ဘီယာနှင့်ဒူရင်းသီး တွဲစားမိပြီးနောက်၂ နာရီအကြာတွင် ရုတ် တရက်သေဆုံးသွားတဲ့ ဖြစ်ရပ်မှန်

ဘီယာနှင့်ဒူရင်းသီး တွဲစားမိပြီးနောက်၂ နာရီအကြာတွင် ရုတ် တရက်သေဆုံးသွားတဲ့ ဖြစ်ရပ်မှန်

ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် ဆန်ဆိုင်းမြို့တွင် နေထိုင်သည့် အ သက် ၂၄ နှစ်အရွယ် စစ်သည် တပ်သား စူရိယာသည် ပြီးခဲ့ တဲ့ မေလ ၅ ရက်နေ့ ည ၂၀:၀၀ ချိန်ခန့်က ဘီယာ ၁လုံးခွဲသောက်ပြီးနောက် ဒူးရင်းသီး ၂ မွှာစားပြီး ၂ နာရီခန့် အကြာတွင် ကုတင်ပေါ်တွင် ထိုင်နေရင်း ရုတ်တရက် မူးမိုက်ကာ အ သက်ရှူကျပ်တယ်ဟု ပြောဆိုပြီး လဲကျသေဆုံး သွားခဲ့ကြောင်းသိရသည်။

၄င်း၏ ဇနီးဖြစ်သူ “နောင့်မင်း“ ၏ ပြောပြချက်အရ သူနှင့်ခင်ပွင်းဖြစ်သူတို့ဟာ ညနေပိုင်းက ရပ်ကွက်ရှိ စျေးတွင် စားစရာများနှင့် ဘီယာ ၂ လုံး ဝယ်လာကြပါတယ်။ ခင်ပွန်းဖြစ်သူမှ ဒူးရင်းသီး စာချင်တယ်ဟုဆိုကာ ခင်ပွန်းဖြစ်သူ ကိုယ်တိုင်ဝယ်ခဲ့ပါတယ်။

အဲ့ဒီနောက် အိမ်မှာ ဘီယာထိုင်သောက်ပြီး ဒူးရင်းသီး၂ မွာကိုထိုင်းစားပြီး သိပ်မကြာဘူး ည ၂၂:၀၀ အချိန်မှာ ခေါင်းမူးတယ် ၊ မျက်စေ့တွေ ပြာလာတယ်လို့ ပြောပြီး ချက်ချင်းလဲကျသွားတာဘဲ ယခင်ကလိုဘဲ နောက်ပြောင် ကျိီဆယ်နေတာဘဲလို့ထင်သဖြင့် လှုပ်နိုးခဲ့ပေမယ့် မရတော့တဲ့အဆုံး အရေးပေါ်အဖွဲ့ကို ဆက်သွယ်ခဲ့ပါတယ်။ ဆေးရုံရောက်တော့ အသက်မရှ်ိတော့ဘူးလို့ သေဆုံးသူရဲ့ ဇနီးဖြစ်သူက ပြောပြပါတယ်။

ဆရာဝန်ရဲ့ စစ်ဆေးချက်အရ သေဆုံးသူမှာ ဘာရောဂါအခံမှမရှိကြောင်း ၊ ဆေးစာအရ ရာသီဥတုပူပြင်းမှုကြောင့် ဦးဏှောက်သွေးကြောပေါက်ပြီး သေဆုံးတာဖြစ်တယ်လို့ ဆိုပါတယ်။

ဘာဘဲဖြစ်ဖြစ် အပူချိန် မြင့်မားနေတဲ့အချိန်မှာ အစားအ သောက် အနေအထိုင်လေးတွေကို သတိပြုကြဘို့ လိုပါတယ်။အခန့်မသင့်ရင် အသက်အန္တရာယ် ရှိနိုင်ပါတယ်နော်။

#သောက်နိုင်တာသည် လူတော်မဟုတ်။ ရှောင်နိုင်ခြင်းသည်သာ လူတော်။ခရက်ဒစ်

Be the first to comment

Leave a comment

Your email address will not be published.


*