မယားငယ်ထားတဲ့ ခင်ပွန်းဖြစ်သူကို မယားကြီးက ကြေးစားငှားကာ ပညာပြန်ပေးလိုက်တဲ့ အဖြစ်အပျက်

မယားငယ်ထားတဲ့ ခင်ပွန်းဖြစ်သူကို မယားကြီးက ကြေးစားငှားကာ ပညာပြန်ပေးလိုက်တဲ့ အဖြစ်အပျက်

ထိုင်းနိုင်ငံက အမျိုးသမီးတစ်ဦးဟာ သူ့ရဲ့ ပလေးဘွိုင်း ခင်ပွန်းသည်ကို သတ်ခဲ့တဲ့ သေနတ်သမားကို ငှားရမ်းခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံခဲ့ပြီး ခင်ပွန်းဖြစ်သူမှာ အခြားအမျိုးသမီးတွေနဲ့ ရှုပ်ထွေးတဲ့ ကိစ္စတွေ လည်းရှိတဲ့အပြင် သူမကိုလည်း မကြာခဏဆိုသလို ကိုယ်ထိလက်ရောက် နှိပ်စက်မှုတွေ ရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့သို့ ပြောကြားခဲ့ပါတယ်။

ဘန်ကောက်မြို့၊ ဘန်ခန် ခရိုင်၊ နဆက် ဆာဘီ ထိုင်းရိုးရာအနှိပ်ခန်းရှေ့မှာ အသက် ၄၁ နှစ်အရွယ်ရှိ ချူးဆရီ သောင်ခမ်းဆိုသူ အမျိုးသမီးကို ရဲတပ်ဖွဲ့က အင်္ဂါနေ့မှာ ဖမ်းဆီးရမိခဲ့ကြောင်း တိုင်းမှူးရဲချုပ် ဖူ သီဒက်ဂျ် ဘွန်ကရာဖူက ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့ပါတယ်။

သူမကို လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ်တုန်းက ဆူရက် သနီ ပြည်နယ်၊ ချိုင်ရာ ခရိုင်တရားရုံးမှာ အမှုဖွင့် ဖမ်းဝရမ်း ထုတ်ခဲ့တာဖြစ်တယ်လို့လည်း သိရကာ ခင်ပွန်းဖြစ်သူကို သတ်ဖြတ်မှု၊ ခိုးမှု၊ သေနတ် ဥပဒေ ချိုးဖောက်မှုတွေနဲ့ တရားစွဲဆိုထားတာလည်း ဖြစ်ပါတယ်။

CSD စုံစမ်းစစ်ဆေးသူတွေမှာ ဘန် ခန်မှာ အနှိပ်သမအဖြစ် လုပ်ကိုင်နေတဲ့ မစ္စ ချူဆရီ သောင်ခမ်းကို အဲ့ဒီနေရာမှာပဲ ဖမ်းမိခဲ့တာဖြစ်ပါတယ်။ စစ်ဆေးမေးမြန်းစဉ်အတွင်း သူမဟာ ခင်ပွန်းသည်နဲ့ ၁၁ နှစ်ကြာ နေထိုင် ခဲ့ဖူးပြီး ခင်ပွန်းသည်မှာ အမျိုးသမီးတွေ များစွာနဲ့ ရှုပ်ထွေးပွေလီကာ ရှာထားသမျှ ပိုက်ဆံတွေကိုလည်း အဆိုပါ အမျိုးသမီးတွေကိုပဲ ပေးခဲ့တယ်လို့ ပြောပြခဲ့ပါတယ်။

ဒီ့အတွက်ကြောင့် မကြာခဏ စကားများလေ့ရှိပြီး ခင်ပွန်းမှာ သူမကို ကိုယ်ထိလက်ရောက်စော် ကားခဲ့ခြင်းတွေ ရှိခဲ့တယ်လို့လည်း ရှင်းပြခဲ့ပါတယ်။ ခင်ပွန်းဖြစ်သူက သေနတ်တစ်လက်အမြဲလိုလို ဆောင်ထားပြီး တစ်နေ့မှာ ဇနီးသည် သူမကို သတ်ပစ်မှာ စိုးရိမ်ပူပန်လာတာကြောင့် သူ့ကို ဦးအောင် သတ်ဖို့ ရည်ရွယ်ချက်နဲ့ ကြေးစားသေနတ်သမားကို ဘတ် ၁ သိန်းနဲ့ ငှားရမ်းပြီး သတ်ခိုင်းခဲ့ခြင်းဖြစ် တယ်လို့ ဝန်ခံပြောပြခဲ့ပါတယ်။ crd ; ဘန်ကောက်လမ်းညွန်ကိုစိုင်း

Be the first to comment

Leave a comment

Your email address will not be published.


*