ပရိတ်သတ်တွေကို အဆိတ်အတောက်ဖြစ်စေမဲ့ ဂိမ်းကြော်ငြာတွေ ဘယ်တော့မှ မရိုက်ဘူးလို့ အပြတ်ပြောလိုက်တဲ့ မြတ်သူသူ
ပရိတ်သတ်တွေကို အဆိတ်အတောက်ဖြစ်စေမဲ့ ဂိမ်းကြော်ငြာတွေ ဘယ်တော့မှ မရိုက်ဘူးလို့ အပြတ်ပြောလိုက်တဲ့ မြတ်သူသူ
မင်္ဂလာပါ ပရိသတ်ကြီးရေ မြတ်သူသူကတော့ MRTV- (4) ဇာတ်လမ်းတွဲ မင်းသမီးတစ်လက်ဖြစ်ပြီး ” ပျားရည်အိုင်” ဇာတ်လမ်းတွဲမှာ မြညိုဆိုတဲ့ ဇာတ်ကောင်နဲ့ ဇာတ်လမ်းတွဲမင်း သမီးလေးဆိုကာ ပရိသတ်အားပေးမှု အပြည့်အဝ ရရှိလာခဲ့တဲ့ သူလေးတစ်ယောက်ပါ။
ချစ်ခွန်းခြွေသီချစ်သူဆီ၊ ရတနာထဲကရတနာ ၊တို့အပြင် ဝင်္ကပါစံအိမ် ဇာတ်လမ်းတွဲတို့မှာလည်း ပါဝင်ခဲ့တဲ့သူလေးပါ။ ” တတိယမြောက်ဆုံမှတ် ” ဇာတ်လမ်းတွဲမှာလည်း ”ယွန်းမေခ” ဆိုတဲ့ ဇာတ်ကောင်လေးနဲ့ ခေါင်းဆောင် မင်းသမီးနေရာက ပါဝင်ခဲ့တာပါ။
သူမရဲ့ “တို့မမနဲ့တို့​”ဇာတ်လမ်းတွဲဟာလည်း MRTV-4 ဇာတ်လမ်းတွဲ ပရိသတ်တွေကြားမှာ အရမ်းကိုနာမည် ကြီးခဲ့တဲ့ ကားတစ်ကားပါပဲနော်။ ဒါ့အပြင် အမြဲလိုလို ဟန် ဆောင်မှုကင်းပြီး ရိုးသားတဲ့ မြတ်သူသူကတော့ သူမစိတ်ထဲရှိတဲ့အတိုင်း ပြောဆိုတတ်သူ လေးပါပဲနော်။
ဒီနေ့မှာလည်း ”ကိုယ့်ပိုက်ဆံနဲ့ကိုယ် လိုချင်တာရှိရင် Page တွေမှာ သိသိမသိသိဝယ်တယ် တကယ်ပစ္စည်းက ပေးရတဲ့ဈေးနဲ့တန်ပြီး စိတ်ကျေနပ်ရရင် အဲ့Pageတွေတောင် အလကားပြန်တင်ပြီး ကြော်ငြာပေးတယ် ဒါပဲ အလုပ်ဆိုရင်တော့ အလုပ်နဲ့တူအောင် သေချာပြင်ဆင်ပြီး လုပ်ပေးခဲ့ပေမယ့် အခုကတော့ အ လုပ်တွေ နားထားတာကြာပြီ ဘယ်သူ့ဆီကမှ တကျပ်ကြော်ငြာခမယူထားလို့ ဇွတ်တွေလာမပြောနဲ့လေနော် စိတ်မပါရင် စိတ်တိုင်းမကျရင် ဘာတခုမှမလုပ်ဖြစ်ဘူးရယ် ကိုယ်တောင်မသုံးရဲ မကြိုက်ရင် ကိုယ့်ချစ်တဲ့သူတွေကိုလည်း ဘယ်ညွှန်းရဲပါ့မလဲ ခေတ်ပျက်ထဲ ကိုယ်ချင်းစာတယ်။
သုံးရတာပေးရတာနဲ့ တကယ်တန်ရင်တော့ အလကားကိုပြန်ကြော်ငြာပေးပစ်တာပဲ ခေါင်းပုံဖြတ်တဲ့ဟာတွေနဲ့ Game တွေကတော့ တသက်လုံး တာ့တာ့ပဲ”ဆိုတဲ့စာလေးနဲ့ သူမရဲ့ခံယူချက်ကို ပြောပြလာခဲ့တာပါနော် ပရိသတ်တွေအားလုံးလဲ သူမရဲ့ခံယူချက်လေးကို သိရအောင် ယခုလိုပဲ ဖော်ပြပေးလိုက်ရပါတယ်နော်။ခရက်ဒစ်
Zawgyi … ပရိတ်သတ်တွေကို အဆိတ်အတောက်ဖြစ်စေမဲ့ ဂိမ်းကြော်ငြာတွေ ဘယ်တော့မှ မရိုက်ဘူးလို့ အပြတ်ပြောလိုက်တဲ့ မြတ်သူသူ
Be the first to comment
Leave a comment
Your email address will not be published.
*