ပြည်ထောင်စုနေ့မှာ အကျဉ်းသားရှစ်ထောင် လွှတ်မယ်လို့ သတင်းထွက်ပေါ်

ပြည်ထောင်စုနေ့မှာ အကျဉ်းသား ရှစ်ထောင် လွှတ်မယ်လို့ သတင်းထွက်ပေါ် (ပုဒ်မ ၅၀၅ နဲ့ မူးယစ်ဆေးအမှု ရင်ဆိုင်နေသူအချို့ ဦးစားပေးလွှတ်မယ်လို့ သိရ)

ဖေဖော်ဝါရီ ၁၂ ရက် မနက်ဖြန်မှာ ကျရောက်မယ့် ပြည်ထောင်စုနေ့ မှာ အကျဉ်းသား ရှစ်ထောင် နီးပါး ပြန်လွှတ်မယ်လို့ သတင်းတွေ ထွက်ပေါ် နေပါတယ်။

မနက်ဖြန်ဟာ ၇၅ နှစ်ပြည့် စိန်ရတု နှစ် ပတ် လည် ပြည်ထောင်စု နေ့ဖြစ်ပြီး ပြည် ထောင်စုနေ့ အထိမ်း အမှတ် အဖြစ် အကျဉ်း သားတွေ နဲ့ တရားရင် ဆိုင်နေရတဲ့ သူတွေကို အမှုရပ် သိမ်းပြီး ပြန်လွှတ် ပေးမှာလို့ သိရပါတယ်။

ပြန်လွှတ်မယ့် သူတွေအထဲမှာ ပုဒ်မ ၅၀၅ အမှုတွေနဲ့ မူးယစ်ဆေးအမှုနဲ့ တရားစွဲဆို ရင်ဆိုင် ရသူတွေ ကို ဦးစားပေး လွှတ်ပေးမယ်လို့ ထွက်ပေါ်နေတဲ့သတင်းတွေ အရ သိရပါတယ်။ ပြီးခဲ့တဲ့ လွတ်လပ်ရေးနေ့ ဇန်နဝါရီ ၄ ရက်နေ့ ကလည်း အ ခု လို အကျဉ်းသားတွေ ပြန်လွှတ်မယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် တကယ်တမ်းမှာတော့ ပြန်လွှတ်ပေးခဲ့တာမရှိပါဘူး။

ပြန်လွှတ်မယ့် သူတွေအထဲမှာ ပုဒ်မ ၅၀၅ အမှုတွေနဲ့ မူးယစ်ဆေးအမှုနဲ့ တရားစွဲဆို ရင်ဆိုင် ရသူတွေ ကို ဦးစားပေး လွှတ်ပေးမယ်လို့ ထွက်ပေါ်နေတဲ့သတင်းတွေ အရ သိရပါတယ်။ ပြီးခဲ့တဲ့ လွတ်လပ်ရေးနေ့ ဇန်နဝါရီ ၄ရက်နေ့ ကလည်း အခုလို အကျဉ်းသားတွေ ပြန်လွှတ်မယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် တကယ်တမ်းမှာတော့ ပြန်လွှတ်ပေးခဲ့တာမရှိပါဘူး။ crd

Be the first to comment

Leave a comment

Your email address will not be published.


*