မင်းဟာ မြန်မာနိုင်ငံက လူလတ်တန်းစား မိသားစုမှာ မွေးလာတဲ့ လူငယ်တစ်ယောက်ဖြစ်ခဲ့ရင်

မင်းဟာ မြန်မာနိုင်ငံက လူလတ်တန်းစား မိသားစုမှာ မွေးလာတဲ့ လူငယ်တစ်ယောက်ဖြစ်ခဲ့ရင်

ပညာတတ်အောင် သင်ရတယ် ။ ပညာအခြေခံ ကောင်းကောင်းမရှိရင် အလုပ် ကောင်းကောင်းတစ်ခု ရဖို့ မလွယ် ကူဘူး။ ယုတ်စွ အဆုံး ကိုယ်ပိုင်စီးပွားရေး လုပ်ခဲ့ရင်တောင် မင်းတတ် ထားတဲ့ ပညာက ခရီးဝေးဝေး ပေါက်မြောက်စေ လိမ့်မယ်။ ကမ္ဘာအဆင့်မီ ပညာရေးကို ရဖို့ဆို ရင်တော့ မင်းအများကြီး ပေးဆပ် ရလိမ့်မယ်။

ပညာတတ်လာပြီဆို လူတန်းစေ့ ဝင်ငွေရအောင် အလုပ်တစ်ခု ရှာဖွေရတယ်။ တည်ဆောက် ရတယ် ။ မင်းအတွက် အသင့်ပြင် ထားတဲ့ စနစ်ဆိုတာ မရှိဘူး။ ဖြစ်ပျက်နေတဲ့ စနစ်ထဲကနေ မင်းအတွက် တစ်နေရာစာ ကိုယ်တိုင်ဖန်တီးယူရတယ်။ သမ္မာအာဇီဝကျဖို့နဲ့ လုံလောက်တဲ့ ဝင်ငွေရဖို့ကလဲ မင်းအတွက် ခက်ခဲမယ့် အခြေအနေ တစ်ခုပါပဲ။

အချစ်တစ်ခု ရှိတဲ့ဘဝကို တည်ဆောက်ရတယ်။ အချစ်စစ်နဲ့ ကြုံလာရင်တော့ မင်းသိပ်ကံကောင်း တာပေါ့ကွာ။ ဒါပေမယ့် လောကကြီးက ဖြောင့်တန်းမနေတဲ့အတွက်ကြောင့် မင်းကို နားလည် လက်ခံပေးတဲ့ လူတစ်ယောက်နဲ့ ဆုံနိုင်ဖို့ မင်းအတွက် သိပ်ခက်ခဲ လိမ့်မယ် ။

ဘဝအသိုက်အမြုံ တစ်ခုကို ကိုယ့်လက်ကိုယ့်ခြေနဲ့ တည်ဆောက် ရတယ်။ ဒီအပိုင်းကတော့ အပေါ်က အရာတွေ ပြည့်စုံနေပြီးမှ တည်ဆောက်ရင် ပြိုပျက်ဖို့ မလွယ်ကူတော့ဘူးပေါ့ ။ မှန်ပါတယ်။ လူလတ်တန်းစား လူငယ်တွေ အတွက် ဒီနိုင်ငံမှာ လူဖြစ်ရတာ သိပ်ကို ပင်ပန်းပါ တယ် ။ Crd

Add a Comment

Your email address will not be published. Required fields are marked *