ဖခင်ကြီးအတွက်ရည်စူးပြီး မွန်မြတ်လှတဲ့ အလှူလေးတစ်ခုကို ပြုလုပ်ခဲ့တဲ့ ရတနာမိုင်
ဖခင်ကြီးအတွက်ရည်စူးပြီး မွန်မြတ်လှတဲ့ အလှူလေးတစ်ခုကို ပြုလုပ်ခဲ့တဲ့ ရတနာမိုင်
ပရိသတ်ကြီးရေ ရတနာမိုင်ကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝ ရရှိထားတဲ့ ပရိသတ်အချစ်တော် အဆိုတော် တစ်ယောက်ပဲ ဖြစ်ပါတယ်။ ဒီနေ့ မေလ (၃) ရက်နေ့ လေးမှာတော့ ရတနာမိုင်က မွန်မြတ်လှတဲ့ အလှူလေးတစ်ခုကို ပြုလုပ်ခဲ့ကြောင်း သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာကနေ မျှဝေ ဖော်ပြ လာခဲ့ပါတယ်။
အလှူကတော့ ကွယ်လွန်သွားတဲ့ ဖခင်ကြီးအတွက် ရည်စူးပြီး ပြုလုပ်တဲ့ အလှူ လေးဖြစ်ပြီး ရတနာမိုင်ကတော့ “ ကွယ်လွန်သူ ကျေးဇူးရှင် ဖခင်ကြီး ဦးမောင်ရင် အားရည်စူးပြီး ဓမ္မဂုဏ်ရည် ကျောင်းတိုက်မှ ဆရာတော် ဘုန်းဘုန်းကြီးအား LED အလှူရှင် အဖြစ် ၁၂ သိန်းကျပ် တိတိ လှူဒါန်း ပူဇော် ခဲ့ပါတယ်ရှင် ဖေကြီး သမီးကောင်းမှု အစုစုတို့ကို ကုသိုလ် ထပ်တူ ထပ်မျှရရှိပါစေ။
ဖေကြီး လူဖြစ်လဲ လူချမ်းသာ နတ်ဖြစ်လဲ နတ်ချမ်းသာ ဖြစ်ပါစေ ကောင်းမှုကုသိုလ်တို့ လုပ်တဲ့ အချိန်တိုင်း သာဓုခေါ်ပေးပါ ဖေကြီးရေ အမျှ အမျှ အမျှ ” ဆိုပြီး သူရဲ့ လူမှုကွန်ရက် စာမျက်နှာကနေ အလှူလေး အကြောင်း မျှဝေ ထားခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးရေ မွန်မြတ်လှတဲ့ အလှူလေးကို သာဓုခေါ်ဆို ပေးခဲ့ကြပါဦးနော်။ crd
Zawgyi … ဖခင်ကြီးအတွက်ရည်စူးပြီး မွန်မြတ်လှတဲ့ အလှူလေးတစ်ခုကို ပြုလုပ်ခဲ့တဲ့ ရတနာမိုင်
Be the first to comment
Leave a comment
Your email address will not be published.
*