မကြာခင်လက်ထပ်တော့မယ့် သတို့သားလောင်းနဲ့အတူ ရိုက်ကူးထားတဲ့ Pre Wedding ပုံရိပ်တွေကိုပြသလာတဲ့ စုလင်းရှိန်
“ မာယာလှည့်ကွက်”၊ “စေတလုံးမောင်ဘုန်း” စတဲ့ ဇာတ်လမ်းတွဲတွေထဲက သရုပ်ဆောင် စုလင်းရှိန်ကို ပရိသတ်ကြီးရင်းနှီးပြီးသားဖြစ်မှာပါ။ စုလင်းရှိန်ဟာ နာမည်ရစပြုနေတဲ့အချိန်မှာပဲ နိုင်ငံရေးပြဿနာတွေကြောင့် ပရိသတ်တွေရဲ့ ဝေဖန်မှုတွေကို ခံခဲ့ရတာပဲဖြစ်ပါတယ်။ အဲ့ဒါကြောင့်ပဲ လ အတော်ကြာ ပရိသတ်တွေရှေ့ကနေ ပျောက်ကွယ်သွားခဲ့ပြီး”စေတလုံးမောင်ဘုန်း” ဇာတ်လမ်းတွဲပြသချိန်မှာ လူမှုကွန်ယက် စာမျက်နှာကို ပြန်လည် အသုံးပြုခဲ့တာဖြစ်ပါတယ်။
ချစ်သူရဲ့ လက်ထပ်ခွင့် တောင်းဆိုခြင်းကို လက်ခံခဲ့ကြောင်းပရိသတ်တွေကို အသိပေးခဲ့တဲ့ စုလင်းရှိန်ဟာ အခုဆိုရင် သူမရဲ့ မင်္ဂလာပွဲအတွက် ပြင်ဆင်နေပြီပဲဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စုလင်းရှိန်က သူမရဲ့ မင်္ဂလာပွဲ အမှတ်တရရိုက်ကူးထားတဲ့ Pre Wedding ပုံတွေကို ချပြပြီး သူမရဲ့ ခင်ပွန်းလောင်းကိုလည်း ပရိသတ်တွေဆီ ချပြပေးခဲ့တာကို တွေ့ရပါတယ်။
စုလင်းရှိန်ကတော့ ချစ်သူနဲ့အတူတူ ရိုက်ကူးထားတဲ့ Pre Wedding ပုံတွေတောင် ချပြနေပြီဆိုတော့ သူမတို့ရဲ့ မင်္ဂလာပွဲလေးက မဝေးတော့မယ့်အချိန်တစ်ခုမှာ ကျင်းပတော့မယ်လို့ ထင်ပါတယ်။ လတ်တလောမှာတော့ စုလင်းရှိန်က အနုပညာ အလုပ်အသစ်တွေကိုလည်း မလုပ်ကိုင် သေးတာကို တွေ့ရပါတယ် ။ crd
Zawgyi … မကြာခင်လက်ထပ်တော့မယ့် သတို့သားလောင်းနဲ့အတူ ရိုက်ကူးထားတဲ့ Pre Wedding ပုံရိပ်တွေကိုပြသလာတဲ့ စုလင်းရှိန်
Be the first to comment