ပြည်သူချစ်အနုပညာရှင် အိန္ဒြာကျော်ဇင် အနုပညာအလုပ်တွေ ရပ်နားလိုက်ပြီဆိုတဲ့ သတင်းတွေအပေါ် ဖြေရှင်းချက်ထုတ်လိုက်တဲ့ အမဖြစ်သူ အိကျော်ဇင်
ပြည်သူချစ် အနုပညာရှင် အိန္ဒြာကျော်ဇင် အနုပညာ အလုပ်တွေ ရပ်နားလိုက်ပြီဆိုတဲ့ သတင်းတွေအပေါ် အမဖြစ်သူ အိကျော်ဇင် က အခုလို ပြန်လည် ဖြေရှင်းလာပါတယ် ။
” မောင်လေး ပြေတီဦးနဲ့ ညီမလေး အိန္ဒြာကျော်ဇင် တို့ရဲ့ သတင်းအမှားတွေအခုတလော ခဏခဏ တက်နေတာနဲ့ ပတ်သက်လို့ သူတို့ရဲ့ အနုပညာ ကိုတန်ဖိုးထားပြီး ချစ်ပေးတဲ့ ပရိသတ်တွေ အနေနဲ့ မိသားစုကတင်တဲ့ သတင်းကလွဲလို့ ဘယ်သတင်းမှ မယုံကြဖို့ မေတ္တာရပ်ခံ အပ်ပါတယ်။
ညီမလေး အိန္ဒြာကျော်ဇင် ဟာ အခုအချိန်မှာ တစ်ချို့သော ကျန်းမာရေးပြဿနာတွေရှိလို့ ဆေးကုသမှု ခံယူပြီး ဆရာဝန် ညွှန်ကြားချက်အတိုင်း အနားယူနေရတဲ့ အခြေအေ နမှာပဲ ရှိနေပါသေးတယ်။
ကိုယ်တိုင် ပရိသတ်ရှေ့ကို မထွက်နိုင်ခင်မှာ သူချစ်တဲ့ ပရိသတ်နဲ့ ထိတွေ့နိုင်မယ့် နည်းလမ်းလေးတွေ စဉ်းစားနေ တယ်လို့လဲ ညီမလေးက ပြောပါတယ်။ ဒါကြောင့် မိသားစုက အတည်ပြုထားခြင်း မရှိတဲ့ သတင်းအမှားတွေအတွက် မစိုးရိမ်ကြပါနဲ့လို့ မေတ္တာရပ်ခံ အပ်ပါတယ်ရှင့်။ ” ဆိုပြီးရေးသားထားပါတယ် ။ ချစ်ပရိတ်သတ်ကြီးအတွက် ပြန်လည် ဝေမျှပေးလိုက် ပါတယ်နော် ။ Source From ; EiKyawzin Fb
Zawgyi … ပြည်သူချစ်အနုပညာရှင် အိန္ဒြာကျော်ဇင် အနုပညာအလုပ်တွေ ရပ်နားလိုက်ပြီဆိုတဲ့ သတင်းတွေအပေါ် ဖြေရှင်းချက်ထုတ်လိုက်တဲ့ အမဖြစ်သူ အိကျော်ဇင်
Be the first to comment