင် A, C ၊ ကယ်လ်စီယမ်၊ ဇင့်၊ သံနဲ့ ကလိုရိုဖီးလ်တို့ ပါဝင်ပါတယ် ။ လတ်ဆတ်တဲ့ပင်စိမ်းရွက်ကို အသုံးပြုခြင်းက ပိုပြီးအကျိုးထူးပါတယ်။ ပင်စိမ်းဟာ သံဓာတ်ကြွယ်ဝတာကြောင့် နေ့စဉ်စားသုံးခြင်းဖြင့် သွေးထုတ်လုပ်မှုကို မြှင့်တင်ပေးနိူင်ပ့တယ်။

လေ့လာမှုတွေအရ နံနက်တိုင်း ပင်စိမ်းရွက် အခြောက်မှုန့် 2 g ခန့်ကိုစားသုံးသူတွေဟာ သွေးတွင်း ဂလူးကို့စ်ပမာဏကို သိသိသာသာ နည်းပါးကြောင်းတွေ့ရှိခဲ့ပါတယ် ။ ပင်စိမ်းရွက်ဟာ free radicals တွေကို ဟန့်တားနိုင်စွမ်းရှိပြီး အနာကျက်စေတဲ့ ဂုဏ်သတ္တိလည်း ရှိတာကြောင့် ဆေးဘက်ဆိုင်ရာ ပြသနာအမျိုးမျိုးအတွက် အသုံးဝင်တယ်။

ပင်စိမ်းဟာ အအေးမိဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ လည်ပင်းနာခြင်း၊ နှလုံးပြသနာများ၊ မျက်စိပြသနာများ၊ သွေးတွင်း ကိုလက်စထရော လျော့ကျစေခြင်း၊ ခံတွင်းနဲ့ သွားပြသနာများကဲ့သို့သော ကျန်းမာရေးဆိုင်ရာ ပြသနာတွေကို ကုသရာတွင် ကူညီပေးတဲ့ အကောင်းဆုံးရှေးကျတဲ့ ဆေးဖက်ဝင်အပင်တွေထဲက တစ်ခုဖြစ်ပါတယ်။

ပင်စိမ်းလက်ဖက်ရည် ပူပူလေးတစ်ခွက်သောက်တာက စိတ်ဖိစီးမှုကိုသက်သာစေပါတယ်။ လွန်ခဲ့တဲ့ ရာစုနှစ်များစွာကတည်းက ပင်စိမ်းလက်ဖက်ရည်ကို စိတ်ဖိစီးမှုကို သက်သာစေရန် ဆေးတစ်လက်အဖြစ် အသုံးပြုခဲ့ကြပါတယ် ။ ပင်စိမ်းရွက်တွင် မှတ်ဉာဏ်ကို ကောင်းမွန်အောင်ကူညီပေးတဲ့ အစိတ်အပိုင်းတစ်ချို့ရှိပြီး အစာမကြေခြင်းကို သက်သာကောင်းမွန်စေပါတယ်။

ပျားရည်နဲ့ဖျော်ထားတဲ့ ပင်စိမ်းလက်ဖက်ရည်ကို ကျောက်ကပ်ကျောက်တည်ခြင်းအတွက် အိမ်တွင်းဆေးအဖြစ် အသုံးပြုကြပါတယ်။ ပင်စိမ်းလက်ဖက်ရည်ကို နေ့စဉ်သောက်သုံးပေးခြင်းဖြင့် အဆစ်အမြစ်ရောင်ရမ်းခြင်းနဲ့ အရိုးအဆစ်ရောင်ခြင်း ဝေဒနာတွေကို သက်သာစေနိုင်ကာ ပင်စိမ်းမှာပါတဲ့ အဆီတွေဟာ ဘက်တီးရီးယားတွေကို ဆန့်ကျင်ပြီး အဆုတ်ရောဂါပိုးတွေကို ကုသပေးနိုင်ပါတယ်။

ပင်စိမ်းဟာ တီဘီရောဂါနဲ့ ဆေးလိပ်သောက်ခြင်းကြောင့်ဖြစ်ပေါ်တဲ့ အဆုတ်ပျက်စီးမှုကို ရပ်တန့်စေပြီ ပြန်လည်ကောင်းမွန်အောင် ကူညီပေးနိုင်ပါတယ် ။ ပင်စိမ်း လက်ရည်ပြုလုပ်နည်းကတော့ ပင်စိမ်းရွက် အနည်းငယ်ကို ရေနွေးထဲ သုံးလေးမိနစ်ခန့် သို့ ငါးမိနစ်ခန့် စိမ်ထားပြီး ပျားရည် ဂျင်း သံပုရာသီး အနည်းငယ် ညှစ်ထည့်ပြီး ရောစပ်ဖျော်သောက် နိုင်ပါတယ် ။

Be the first to comment

Leave a comment

Your email address will not be published.


*