ပုံမှန်မြင်တွေ့ရဖို့ခက်တဲ့ ရှားပါးမျိုးစိတ်ငါးကြီးကို ဖမ်းမိခဲ့တဲ့ ငါးဖမ်းသမား
ထိုင်ဝမ် Taimali ရှိ သဲသောင်ပြင်မှာ ဇွန်လ ၉ ရက်နေ့က ရှားပါးမျိုးစိတ် ၆ မိတာရှည်တဲ့ နဂါးငါးတစ်ကောင်းကို ငါးဖမ်းသမားတစ်ဦးက ဖမ်းမိခဲ့တယ်လို့ သိရပါတယ် ။ အသက် ၃၁ နှစ်ရှိတဲ့ Lin Yifan ဆိုတဲ့အမျိုးသားဟာ နေ့လည် ၂ နာရီလောက်မှာ ပင်လယ်ကမ်းစပ်ကိုသွားရောက်ပြီး ငါးမျှားခဲ့တယ်လို့ ဆိုပါတယ်။
သူငါးမျှားနေရင်း ခဏ အကြာမှာတော့ နဂါးတစ်ကောင်လို ရှည်လျားတဲ့ ရှားပါး ငါးကြီး တစ်ကောင်ကို ဖမ်းမိခဲ့ပါတယ်။အဆိုပါ ငါးကိုကြီးကို ကုန်းပေါ်ရောက်ဖို့ကို မိနစ် ၄၀ လောက်ကြာအထိ ဆွဲတင်ခဲ့တယ်လို့ ဆိုပါတယ်။ ဖမ်းမိခဲ့တဲ့ ငါးကြီးရဲ့ အရှည်က ၆ မိတာ နှင့် အလေးချိန် ၁၃၀ ကီလိုဂရမ် ရှိတယ်လို့ သိရပါတယ်။
ဒီငါးကြီးကို မြေငလျင်ငါး ၊ နဂါးဘုရင် ငါးနာဂ၊ နဂါးနန်းတော်တမန်၊ နဂါးဖြူဘုရင် ၊ Orfish စတဲ့ အမျိုးမျိး ခေါ်ကြပြီး ရေအနက် မီတာ၂၀မှ၁၀၀၀ မီတာအတွင်း နေထိုင်တဲ့ ငါးမျိုးစိတ်လို့ သိရပါတယ်။
ဒေသခံတွေရဲ့ ပြောဆိုချက် တွေအရ ဒီငါးတွေဟာ ငလျင်လှုပ်ခတ်မှ တွေ့ရတတ်တဲ့ ရေအောက် ငါးတွေဖြစ်သလို ကျွမ်းကျင် သူများကတော့ ယင်းမျိုးစိတ်တွေဟာ ရှားရှားပါးပါး ပင်လယ်နက်ထဲမှာ နေထိုင်ပြီး ဆင်းသက်ဖို့ အချိန်ကိုတောင် သတ်မှတ်ထားတဲ့ ငါးမျိုးဖြစ်တယ်လို့လည်း ဆိုပါတယ်။ crd
Zawgyi … ပံုမွန္ျမင္ေတြ႕ရဖို႕ခက္တဲ့ ရွားပါးမ်ိဳးစိတ္ငါးႀကီးကို ဖမ္းမိခဲ့တဲ့ ငါးဖမ္းသမား
ထိုင္ဝမ္ Taimali ရွိ သဲေသာင္ျပင္မွာ ဇြန္လ ၉ ရက္ေန႔က ရွားပါးမ်ိဳးစိတ္ ၆ မိတာရွည္တဲ့ နဂါးငါးတစ္ေကာင္းကို ငါးဖမ္းသမားတစ္ဦးက ဖမ္းမိခဲ့တယ္လို့ သိရပါတယ္ ။ အသက္ ၃၁ ႏွစ္ရွိတဲ့ Lin Yifan ဆိုတဲ့အမ်ိဳးသားဟာ ေန႔လည္ ၂ နာရီေလာက္မွာ ပင္လယ္ကမ္းစပ္ကိုသြားေရာက္ၿပီး ငါးမၽွားခဲ့တယ္လို့ ဆိုပါတယ္။
သူငါးမၽွားေနရင္း ခဏ အၾကာမွာေတာ့ နဂါးတစ္ေကာင္လို ရွည္လ်ားတဲ့ ရွားပါး ငါးႀကီး တစ္ေကာင္ကို ဖမ္းမိခဲ့ပါတယ္။အဆိုပါ ငါးကိုႀကီးကို ကုန္းေပၚေရာက္ဖို့ကို မိနစ္ ၄၀ ေလာက္ၾကာအထိ ဆြဲတင္ခဲ့တယ္လို့ ဆိုပါတယ္။ ဖမ္းမိခဲ့တဲ့ ငါးႀကီးရဲ့ အရွည္က ၆ မိတာ ႏွင့္ အေလးခ်ိန္ ၁၃၀ ကီလိုဂရမ္ ရွိတယ္လို့ သိရပါတယ္။
ဒီငါးႀကီးကို ေျမငလ်င္ငါး ၊ နဂါးဘုရင္ ငါးနာဂ၊ နဂါးနန္းေတာ္တမန္၊ နဂါးျဖဴဘုရင္ ၊ Orfish စတဲ့ အမ်ိဳးမ်ိး ေခၚၾကၿပီး ေရအနက္ မီတာ၂၀မွ၁၀၀၀ မီတာအတြင္း ေနထိုင္တဲ့ ငါးမ်ိဳးစိတ္လို့ သိရပါတယ္။
ေဒသခံေတြရဲ့ ေျပာဆိုခ်က္ ေတြအရ ဒီငါးေတြဟာ ငလ်င္လွုပ္ခတ္မွ ေတြ႕ရတတ္တဲ့ ေရေအာက္ ငါးေတြျဖစ္သလို ကၽြမ္းက်င္ သူမ်ားကေတာ့ ယင္းမ်ိဳးစိတ္ေတြဟာ ရွားရွားပါးပါး ပင္လယ္နက္ထဲမွာ ေနထိုင္ၿပီး ဆင္းသက္ဖို့ အခ်ိန္ကိုေတာင္ သတ္မွတ္ထားတဲ့ ငါးမ်ိဳးျဖစ္တယ္လို့လည္း ဆိုပါတယ္။ crd
Be the first to comment