ပိုင်တံခွန်ဦးစီးပြီး ဆောက်လုပ်နေတဲ့ သိမ်ကျောင်းကို တည်ဆောက်ရေး ပြန်လည်စတင်ဖို့ အလှူရှင်တွေနဲ့စုပေါင်းကာ သိန်းတစ်ထောင်ကျော်လှူဒါန်း

ပိုင်တံခွန်ဦးစီးပြီး ဆောက်လုပ်နေတဲ့ သိမ်ကျောင်းကို တည်ဆောက်ရေး ပြန်လည်စတင်ဖို့ အလှူရှင်တွေနဲ့စုပေါင်းကာ သိန်းတစ်ထောင်ကျော်လှူဒါန်း

ပိုင်တံခွန်က ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် လောက်မှာ သိမ်ကျောင်း ဆောက် လုပ်ဖို့ ဦးစီးခဲ့ပေမယ့် နှောင့်နှေးမှုတွေ ရှိခဲ့တာကြောင့် လက်ရှိမှာ သိမ်ကျောင်းတည်ဆောက်ရေးကို ပြန်လည် စတင်ဖို့ အလှူရှင်တွေနဲ့ စုပေါင်းကာ သိန်းတစ်ထောင်ကျော် လှူဒါန်းခဲ့ တယ်လို့ သိရပါတယ်။

ပိုင်တံခွန် က ” ၂၀၂၁ ခုနှစ်က ကျွန်တော် ဦးစီးခဲ့တဲ့ သိမ်ဆောက်လုပ်ဖို့ အလှူဟာ ကျွန်တော့်ကြောင့်ပဲ နှောင့်နှေးခဲ့ရလို့ ကျွန်တော်နဲ့အတူ ပူးပေါင်း လှူဒါန်းခဲ့တဲ့ အလှူရှင်တွေကို တောင်းပန်ပါတယ် ။ အခု ကျွန်တော် ပြန်ရောက်လာပြီဆိုတော့ ဒီသိမ်ကျောင်း ပြန်လည်ဆောက်လုပ်ဖို့ နဲ့ အလှူငွေကျပ် သိန်း တစ်ထောင်ကျော် (၁၁၁,၀၆၀,၈၉၂ ) အတိကို ဘုန်းဘုန်း အားလွှဲအပ်ပေးဖို့ အတွက် ကျွန်တော်လုပ်နေပါတယ် ” လို့ သူ့ရဲ့ လူမှုကွန်ရက်မှာ မျှဝေလာပါတယ်။

ပိုင်တံခွန်က ၂၀၂၁ ခုနှစ် ဧပြီလ ၈ ရက်နေ့က ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ပြီးခဲ့တဲ့ မတ်လ ၂ ရက်နေ့က အကယ်ဒမီ ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ သရုပ်ဆောင်လူမင်းတို့နဲ့အတူ ပြန်လည်လွတ်မြောက်လာတာဖြစ်ပါတယ်။Photo Credit- Paing Takon’s FB

Zawgyi … ပိုင္တံခြန္ဦးစီးၿပီး ေဆာက္လုပ္ေနတဲ့ သိမ္ေက်ာင္းကို တည္ေဆာက္ေရး ျပန္လည္စတင္ဖို့ အလွူရွင္ေတြနဲ႔စုေပါင္းကာ သိန္းတစ္ေထာင္ေက်ာ္လွူဒါန္း

ပိုင္တံခြန္က ၿပီးခဲ့တဲ့ ၂၀၂၁ ခုႏွစ္ ေလာက္မွာ သိမ္ေက်ာင္း ေဆာက္ လုပ္ဖို့ ဦးစီးခဲ့ေပမယ့္ ေႏွာင့္ေႏွးမွုေတြ ရွိခဲ့တာေၾကာင့္ လက္ရွိမွာ သိမ္ေက်ာင္းတည္ေဆာက္ေရးကို ျပန္လည္ စတင္ဖို့ အလွူရွင္ေတြနဲ႔ စုေပါင္းကာ သိန္းတစ္ေထာင္ေက်ာ္ လွူဒါန္းခဲ့ တယ္လို့ သိရပါတယ္။

ပိုင္တံခြန္ က ” ၂၀၂၁ ခုႏွစ္က ကၽြန္ေတာ္ ဦးစီးခဲ့တဲ့ သိမ္ေဆာက္လုပ္ဖို့ အလွူဟာ ကၽြန္ေတာ့္ေၾကာင့္ပဲ ေႏွာင့္ေႏွးခဲ့ရလို့ ကၽြန္ေတာ္နဲ႔အတူ ပူးေပါင္း လွူဒါန္းခဲ့တဲ့ အလွူရွင္ေတြကို ေတာင္းပန္ပါတယ္ ။ အခု ကၽြန္ေတာ္ ျပန္ေရာက္လာၿပီဆိုေတာ့ ဒီသိမ္ေက်ာင္း ျပန္လည္ေဆာက္လုပ္ဖို့ နဲ႔ အလွူေငြက်ပ္ သိန္း တစ္ေထာင္ေက်ာ္ (၁၁၁,၀၆၀,၈၉၂ ) အတိကို ဘုန္းဘုန္း အားလႊဲအပ္ေပးဖို့ အတြက္ ကၽြန္ေတာ္လုပ္ေနပါတယ္ ” လို့ သူ႔ရဲ့ လူမွုကြန္ရက္မွာ မၽွေဝလာပါတယ္။

ပိုင္တံခြန္က ၂၀၂၁ ခုႏွစ္ ဧၿပီလ ၈ ရက္ေန႔က ဖမ္းဆီးထိန္းသိမ္းခံခဲ့ရၿပီး ၿပီးခဲ့တဲ့ မတ္လ ၂ ရက္ေန႔က အကယ္ဒမီ ေျပတီဦး၊ အိျႏၵာေက်ာ္ဇင္၊ သ႐ုပ္ေဆာင္လူမင္းတို့နဲ႔အတူ ျပန္လည္လြတ္ေျမာက္လာတာျဖစ္ပါတယ္။
Photo Credit- Paing Takon’s FB

Be the first to comment

Leave a comment

Your email address will not be published.


*