မကြေးစည်ဇာတ်လမ်းတွဲရိုက်ကူးပြီး ကွယ်လွန်သွားကြတဲ့ ဒါရိုက်တာ အောင်ဗပါဝါ နဲ့ ဦးလူမုန်းတို့ရဲ့ အမှတ်တရပုံလေးတွေနဲ့ သတိရကြောင်း ပြောပြလာခဲ့တဲ့ နက္ခတ်

မကြေးစည်ဇာတ်လမ်းတွဲရိုက်ကူးပြီး ကွယ်လွန်သွားကြတဲ့ ဒါရိုက်တာ အောင်ဗပါဝါ နဲ့ ဦးလူမုန်းတို့ရဲ့ အမှတ်တရပုံလေးတွေနဲ့ သတိရကြောင်း ပြောပြလာခဲ့တဲ့ နက္ခတ်

ပရိသတ်ကြီးရေ နက္ခတ်ကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော် သရုပ်ဆေင်မင်းသားချောတစ်လက်ပဲဖြစ်ပါတယ်။ လောလောလတ်လတ်ပြီးဆုံးသွားခဲ့တဲ့ “မကြေးစည်” ဇာတ်လမ်းတွဲလေးမှာလည်း ပါဝင်ခဲ့ပြီး ဇာတ်လမ်းတွဲလေးပြီးဆုံးသွားချိန်မှာတော့ လွမ်းနေကြမယ့် ပရိသတ်တွေ အတွက် ရိုက်ကွင်းအမှတ်တရ ပုံလေးတွေကို မျှဝေလာခဲ့ပါတယ်။

ပုံလေးတွေနဲ့ အတူ ” ”မကြေးစည်” ဇာတ်လမ်း တွဲလေးလည်း ပြီးဆုံးသွားပါပြီ မီးတွေ ပျက်နေတဲ့ ကြားထဲက ဖုန်းဘေလ် ကုန်ခံ ပြီး အားပေးကြတဲ့ ပရိတ်သတ်တွေ အားလုံးကို လဲ ကျေးဇူးတင်ပါတယ်။ ဒီကားလေးမှာပါဝင် သရုပ်ဆောင်ဖို့ ကမ်းလှမ်းခဲ့တဲ့ ဆရာဦးသီ ကိုလဲ ကျေးဇူးတင်ပါတယ်ဗျ။

ဒီဇာတ်လမ်းတွဲ လေးကို ရိုက်ကူးခဲ့တဲ့ ဆရာဦးအောင်ဗပါဝါ နဲ့ အတူတူ သရုပ်ဆောင်ခဲ့ကြတဲ့ ဘဘဦးလူမုန်း ကို ဇာတ်လမ်းတွဲ ရိုက်ကူးပြီးလို့နှုတ်ဆက်ခဲ့ ရတာ ဟာ အပြီးတိုင်နှုတ်ဆက်ခြင်းလို့ မထင်ခဲ့မိဘူးဗျာ။ လူ့ဘဝဆိုတာ ရခဲလှတဲ့အပြင် ရှင်သန်ရမယ့်အချိန်တွေ ဟာလဲ တိုတောင်းလွန်းပါတယ် ။

လူသားအားလုံးအပေါ် မေတ္တာစိတ်ကိုရှေ့ထား၍အပြစ်မမြင် ချစ်ခင်ပြီးအပြုံးပန်း ဝေဆာစွာနဲ့ လှပတဲ့ ဘဝလေးတွေ တည်ဆောက် နိုင်ကြပါစေလို့ဆုတောင်း ပေးလိုက်ပါတယ်။ မတူညီတဲ့ ဇာတ်ကောင်တွေနဲ့ ပရိတ်သတ်တွေဆီကို ကျွန်တော် ပြန်လာခဲ့ပါမယ်။

အားလုံးကို အစဉ် ထာဝရ ချစ်ခင် လေးစား လျက် “နက္ခတ်””ဆိုပြီး ကျေးဇူးတင်စကားရယ် နောက်ထပ်မတူညီတဲ့ ဇာတ်ကောင်တွေနဲ့ ထပ်လာဦးမှာမို့ ပရိသတ်တွေစောင့်မျှော်ပေးကြဖို့နဲ့ အမြဲတမ်းကြိုးစားပြီး ပရိသတ်ကိုလေးစားလျှက်ပါလို့ပါ မျှဝေထားခဲ့ပါတယ် ပရိသတ်ကြီးရေ။ ခရက်ဒစ်

Be the first to comment

Leave a comment

Your email address will not be published.


*