Unicode … ပရိသတ်တွေ သနားအချစ်ပိုရတဲ့ အာကြီး‌လေးရဲ့ တရားနာရေစက်ချနေတဲ့ပုံရိပ်လေးတွေကို ဝေမျှပေးခဲ့တဲ့ ခိုင်နှင်းဝေ
ခိုင်နှင်းဝေကတော့ ပရဟိတ မင်းသမီးတစ်လက်လို့ ပရိသတ်တွေ သတ်မှတ်ထားတဲ့အတိုင်း ဦးစီးတည်ထောင်ကာ မိဘမဲ့ ကလေးတွေကို သူမရဲ့ရင်သွေး လေးတွေသဖွယ် ကူညီစောင့်ရှောက်နေတဲ့ ချီးကျူးလေးစားဖွယ် မင်းသမီးတစ်ဦးပါပဲနော်။
ဘယ်လို အကြောင်းကြောင့်ပဲဖြစ်ဖြစ် စွန့်ပစ်ခံ ရတဲ့ ကလေးတွေအတွက် အတတ်နိုင်ဆုံး ကာကွယ် ခေါ်ယူစောင့်ရှောက်လျက် ရှိနေတဲ့သူလို့ လည်းဆိုရမှာပါ။ လက်ရှိမှာတော့ ပရိသတ်တွေ ကလည်း သတိထားမိကာ သနားအချစ်ပိုရတဲ့ အာကြီး တစ်ယောက် သူမရဲ့ဂေဟာသစ်မှာ ဘုရင်မကြီး ရှင်စောပု ကိုးကွယ်ခဲ့သော ဗုဒ္ဓရုပ် ပွားတော်မြတ်များ ကို ဒုတိယ အကြိမ်မြောက် ပင့်ဖိတ်ပူဇော်ခဲ့ကာ တရားနာရေစက်ချနေတဲ့ ပုံရိပ်လေးတွေကို ချစ်တဲ့ ပရိသတ်တွေအတွက် ပုံလေးတွေဝေမ ျှပေးလာခဲ့တာပါ။
“ ထပ်တူ ထပ်မျှ ရရှိ ကြပါစေ … သာဓု သာဓု သာဓု ခေါ်ဆိုနိုင်ကြပါစေရှင်…🙏🙏🙏 …”ဆိုတဲ့စာလေးနဲ့ အာကြီးတစ်ယောက် လက်အုပ်လေးချီကာ ကုသိုလ်ယူနေ ပုံလေးတွေကတော့ တကယ့်ကို ကြည်နူးစရာလေးပါပဲနော်။ crd
Be the first to comment
Leave a comment
Your email address will not be published.
*