ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာဒုက္ခသည်စခန်း တတိယအကြိမ် မီးလောင်မှုဖြစ်ပွားခဲ့
ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာဒုက္ခသည်စခန်း တတိယအကြိမ် မီးလောင်မှုဖြစ်ပွားခဲ့
Unicode … ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာဒုက္ခသည်စခန်း တတိယအကြိမ် မီးလောင်
ဘင်္ဂလားဒေ့ရှ် အရှေ့တောင်ဘက် ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ ဇန်နဝါရီ ၉ ရက်နေ့က မီးလောင်မှု ဖြစ်ပွားခဲ့တာကြောင့် ဒုက္ခသည်နေအိမ် ၁၀၀ ကျော် မီးလောင်ကျွမ်းခဲ့ပြီး လူအသေအဆုံး စာရင်းကိုတော့ အတည်မပြုနိုင်သေးပါဘူး။
လက်ရှိ ရိုဟင်ဂျာ တသန်းနီးပါး နေထိုင်နေတဲ့ အဲဒီ ကော့ဘဇားဒုက္ခသည်စခန်းရဲ့ Camp အမှတ် ၁၆ မှာ မီးလောင်မှု စဖြစ်ခဲ့တာပါ။ မီးကို ထိန်းချုပ်နိုင်ခဲ့ပြီး၊ ဘာကြောင့် လောင်ကျွမ်းမှု ဖြစ်ရသလဲဆိုတာ စုံစမ်းနေဆဲပါလို့ ဒုက္ခသည်စခန်းတာဝန်ခံ မိုဟာမဒ် ရှမ်ဆုဒ်ဒိုဇာက ပြောပါတယ်။
ပြီးခဲ့တဲ့တပတ်ကလည်း ဒုက္ခသည်စခန်းရဲ့ ကိုဗစ်-၁၉ကုသရေးစင်တာမှာ မီးလောင်မှုတခု ဖြစ်ခဲ့ပါသေးတယ်။ကော့ဘဇားဟာ ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်းဖြစ်ပြီး ပြီးခဲ့တဲ့နှစ် မတ်လကအကြီးအကျယ် မီးလောင်ခဲ့ပြီး ၁၅ဦး သေဆုံး၊ အိမ်ခြေ ၁၀၀၀ ကျော် မီးလောင်ကျွမ်းခဲ့ပါတယ်။ crd
Be the first to comment
Leave a comment
Your email address will not be published.
*