ပုဂံေရွးေဟာင္း ယဥ္ေက်းမွုနယ္ေျမရွိ သံပ်င္စြာဘုရား နံရံၿပိဳက်

ပုဂံေရွးေဟာင္း ယဥ္ေက်းမွုနယ္ေျမရွိ သံပ်င္စြာဘုရား နံရံၿပိဳက်

မႏၲေလးတိုင္း ေဒသႀကီး၊ ေညာင္ဦးၿမိဳ့နယ္၊ ပုဂံေရွးေဟာင္း ယဥ္ေက်းမွု နယ္ေျမအတြင္းရွိ သံပ်င္စြာ ဘုရား၏ ေတာင္ဘက္ နံရံသည္ ယေန႔ နံနက္ ပိုင္းက မိုးရြာ သြန္းမွုေၾကာင့္ ၿပိဳက်ခဲ့ေၾကာင္း သိရသည္။

ဖြားေစာ ေက်းရြာအုပ္စု၊ အေနာက္ဖြားေစာေက်းရြာ၏ အေနာက္ဘက္ရွိ ဘုရားအမွတ္ (၈၀၁) သံပ်င္စြ ာဘုရား၏ ေတာင္ဘက္နံရံသည္ ယေန႔ နံနက္ ၉ နာရီ ၁၅ မိနစ္ခန္႔က ၿပိဳက်ခဲ့ျခင္းျဖစ္ၿပီး အျမင့္ ၁၄ ေပ ၊ အလ်ား ၁၇ ေပ၊ ထု ၃ ေပ ပ်က္စီးသြားေၾကာင္း ေညာင္ဦးၿမိဳ့နယ္ မီးသတ္ တပ္ဖြဲ႕ထံမွ သိရသည္။

သံပ်င္စြာဘုရားသည္ က်စြာမင္း၏ သမီးေတာ္ သံပ်င္မင္းသမီးကတည္ထားခဲ့ျခင္းျဖစ္ၿပီး ႏွစ္ေပါင္း ၈၀၀ ေက်ာ္ သက္တမ္း ရွိၿပီျဖစ္သည္။ ယခုပ်က္စီးဆုံးရွုံးမွုမွာ ရာခိုင္ႏွုန္းအားျဖင့္ ၃ရာခိုင္ႏွုန္း ပ်က္စီးခဲ့ျခင္းျဖစ္ကာ တန္ဖိုးအားျဖင့္ ေငြက်ပ္ ၂၇ သိန္း ၅ ေသာင္းခန္႔ ရွိေၾကာင္း သိရွိရသည္။ crd Photo: ေညာင္ဦးမီးသတ္

Unicode … ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေရှိ သံပျင်စွာဘုရား နံရံပြိုကျ

မန္တလေးတိုင်း ဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေအတွင်းရှိ သံပျင်စွာ ဘုရား၏ တောင်ဘက် နံရံသည် ယနေ့ နံနက် ပိုင်းက မိုးရွာ သွန်းမှုကြောင့် ပြိုကျခဲ့ကြောင်း သိရသည်။

ဖွားစော ကျေးရွာအုပ်စု၊ အနောက်ဖွားစောကျေးရွာ၏ အနောက်ဘက်ရှိ ဘုရားအမှတ် (၈၀၁) သံပျင်စွ ာဘုရား၏ တောင်ဘက်နံရံသည် ယနေ့ နံနက် ၉ နာရီ ၁၅ မိနစ်ခန့်က ပြိုကျခဲ့ခြင်းဖြစ်ပြီး အမြင့် ၁၄ ပေ ၊ အလျား ၁၇ ပေ၊ ထု ၃ ပေ ပျက်စီးသွားကြောင်း ညောင်ဦးမြို့နယ် မီးသတ် တပ်ဖွဲ့ထံမှ သိရသည်။

သံပျင်စွာဘုရားသည် ကျစွာမင်း၏ သမီးတော် သံပျင်မင်းသမီးကတည်ထားခဲ့ခြင်းဖြစ်ပြီး နှစ်ပေါင်း ၈၀၀ ကျော် သက်တမ်း ရှိပြီဖြစ်သည်။ ယခုပျက်စီးဆုံးရှုံးမှုမှာ ရာခိုင်နှုန်းအားဖြင့် ၃ရာခိုင်နှုန်း ပျက်စီးခဲ့ခြင်းဖြစ်ကာ တန်ဖိုးအားဖြင့် ငွေကျပ် ၂၇ သိန်း ၅ သောင်းခန့် ရှိကြောင်း သိရှိရသည်။ crd Photo: ညောင်ဦးမီးသတ်

Add a Comment

Your email address will not be published. Required fields are marked *