မင်္ဂလာဦးအလှူအဖြစ် လက်လုပ်လက်စားပြည်သူ ၅၅ ဦးအတွက် အခြေခံစားသောက်ကုန်များ လှူဒါန်းခဲ့တဲ့ နေတိုးတို့ဇနီးမောင်နှံ

မင်္ဂလာဦးအလှူအဖြစ် လက်လုပ်လက်စားပြည်သူ ၅၅ ဦးအတွက် အခြေခံစားသောက်ကုန်များ လှူဒါန်းခဲ့တဲ့ နေတိုးတို့ဇနီးမောင်နှံ

ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီနေတိုး၏ မင်္ဂလာဦးအလှူအဖြစ် ရခိုင်မှ လက်လုပ်လက်စားပြည်သူ ၅၅ ဦးအတွက် အခြေခံ စားသောက်ကုန်များကို ယနေ့ လှူဒါန်း လိုက်ကြောင်း သိရသည်။

ကျပ် ၁ဝ သိန်းခန့် တန်ဖိုးရှိ ဆန်၊ ဆီ၊ ဆား၊ ငါးခြောက်၊ ပဲ တို့အပါအဝင် အခြေခံ စားသောက်ကုန် ၁၁ မျိုးကို ၁၁ မီး ငြိမ်းစေရန် ရည်ရွယ်ပြီး လှူဒါန်းခြင်းဖြစ်ကြောင်း အလိုတော်ပြည့်ကျောင်းတိုက်(ရန်ကုန်)မှ အရှင်ကုမာရက ကမိန့်သည်။

“ရခိုင်က တစ်နေ့ရမှ တစ်နေ့ဖြတ်သန်းရတဲ့ လူတွေအတွက် လှူဒါန်းတာပါ။ နေတိုးရဲ့ မင်္ဂလာဦးအလှူပေါ့ ။ တပါင်းလပြည့်နေ့နဲ့ တိုက်တိုက် ဆိုင်ဆိုင်ပေါ့လေ ။ သူလည်း နောက်ထပ် ပွဲကြီးပွဲကောင်း မင်္ဂလာပွဲတေ ွ ဆောင်ရင်ဆောင်အုံးမှာပေါ့။ အဲ့ခါမှ ကြီးကြီးမားမား တတ်နိုင်သလောက် လှူပါလိမ့်မယ်” ဟု ပြောသည်။

နေတိုး၏ မင်္ဂလာဦးအလှူ စားသောက်ကုန်များကို ဘူးသီးတောင်မြို့ မြို့သစ် (၅) ရပ်ကွက်ရှိ လက်လုပ် လက်စားပြည်သူ ၅၅ ဦးအတွက် အရှင်ကုမာရမှတဆင့် ယနေ့ မတ်လ ၁၆ ရက် ညနေတွင် လှူဒါန်းခဲ့ခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ် မာန်အောင် ဇာတိဖြစ်သည့် သရုပ်ဆောင်နေတိုးသည် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ချစ်သူဖြစ်သူ မာန်အောင်သူ မသဲစုမြတ်ရွှေနှင့် မင်္ဂလာဆောင် လက်မှတ် ရေးထိုး ခဲ့သည် ။ ခရက်ဒစ် မူရင်း

Be the first to comment

Leave a comment

Your email address will not be published.


*