ဗုဒ္ဓဘာသာဝင်တို့ရဲ့ ရိုးရာဓလေ့ဖြစ်တဲ့ မိဘခြေရာယူနည်း

ဗုဒ္ဓဘာသာဝင်တို့ရဲ့ ရိုးရာဓလေ့ဖြစ်တဲ့ မိဘခြေရာယူနည်း

သိတဲ့သူတွေရှိသလို မသိတဲ့သူတွေလည်းရှိပါတယ် ၊သိတဲ့သူတွေကလည်း စနစ်တကျ ဘယ်လိုတွေယူတယ်ဆိုတာ သိသူနည်းပါတယ် ၊ မိဘခြေရာ ဘယ်လိုယူယူ ရတယ်ဆိုပေမယ့် မိဘရော သားသ္မီးရော လုပ်ထုံးလုပ်နည်းအတိုင်း ယူတော့ ပိုကောင်းတာပေါ့ဗျာ၊

ဒါကြောင့် ကျွန်တော် ဖတ်ပြီး ကိုယ်တိုင်လုပ်ဖူးတဲ့ကျေးဇူးတော်ရှင် မင်းကွန်းဆရာတော်ဘုရားကြီးနင့်ကုန်လုံဆရာတော်ကြီးတို့ရဲ့ မိဘခြေရာယူနည်းလေး ကိုမှတ်မိသလောက်ပြန်လည်မျှဝေလိုက်ပါတယ် . . .

လိုအပ်သောပစ္စည်းများ~ မုန်ညှင်းဆီ ၊ နှမ်းဆီ ၊ နနွင်းဆေးသားစွဲထင်စေမြည့်ပိတ်ဖြူစ ၊

မုန်ညှင်းဆီ နှမ်းဆီ နနွင်း သုံးမျိုးကို ရောမွှေပေးပါ

မိဘခြေရာယူမည့်နေ့

ဘယ်နေ့ယူယူ မိဘခြေရာကတော့ရတယ်ဆိုပေမယ် ဆရာတော်ကြီးများကတော့ ဗုဒ္ဓဘာသာ၏ နေ့ကြီးနေ့မြတ် (ဥပမာ ..သတင်းကျွတ်လပြည့် ၊ တန်ဆောင်တိုင်လပြည့် စသည်….) ၊ ကိုယ့်မွေးနေ့စသည့်နေ့များတွင်ယူပါက ပိုကောင်းပါတယ်လို့ပြောထားပါတယ် ၊၊

ခြေရာယူနည်း

ခြေရာမယူမီ ~~ မိဘ သားသ္မီး ရေချိုးသန့်စင်ကာ သနှ့်ရှင်းသောအဝတ်များဝတ်ဆင်ပြီး ဘုရားစင်ရှေ့တွင်ထိုင်ပါ

ခြေရာမယူမီ ဘုရားစင်ရှေ့တွင် ငါးပါးသီလခံယူပြီး ဘုရားရှိခိုးပါ ၊ ပြီးလျှင် မိဘကို မြင့်သော မြတ်သောနေရာ (ထိုင်ခုံ)တွင် ထိုင်ခိုင်းပြီး တတ်နိုင်သလောက်ပစ္စည်းဖြင့်ကန်တော့ပါ ၊ မိဘများမှလည်း ဆုပေးချီး မြှင့်ပေးပါ ၊၊

ကန်တော့ချိန်မှာသားသမီးပြောရမည့်စကား (မိဘများမွေးဖွားသန့်စင်ပြီးသည်မှစပြီး ယနေ့ မိဘခြေရာမတောင်းယူမီအထိ ကံသုံးပါးဖြင့်မတော်တဆပြစ်မှားမိခဲ့ပါက ခွင့်လွှတ်ပေးပါ ၊မသိမမြင်ရသော ဘဝများမှအပြစ်များပါမကျန် ခွင့်လွှတ်ပေးပါ ) ၃ခါပြောပါ ။ မိဘများမှ ခွင့်လွှတ်ပါတယ်ဟု (၃ကြိမ်)ပြန်ပြောပေးပါ၊

မိဘခြေရာစယူလျှင် ~~ မိဘခြေများကို ရေဇလုံတစ်ခုမှာ ရေဆေး သန့်စင်ပြီး နံသာ လိမ်းပေးပါ ၊ (သနပ်ခါးလည်းရ) ၊လိမ်းထားသော နံသာကို ခြောက်သွေ့စေရန် ယပ်တောင်ဖြင့် ယပ်ခပ်ပေးပါ ၊ ပြီးလျှင်မုန်ညှင်းဆီ ၊ နှမ်းဆီ ၊ နနွင်း ရောနယ်ထားသည်ကိုခြေဖဝါးအား သုတ်လိမ်းပေးပါ ၊

ပြီးနောက် ပိတ်ဖြူစပေါ်သို့ အမေဆို ဘယ်ခြေစ ညာခြေနောက်လိုက်ပြီးနင်းပါ အဖေဆို ညာခြေစ ဘယ်နောက်လိုက်ကာ နင်းပေးပါ မိဘများ ပိတ်ဖြူစပေါ် နင်းပြီးလျှင် မက်တက်ရပ်ကာ သရဏဂုံတည်နေပါ ၊မိဘများသရဏဂုံ တည်နေစဉ် သားသ္မီးမှ မိဘခြေအစုံကို ဦးခေါင်းဖြင့်ထိ၍ ပူဇော်ကန်တော့နေပါ ၊

ထိုစဉ် ဘေးမှ သူတစ်ယောက်မှ မိဘကို ဒီလို (၃ကြိမ်) မေးပေးရပါမယ်

(သားသ္မီးများအတွက် မိဘမေတ္တာတရားများ ဤခြေရာတွင်ထားခဲ့ပေးပါ ၊ ထားခဲ့ပါသလား)၃ကြိမ် မိဘများမှလည်း (ထားခဲ့ပါတယ်)ဟု ၃ကြိမ်ဖြေပေးရ ပါမယ် ၊ တစ်ခါမေးတစ်ခါဖြေလုပ်ပါ ပြီးနောက်မိဘခြေများကို မူလရေဇလုံအတွင်းမှာပြဲ ပန်ဆေးပြီး နံသာလိမ်းပေးပါ ၊

မိဘခြေဆေးထားသောရေဇလုံအတွင်းသို့ သား ဆို ညာလက် သ္မီး ဆို ဘယ်လက် ထည့်ပြီး မိဘတို့အပေါ် ကာယကံဝစီကံ မနောကံ တို့ဖြင့် မတော်တဆ ပြစ်မှားမိခဲ့ပါကကျေပါစေဟုဆုတောင်းပြီး ထိုရေဖြင့် ဦးခေါင်း မျက်နှာ( ၃ကြိမ် )ထိပါ ၊ မျက်နှာသစ်လျှင်လည်းရပါတယ် ၊ပြီးနောက် ခြေရာယူတားသော ပိတ်ဖြူစပေါ်၌ ခြေရာယူသည့်နေ့စွဲ ၊ အမေ အဖေ တို့၏မွေးနေ့တို့အား အမှတ်တရ ရေးထိုးပါ ၊

ထိုခြေရာယူထားသော ပိတ်ဖြူစပေါ်မှ ခြေရာအား နှစ်ကာလ ကြာသော်လည်း မိဘခြေရာထင်ကျန်စေရန် ခြေရာဘေးမှ အပ်ချဉ်၊ ဆော့ပင် တို့ဖြင့် ခြေရာအတိုင်းလိုက်ပေးပါ ။အပ်ချဉ်နဲ့လိုက်လည်းရပါတယ်” ပြီးလျှင် ညအိပ်ရာဝင်တိုင်း ကန်တော့ပြီးအိပ်ရာဝင်ပါ။ လေးစားစွာဖြင့်ပြန်လည်မျှဝေသည်။ crd

Be the first to comment

Leave a comment

Your email address will not be published.


*