ပိုင်တံခွန့်ကို ချစ်ရာမကျဘဲ သတ်နေကြတာနဲ့ အတူတူပဲ လို သတိပေးပြောလာတဲ့ ပန်ဆယ်လို
ပိုင်တံခွန်ရဲ့ Fake Page တစ်ခုကို Like နေ Shareနေ ချစ်နေကြတာဟာ ပိုင်တံခွန့်ကို ချစ်ရာမကျဘဲ သတ်နေကြတာနဲ့ အတူတူပဲ။
သူ့အနေနဲ့ အခုအချိန်မှာ အနေအထိုင် အပြောအဆိုအားလုံး ဘယ်လောက်သတိထား ရှင်သန်နေထိုင်နေရတယ်ဆိုတာ အားလုံး မှန်းဆမိကြသင့်တယ်။ ထောင်ဓါးသွားဟာ သူ့ပုခုံးပေါ် ဝဲနေတာ။ စာတစ်ကြောင်း၊ ကောမန့်တစ်ကြောင်းနဲ့တင် အချိန်မရွေး ဟိုကောင်တွေက ဂွက်ခနဲပြန်စိသွားလို့ရတဲ့အခြေအနေ။
အခု ပိုင်တံခွန့်ပေ့ချ်အတုကနေ ပိုင်တံခွန်မရေးတဲ့စာတွေ တင်နေတယ်။ဥပမာ – မနေ့က ကိုကျော်က ချစ်တယ်ညီလေးဆိုတော့ Fake Page က ချစ်တယ်ကိုကြီး ပြန်ရေးတာမျိုး။
ဒါကို ကိုယ့်ဘက်က လူတွေက Like ကြ၊ Shareကြ၊ SSတွေနဲ့ ခွီကြ။ ဟိုခွေးတွေက Fake Page လား အစစ်လား ခွဲခြားနိုင်တဲ့ ဉာဏ်ရည်တွေ မဟုတ်ဘူး။ တစ်ခုခုဆိုရင် ခင်ဗျားတို့လည်း စိတ်မကောင်းလိုက်တာဆိုတာအပြင် ဘာမှ မတတ်နိုင်ဘူး။
အခုအချိန်မှာ ရယ်စရာတွေ ရှားပါးနေတာ နားလည်တယ်။ ဒါပေမယ့် ရယ်ဖို့ ခွီဖို့ကိစ္စက အဲ့လောက်အရေးကြီးနေလား။ ပိုင်တံခွန့်ကို ချစ်ပါတယ်ဆိုတဲ့သူတွေ အနေနဲ့လည်း Blue Mark မပါတဲ့ အကောင့်ကို အတုမှန်းမသိဘဲ စွတ်ဝင်ချစ်နေတာက ကိုယ်ချစ်တဲ့သူကို ကူဒုက္ခပေးနေတာနဲ့ အတူတူပဲ။
Fake Page လုပ်တဲ့သူတွေအနေနဲ့လည်း ချစ်လို့လုပ်တယ်ပဲဖြစ်စေ၊ Like and Share လိုချင်လို့ပဲဖြစ်စေ ဒီလောက်ဒုက္ခရောက်နေသူကို ကိုယ့်ပျော်ရွှင်မှု ကိုယ့်စီးပွါးအတွက် ထပ်ဒုက္ခမပေးပါနဲ့တော့။ အနုပညာရှင်တွေ၊ ထင်ရှားသူတွေရဲ့ အကောင့်တွေကို Blue Mark လေးစစ်ပြီးမှ Like ကြ Share ကြပါ။
Be the first to comment