Unicode … ဖုန်းအလုံး ၅၀၀ ကိုတပြိုင်တည်းအားသွင်းလို့ရပြီး တီဗီ အဝတ်လျှော်စက်တွေကိုပါသုံးနိုင်တဲ့ Power Bank ကို တီထွင်ခဲ့တဲ့အမျိုးသား
27,000,000 mAh အားရှိတဲ့ Power Bank တစ်ခု ကို ဟောင်ကောင်က ဟန်ဒီဂန်း (Handy Geng) ဆိုသူက ဖန်တီး ပြုလုပ်ထားပါတယ်။
အဲဒီ Power Bank ကြီးဟာ သာမန်ဖုန်း အလုံး ၅၀၀ လောက်ကို တ ပြိုင်တည်း အားသွင်းနိုင်ပြီး၊ လျှပ်စစ် ဆိုင်ကယ်တစ်စီး၊ တီဗီ တစ်လုံး၊ အဝတ်လျှော်စက် တစ်ခု နဲ့ လျှပ်စစ်ဟင်းချက်အိုး တစ်ခု တို့ကိုလဲ တပြိုင်တည်း အသုံးပြုနိုင် တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် အဲဒီ Power Bank ရဲ့ အရွယ် အစားဟာ ပုံမှာ မြင်ရတဲ့အတိုင်း အတော်ကြီး မားပြီး၊ လေးလဲ လေးတာကြောင့် သာမန် Power Bank တွေလို လွယ်လွယ် ကူကူ သယ်ဆောင် သွားလို့ရမယ့် အမျိုးအစားတော့ မဟုတ်ဘူးလို့ သူကဆိုပါတယ်။ crd
Be the first to comment