ဗုံး ၂၅၀ကျော်ကို ရှာဖွေပေးခဲ့လို့ ယူကရိန်းသမ္မတရဲ့ ချီးမြှင့်ခြင်းကို ခံခဲ့ရတဲ့ သူရဲကောင်းခွေးလေး Patron
ဗုံး ၂၅၀ကျော်ကို ရှာဖွေပေးခဲ့လို့ ယူကရိန်းသမ္မတရဲ့ ချီးမြှင့်ခြင်းကို ခံခဲ့ရတဲ့ သူရဲကောင်းခွေးလေး Patron
ရုရှား-ယူကရိန်းစစ်ပွဲဟာ အချိန်ပိုကြာမြင့်လာခဲ့ပြီး ကြေကွဲဆုံးရှုံးစရာတွေ များစွာကို ကြုံတွေ့နေကြ ရပါတယ်။ ဒါပေမယ့် ဒီမုန်တိုင်းတိမ် တိုက်တွေကနေတစ်ဆင့် အလင်းတန်းတစ်ချို့ ထွန်းလင်းနေတာကို တွေ့မြင်ကြရတာပါ။
Patron ဟု အမည် ပေးထားတဲ့ ခွေးလေးဟာ အနီးရှိ ဗုံးနဲ့ ခဲယမ်းမီးကျောက် 200 ကျော်ကို ရှာဖွေရာတွင် ကြီးမားတဲ့ အကူအညီ ဖြစ်ခဲ့တာကြောင့် ယူကရိန်း သမ္မတ Volodymyr Zelensky မှ မကြာသေးခင်က ပေးအပ်ချီးမြှင့်တဲ့ ဆုကိုရရှိခဲ့တာပဲ ဖြစ်ပါတယ်။
ချစ်စရာကောင်းတဲ့ ခွေးလေးဟာ သူ့ရဲ့နှာခေါင်း သေးသေးလေးတွေနဲ့ မရေမတွက်နိုင်တဲ့ အသက်တွေကို ကယ်တင်နိုင်ခဲ့တာကြောင့် အားလုံးရဲ့အာရုံစိုက်မှုကို ရရှိခဲ့တာပဲ ဖြစ်ပါတယ်။
ယူကရိန်းသမ္မတ Volodymyr Zelensky က Myhailo lliev နဲ့ သူ့ရဲ့ ခွေးလေး Jack Russell terrier mix မျိုးစိတ်ဖြစ်တဲ့ Patron ကို ဆုတံဆိပ်များ အတူပေးအပ်ခဲ့ပြီး တစ်ခုကတော့ ယူကရိန်းနိုင်ငံတော် ဆုဖြစ်တဲ့ Order of Courage III ဘွဲ့နဲ့ ခွေးလေးအတွက် ‘Dedicated Service’ ဆုတို့ကို ချီးမြှင့်ပေးခဲ့တာပါ။
ခွေးလေး Patron ဟာ Kyivနဲ့နီးတဲ့ အရှေ့မြောက်ပိုင်းရှိ Cherni hiv တွင် ယူကရိန်း ဗုံးရှင်းလင်းရေး အဖွဲ့တွေနဲ့ အလုပ်လုပ်စဉ် ဗုံးနဲ့အခြားလက်နက် 250 ကျော်ကို အနံ့ခံရှာဖွေ ပေးနိုင်ခဲ့ပါတယ်။ ဆုပေးပွဲအခမ်းအနားကို သမ္မတကဦးဆောင်ခဲ့ပြီး သူတို့နှစ်ဦးစလုံးကို ချီးကျူးဂုဏ်ပြုပေးခဲ့တာပါ။
“ဒီနေ့ မိုင်းတွင်းမြေကို ရှင်းလင်းခဲ့တဲ့ သူရဲကောင်းတွေကို ဆုချီးမြှင့် ချင်ပါတယ် ပြီးတော့ မိုင်းအန္တရာယ် ရှိတဲ့ နေရာတွေမှာ ဖောက်ခွဲရေး ပစ္စည်းတွေကို ပျက်ပြယ်စေရုံမကပဲ မိုင်းအန္တရာယ်ရှိတဲ့ ဒေသတွေမှာ လိုအပ်တဲ့ ဘေးကင်းစည်းမျည်းတွေကို ကလေးတွေကို သင်ကြားပေးတဲ့ အံ့သြစရာ စစ်အင်ဂျင်နီယာတပ်သားနဲ့ Patron တို့က ကျွန်တော်တို့ရဲ့ သူရဲကောင်းတွေပါပဲ ” ဟု ပြောကြား သွားခဲ့ပါတယ်။
Patron ကဆုချီးမြှင့်စဉ်မှာ သမ္မတ Zelensky ကို အမြီးတွန့်ကာဟောင်ခဲ့ပြီး ပရိတ်သတ်တွေက ကြည်နူးစရာ မြင်ကွင်းလေးကြောင့် ရယ်မောခဲ့ကြပါတယ်။ crd ; SHWEMOM
Zawgyi … ဗုံး ၂၅၀ကျော်ကို ရှာဖွေပေးခဲ့လို့ ယူကရိန်းသမ္မတရဲ့ ချီးမြှင့်ခြင်းကို ခံခဲ့ရတဲ့ သူရဲကောင်းခွေးလေး Patron
Be the first to comment
Leave a comment
Your email address will not be published.
*