မင်းသမီး တန်မိုရဲ့ဈာပန အမှတ်တရပန်းစည်းမှာ မန်နေဂျာ “ကသစ်” ရေးထားတဲ့စာ
ထိုင်းမင်းသမီးလေး တန်မိုးရဲ့ဈာပန အခမ်းအနားကို ယနေ့ကစပီး ၃ ရက်တိုင်အောင် ကျင်းပသွားမှာ ဖြစ်ပါတယ် ။ ဖြစ်ရပ်ဆိုးကြီး ကြုံတွေ့ခဲ့ရတဲ့ မင်းသမီးလေးကို ချစ်တဲ့ ပရိတ်သတ်တွေနဲ့ လုပ်ဖော်ကိုင်ဖတ်တွေက အမှတ်တရပန်းစည်းတွေလည်း ပို့ပေးကြပါတယ် ။
အမှတ်တရ ပန်းစည်းတွေထဲမှာ မင်းသမီးတန်မိုးရဲ့ မန်နေဂျာ “ကသစ်”က လည်း အောက်ပါအတိုင်း စာနှင့်တကွ ပန်းစည်းပေးပို့ ခဲ့တာကြောင့် အားလုံးက ဝေဖန်နေကြပါတယ် ။
” မိုရေ… နင့်ကိုငါ အရမ်းလွမ်းတယ်။ နင်နဲ့ငါက နှစ်၂၀ နီးပါး ပျော်ရွှင်လည်းအတူတူ၊ ဝမ်းနည်းလည်းအတူတူ နေလာခဲ့ကြတာပါ။ နင်နဲ့ ဆုံစည်းခွင့်ပေးခဲ့တဲ့ ဘုရားသခင်ကိုလည်း ကျေးဇူးတင်ပါတယ်။
နင်က ငါ့ရဲ့သူငယ်ချင်းဆိုတာထက် ပိုတဲ့ မိသားစုတွေပါဟာ။ နင်က ငါ့နှလုံးသားထဲမှာ အမြဲရှိနေမှာပါ။ နင့်ကိုငါ ကောင်းကောင်း ဂရုမစိုက်နိုင်ခဲ့တဲ့အတွက် တောင်းပန်ပါတယ်… မန်နေဂျာ ကသစ် ” ဆိုပြီး ပန်းစည်းမှာ ရေးသားထားတာပဲဖြစ်ပါတယ် ။ crd
Zawgyi … မင်းသမီး တန်မိုရဲ့ဈာပန အမှတ်တရပန်းစည်းမှာ မန်နေဂျာ “ကသစ်” ရေးထားတဲ့စာ
Be the first to comment