ပိုင်တံခွန်နဲ့ GYM မှာ ပြန်ဆုံရလို့ ပါးစပ်မစိနိုင် တဲ့ အထိ ဝမ်းသာတယ် ဆိုတဲ့ ဟိဏ်းသစ်

ပိုင်တံခွန်နဲ့ GYM မှာ ပြန်ဆုံရလို့ ပါးစပ်မစိနိုင် တဲ့ အထိ ဝမ်းသာတယ် ဆိုတဲ့ ဟိဏ်းသစ်

သရုပ်ဆောင်နဲ့ မော်ဒယ်လ် ပိုင်တံခွန်ကတော့ နွေဦးတော်လှန်ရေးမှာ ပြည်သူတွေဘက်က ရပ်တည်ခဲ့တာကြောင့် စကစရဲ့ မတရား ဖမ်းဆီး ထောင်ချခြင်းကို ခံခဲ့ရတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ကံကောင်းစွာနဲ့ပဲ ပိုင်တံခွန်ဟာလွတ်ငြိမ်းချမ်းသာ ခွင့်နဲ့ ပြန်လည်လွတ်မြောက်ခြင်း ခံခဲ့ရပြီပဲ ဖြစ်ပါတယ်။

ပိုင်တံခွန် ပြန်လည် လွတ်မြောက် လာတဲ့ အတွက် ပရိသတ်တွေနဲ့ အတူတူအနု ပညာ အသိုင်းအဝိုင်း တစ်ခုလုံးက ဝမ်းသာနေကြပြီး ဒီကနေ့မှာလည်း အဆိုတော် ဟိဏ်းသစ်က ပိုင်တံခွန်နဲ့ ဆုံရလို့ ပါးစပ် မစေ့နိုင် တဲ့အထိ ပျော်ရွှင် ရကြောင်း ပြောလာပါတယ်။

” သူနဲ့ကျွန်တော်က သူမော်ဒယ် စလုပ်ခါစထဲက ရင်းနှီးခဲ့ရ သူထဲ ကတယောက်ပါ ။ ဒီနေ့ ဒီချိန်အထိ ကျွန်တော်နဲ့ စကားပြောရင် “သား” လို့ပြောတုန်း ။ ပျော်ပျော်နေတတ်သူ အချင်းချင်း၊ ပရဟိတ လုပ်တတ်သူ အချင်းချင်း ပိုပြီးခင်မင်ခဲ့ရသူထဲက တစ်ယောက်ပါ။ ပြောရရင် အများကြီးမို့ ပုံလေးတွေနဲ့ပဲ အပျော်ကိုဝေမျှခွင့်ပေးပါခင်ဗျ ” လို့ ဟိဏ်းသစ် က သူ့ရဲ့ လူမှုကွန်ယက်မှာ တင်ထားခဲ့တာဖြစ်ပါတယ်။

ဟိဏ်းသစ်ကတော့ ဘယ်အချိန် တွေ့တွေ့ မပြောင်းလဲပဲ အမြဲတမ်း ရိုးသား ဖော်ရွေ တတ်တဲ့ ပိုင်တံခွန် အကြောင်းကို ဝမ်းသာအားရ ပြောလာတာပဲဖြစ်ပါတယ်။

ပရိသတ်ကြီးလည်း ဟိဏ်းသစ်ပြောတာလေးတွေကြည့်ပြီး ပိုင်တံခွန်ကို ပိုလို့တောင် ချစ်သွားကြမယ် ထင်ပါတယ်နော် ။ Credit ;Hein Thit

Be the first to comment

Leave a comment

Your email address will not be published.


*