ထိန်းသိမ်းခံထားရတဲ့ အနုပညာရှင်တွေ ပြန်လည်လွတ်မြောက်လာမှ အနုပညာအလုပ်တွေပြန်လုပ်မယ်ဆိုပြီး ကတိပေးလိုက်တဲ့ သံသာမိုးသိမ့်
Unicode … ဖမ်းဆီးခံထားရတဲ့ အနုပညာရှင်တွေ ပြန်လည်လွတ်မြောက်လာမှ အနုပညာအလုပ်တွေပြန်လုပ်မယ်ဆိုပြီး ကတိပေးလိုက်တဲ့ သံသာမိုးသိမ့်
ပရိတ်သတ်ကြီးရေ၊ အခုတစ်ခါမှာဆိုရင်တော့ သရုပ်ဆောင် သံသာမိုးသိမ့်ကထောင်ထဲက အနုပညာရှင်တွေ ပြန်လာမှ အနုပညာ အလုပ်တွေ ပြန်လုပ်မယ်လို့ အခုလို ပြောလာခဲ့ ပါတယ်နော် ။ သရုပ်ဆောင် သံသာမိုးသိမ့်က စိတ်ပူပေးကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီကို ကျေးဇူးတင်ပါတယ်၊
ဒီကာလမာ တစ်ဦးချင်းစီက အပူတွေချည်းမို့ ကိုယ့်အပူမှ အပူလို့ မမြင်တတ် တော့တာရယ် ၊ အထဲမာ ဒုက္ခခံပေးနေတဲ့ သူတွေကကိုယ်တွေထက် အဆ ပေါင်းများစွာ ဆိုးတာမို့ ၊ ကိုယ်တွေက မပြောပ လောက်ပါဘူး။
ဒီကာလတွေမာ စိတ်ရော လူရော အဆင်ပြေစွာနဲ့ လေ့လာစရာ ရှိတာလေးတွေလေ့လာ သင်စရာရှိတဲ့ ကိုယ်တတ်ချင်တဲ့ ပညာလေးတွေ လေ့လာရင် းအေးဆေးတည်ငြိမ်စွာ ဖြတ်ကျော်ခဲ့ပါတယ် ၊ အနုပညာ အလုပ်တွေ ကတော့ ဖေဖော်ဝါရီ မတိုင်ခင်မာ ကြိုလက်ခံမိထားတဲ့ အလုပ်တွေတော့ Client တွေလည်း မလောဘူးဆို မလုပ်ပါဘူး ။
သူတို့ရိုက်ချင်ရင် ရိုက်ပေးပြီးတော့ ကျန်တာတွေကတော့ အထဲက အကို အမတွေ ပြန်ရောက်လာမှပဲ စိတ်လက်ပေါ့ပါးစွာနဲ့ ပြန်လုပ်နိုင်မယ် ထင်ပါတယ်။စိတ်ပင်ပန်း လူပင်ပန်းနဲ့ ဒီကာလကြီးကို ဖြတ်ကျော်ခဲ့ကြတဲ့ အနုပညာ မောင်နှမတွေ အကုန်လုံးလည် းပင်ပန်းသွားကြပြီ ထင်ပါတယ်ဆိုပြီး ရေးသားဖော်ပြထားပါတယ် ၊ စာဖတ်ပရိတ်သတ်ကြီးများအတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။ crd
Be the first to comment
Leave a comment
Your email address will not be published.
*