ပရိတ္သတ္ေတြနဲ႕ ကင္းကြာသြားတဲ့အခ်ိန္အတြင္းမွာ ဇရာေထာင္းသြားတဲ့ အဆိုေတာ္ေလးျဖဴရဲ႕ လက္ရွိပုံရိပ္ေလးမ်ား

ပရိတ္သတ္ေတြနဲ႕ ကင္းကြာသြားတဲ့အခ်ိန္အတြင္းမွာ ဇရာေထာင္းသြားတဲ့ အဆိုေတာ္ေလးျဖဴရဲ႕ လက္ရွိပုံရိပ္ေလးမ်ား

အဆိုေတာ္‌ေလးျဖဴကေတာ့ အသံပါဝါ ေကာင္းေကာင္းနဲ႕ အမိုက္စား သီခ်င္းေတြေၾကာင့္ ပရိသတ္ေတာ္ေတာ္ မ်ားမ်ားရဲ႕ အားေပးခ်စ္ခင္မႈကို အျပည့္အဝရရွိထားတဲ့သူတစ္ေယာက္ပါ။

သူပါဝင္တဲ့ “Iron Cross” band ကလည္း လြန္ခဲ့တဲ့ ဆယ္စုႏွစ္ႏွစ္ခုေက်ာ္ေလာက္ ကတည္းကေန အခုအခ်ိန္အထိ ပရိသတ္ေတာ္ ေတာ္မ်ားမ်ားရဲ႕ အားေပးမႈကို ရရွိေနဆဲျဖစ္တဲ့ အဖြဲ႕တစ္ဖြဲ႕ပဲျဖစ္ပါတယ္။

နာမည္ေက်ာ္ ေရာ့ခ္ အဆိုေတာ္ တစ္ဦးျဖစ္သည့္ အငဲ ၏ အစ္ကိုရင္းျဖစ္တဲ့ ေလးျဖဴကေတာ့ Iron Cross Bandႏွင့္အတူ စင္ျမင့္ေဖ်ာ္ေျဖပြဲမ်ားစြာ သီဆိုလာခဲ့သူ တစ္ဦးျဖစ္ပါတယ္။

Iron Cross ရဲ႕ ပင္တိုင္အဆိုရွင္ တစ္ဦးျဖစ္တဲ့ ေလးျဖဴရဲ႕ သီခ်င္းေတြဟာ လူငယ္၊ လူႀကီးေတြရဲ႕ အႀကိဳက္နဲ႕ ထပ္တူက်ခဲ့ၿပီး ေခတ္တစ္ေခတ္မွာ ေအာင္ျမင္မႈရဲ႕ အထြဋ္အထိပ္ထိ ေရာက္ရွိခဲ့ပါတယ္။

အဆိုေတာ္ႀကီးေတြလို႔ တင္စားရေလာက္ေအာင္ ဂီတနယ္ပယ္မွာ ဝါရင့္အဆိုေတာ္ေတြအျဖစ္ အသိအမွတ္ျပဳထားရတာလည္းျဖစ္ပါတယ္။

အဆိုေတာ္ ေလးျဖဴကေတာ့ မ်ားေသာအားျဖင့္ လူငယ္ေတြႀကိဳက္ႏွစ္သက္က်တဲ့ Rock ဂီတအမ်ိဳးအစားေတြကို သီဆိုေလ့ရွိၿပီး အထူးသျဖင့္ေယာက္်ားေလးပရိသတ္ေတြရဲ႕ အားေပးမႈကို အခိုင္အမာရရွိထားတာပဲျဖစ္ပါတယ္။

ဒီေန႕မွာေတာ့ ပရိသတ္ေတြမျမင္တာၾကာၿပီျဖစ္တဲ့ အဆိုေတာ္ေလးျဖဴရဲ႕ ပုံရိပ္မ်ားထြက္ေပၚလာတာျဖစ္ပါတယ္။ ဇရာေထာင္းသြားေပမယ့္ အဆိုေတာ္ ေလးျဖဴရဲ႕ သီခ်င္းေတြ ကေတာ့ ထာဝရႏုပ်ိဳလတ္ဆတ္ ေနမွာပါ ။

ေလးျဖဴတို႔ရဲ႕ ပုံရိပ္ေလးေတြကို ပရိသတ္ေတြ သေဘာက်လိမ့္မယ္ ထင္ပါတယ္။ ၾကည့္ရႈ႕ေပးၾကတဲ့ ပရိသတ္ႀကီးကို ေက်းဇူးအထူးတင္ရွိပါတယ္။crd

Unicode … ပရိတ်သတ်တွေနဲ့ ကင်းကွာသွားတဲ့အချိန်အတွင်းမှာ ဇရာထောင်းသွားတဲ့ အဆိုတော်လေးဖြူရဲ့ လက်ရှိပုံရိပ်လေးများ

အဆိုတော်‌လေးဖြူကတော့ အသံပါဝါ ကောင်းကောင်းနဲ့ အမိုက်စား သီချင်းတွေကြောင့် ပရိသတ်တော်တော် များများရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့သူတစ်ယောက်ပါ။

သူပါဝင်တဲ့ “Iron Cross” band ကလည်း လွန်ခဲ့တဲ့ ဆယ်စုနှစ်နှစ်ခုကျော်လောက် ကတည်းကနေ အခုအချိန်အထိ ပရိသတ်တော် တော်များများရဲ့ အားပေးမှုကို ရရှိနေဆဲဖြစ်တဲ့ အဖွဲ့တစ်ဖွဲ့ပဲဖြစ်ပါတယ်။

နာမည်ကျော် ရော့ခ် အဆိုတော် တစ်ဦးဖြစ်သည့် အငဲ ၏ အစ်ကိုရင်းဖြစ်တဲ့ လေးဖြူကတော့ Iron Cross Bandနှင့်အတူ စင်မြင့်ဖျော်ဖြေပွဲများစွာ သီဆိုလာခဲ့သူ တစ်ဦးဖြစ်ပါတယ်။

Iron Cross ရဲ့ ပင်တိုင်အဆိုရှင် တစ်ဦးဖြစ်တဲ့ လေးဖြူရဲ့ သီချင်းတွေဟာ လူငယ်၊ လူကြီးတွေရဲ့ အကြိုက်နဲ့ ထပ်တူကျခဲ့ပြီး ခေတ်တစ်ခေတ်မှာ အောင်မြင်မှုရဲ့ အထွဋ်အထိပ်ထိ ရောက်ရှိခဲ့ပါတယ်။

အဆိုတော်ကြီးတွေလို့ တင်စားရလောက်အောင် ဂီတနယ်ပယ်မှာ ဝါရင့်အဆိုတော်တွေအဖြစ် အသိအမှတ်ပြုထားရတာလည်းဖြစ်ပါတယ်။

အဆိုတော် လေးဖြူကတော့ များသောအားဖြင့် လူငယ်တွေကြိုက်နှစ်သက်ကျတဲ့ Rock ဂီတအမျိုးအစားတွေကို သီဆိုလေ့ရှိပြီး အထူးသဖြင့်ယောက်ျားလေးပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားတာပဲဖြစ်ပါတယ်။

ဒီနေ့မှာတော့ ပရိသတ်တွေမမြင်တာကြာပြီဖြစ်တဲ့ အဆိုတော်လေးဖြူရဲ့ ပုံရိပ်များထွက်ပေါ်လာတာဖြစ်ပါတယ်။ ဇရာထောင်းသွားပေမယ့် အဆိုတော် လေးဖြူရဲ့ သီချင်းတွေ ကတော့ ထာဝရနုပျိုလတ်ဆတ် နေမှာပါ ။

လေးဖြူတို့ရဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေ သဘောကျလိမ့်မယ် ထင်ပါတယ်။ ကြည့်ရှု့ပေးကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။ crd

Be the first to comment

Leave a comment

Your email address will not be published.


*