Unicode … မင်္ဂလာနှစ်ပတ်လည် အလှူအဖြစ် ဆွမ်းကပ်အလှူလေးကို အဝေးကနေပဲလှူဒါန်းခဲ့တဲ့ အာဇာနည်တို့ ဇနီးမောင်နှံ
ပရိသတ်ကြီးရေ အာဇာနည်ကတော့ အနုပညာလောကမှာ ဆယ်စုနှစ်(၂)ခုကျော်တိုင်အောင်မြင်တဲ့ ထိပ်တန်းအဆိုတော်တစ်ယောက်အနေနဲ့ ရပ်တည်နေတဲ့ အရည်ချင်းပြည့်ဝလှတဲ့ အနုပညာရှင်တစ်ယောက်ပါ။
ပျော်ရွှင်စရာ မိသားစုဘဝလေးကိုလည်း တည်ဆောက်ထားနိုင်ပြီး ပရိသတ်တိုင်းက အားကျနေရတဲ့ အထိပါပဲ။မနေ့က အောက်တိုဘာလ (၂၇)ရက်နေ့လေးကတော့ ပရိသတ်တွေရဲ့အချစ်တော် အာဇာနည်တို့ ဇနီးမောင်နှံရဲ့ မင်္ဂလာနှစ်ပတ်လည်ကျရောက်တဲ့ နေ့ရက်လေးပဲဖြစ်ပါတယ်။
မနေ့က မင်္ဂလာနှစ်ပတ်လည်နေ့ရက်လေးမှာတော့ အာဇာနည်တို့ ဇနီးမောင်နှံက မင်္ဂလာသက်တမ်း (၁၈)နှစ်ပြည့်မြောက် သွားခဲ့တာပဲ ဖြစ်ပါတယ်။ မင်္ဂလာနှစ်ပတ်လည် အလှူလေးအနေနဲ့တော့ ဆွမ်းကပ် အလှူလေးကို လှူဒါန်းခဲ့ပါတယ်။
အာဇာနည်တို့ မိသားစုက ချမ်းမြေ့ရိပ်သာ ဘုန်းကြီးကျောင်းမှာ ရာသက်ပန်ဆွမ်းအလှူလေး လှူဒါန်းခဲ့တာဖြစ်ပြီး အခက်အခဲတွေကြောင့် ဆွမ်းကပ်အလှူလေးကိုတော့ အဝေးကနေပဲ ကပ်လှူခွင့် ရရှိခဲ့ပါတယ်တဲ့။
ပရိသတ်ကြီးတွေလည်း အာဇာနည်တို့ ဇနီးမောင်နှံရဲ့ မင်္ဂလာနှစ်ပတ်လည် အလှူလေးကို သာဓုခေါ်ဆိုပြီး မင်္ဂလာနှစ်ပတ်လည် ဆုတောင်းစကားလေးတွေပြောပေးခဲ့ကြပါဦးနော်။ ခရက်ဒစ်
Be the first to comment
Leave a comment
Your email address will not be published.
*