ဗုံလုံသီးကိုစားပေးခြင်းဖြင့် ရရှိနိုင်သောကျန်းမာရေး အကျိုးကျေးဇူးများ

ဗုံလုံသီးကိုစားပေးခြင်းဖြင့် ရရှိနိုင်သောကျန်းမာရေး အကျိုးကျေးဇူးများ

ဗုံလုံသီးကို နေရာဒေသအလိုက် ပဲလင်းမြွေသီး၊ ပဲတောင့်ရှည်ဆိုပြီး အခေါ်အဝေါ်ကွဲပြားပါတယ်။ ဗုံလုံသီးဟာ ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ ပါကစ္စတန်၊ သီရိလင်္ကာ၊ တရုတ်နဲ့ မလေးရှားအပါအဝင် တောင်အာရှ နဲ့ အရှေ့တောင်အာရှ ဒေသတွေမှာ ပေါက်ရောက်လေ့ရှိပါတယ် ။ အာရှဒေသတွင်းက နိုင်ငံအများစုမှာ ဗုံလုံသီကို ဟင်းလျာတစ်ခွက်အနေနဲ့ နှစ်နှစ်ခြိုက်ခြိုက်စားသုံးလေ့ရှိကြပါတယ်။

ဗုံလုံသီးကို စားပေးခြင်းဖြင့် ဆီးချို ရောဂါကို ကာကွယ်နိုင်ပါတယ် ။ ဆီးချိုရှိသူတွေ စားသုံးပေးလို့ရသလို ဆီးချိုမဖြစ်ရအောင် ကြိုတင်ကာကွယ်လိုသူတွေလည်း စားသုံးပေးလို့ရပါတယ်။

ဗုံလုံသီးဟာ အသားဝါရောဂါကိုလည်း သက်သာစေနိုင်ပါသည် ။ ဗုံလုံသီးပင်ရဲ့ အရွက်ကို ဒန့်သလွန်ရွက်နဲ့တွဲစားပေးမယ်ဆိုရင် bilirubin လို့ခေါ်တဲ့ ( သွေးတွင်းအဝါဓာတ် ) ကိုကျဆင်းစေနိုင်ပြီး အသားဝါတာကို သက်သာစေနိုင်ပါတယ်။

ဒါအပြင် ကိုယ်အလေးချိန်ကျစေပြီ ကိုယ်တွင်းက အဆိပ်အတောက်တွေ ဖယ်ရှားပေးပါတယ် ။ ဗုံလုံသီးဟာ ခန္တာကိုယ်အတွင်းမှာရှိနေတဲ့ အဆိပ်အတောက်တွေကို အထိရောက်ဆုံး ဖယ်ရှားပေးနိုင်တဲ့ အသီးအနှံ တစ်မျိုးပါ။ ဆီးရွှင်စေနိုင်ပြီး ဆီးကနေတဆင့် အဆိပ် အတောက်တွေကို ဖယ်ရှားပေးသည့်အပြင် အသည်းရဲ့ လုပ်ဆောင်မှုကိုလည်း ကောင်းမွန်စေပါတယ်။

အခြားသော ကောင်းကျိုးများအနေဖြင့် နှလုံးကိုကျန်းမာစေနိုင်ခြင်း ဝမ်းမှန်စေနိုင်ခြင်း အရိုးနဲ့ သွားတွေကို ကြံ့ခိုင်စေခြင်း နှင့် ဗောက်ပျောက်စေခြင်းတို့ ဖြစ်ပါတယ် ။ ဗုံလုံသီးကို အရည်ညှစ်ပြီး ဦးရေပြားမှာ လိမ်းပေးလို့ နာရီဝက်၊ တစ်နာရီလောက်ထားပြီး ခါင်းလျှော်ပါက ဦးရေပြား အစိုဓာတ်ကို ထိန်းပေးပြီး ဗောက်ပြဿနာကို ကင်းဝေစေမှာပါ။

ဒါ့အပြင် ခံတွင်းပျက်/အစာမစားခြင် ဖြစ်နေပါက ဗုံလုံသီးကို အောက်ပါအတိုင်း ချက်စားနိုင်သည်။ လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကတော့

ဗုံလုံသီး ၁တောင့် ( အနေတော်လှီးဖြတ်ကာ အထဲမှ အူတိုင်နှင့်အစေ့တွေ ကို ဖယ်ထားပါ)

ဝက်သား ၂၀ သား ( နုတ်နုတ်စင်း ဒါမှမဟုတ် ကြိတ်စက်နဲ့ ကြိတ်ပြီး ဆား ဆနွင်း အရသာနယ် နှပ်ထားပါ)

ကြက်သွန်နီ အနည်းငယ်

ကြက်သွန်ဖြူ အနည်းငယ်

ငရုတ်သီး အပုမှုန့် အနည်းငယ်

ဆီ ၅ကျပ် သားခန့် စသည်တို့ လိုအပ်ပါတယ်။

ပထမဦးစွာ ကြက်သွန်ဖြူနီ နဲ့ ငရုတ် အပုမှုန့်ကို ညက်နေအောင် ထောင်းထပါ ။ ပြီးလျှင်ကြိတ်ထားသော အသားတွေကို အသီးထဲမှာ အစာသွပ်ပါ။ ဒီနေရာမှာ သတိပြုရမယ့်အချက်တစ်ခုက အရမ်းအပြည့်ကြီး မထည့်ပါနှင့် ။ အပြည့်ထည့်ထည့်ထားပါက ချက်တဲ့အခါမှာ ကွဲထွက်သွားတတ်ပါတယ်။

ပထမဦးစွာ အိုးထဲကို ဆီထည့်ပြီ ဆီပူလာရင် ညက်အောင်ထောင်းထားသော ကြက်သွန်ဖြူနီ နဲ့ ငရုတ် အပုမှုန့် တိုကို ဆီသတ်ပါ ။ ဆီသတ်ထားတာ မွှေးလာရင်တော့ အစာသွပ်ထားတဲ့ အသီးကိုထည့်ကာ အိပြီးအရသာဝင်သွားအောင် အဖုံးအုပ်ပြီး အရင်ချက်ပါ။ အရသာအတွက် ဆားအနည်းငယ် ထည့်ပေးပါ။

၅ မိနစ်လောက်နှပ်ထားပြီ အသီးကအိပြီးနွမ်းသွားပြီဆိုမှ ရေမြှုပ်အောင်ထည့်ပြီး မီးအေးအေးနဲ့ ချက်ပါ ။ အိုးကပ်တက်တာမို့ မကပ်အောင် ဂရုစိုက်ပါ ။ ရေခမ်းပြီး ဆီပြန်လာပြီ ဆိုရင်တော့ ထမင်းမြိန်စေမဲ့ ဗုံလုံသီး အစာသွပ်ဟင်းလေး ရပါပြီ ။ အားလုံးပဲ ကျန်းမား ချမ်းသာကြပါစေ ။

Be the first to comment

Leave a comment

Your email address will not be published.


*