Unicode … မသမာသူတွေကြောင့် ရင်ကွဲမတတ် ခံစားနေရကြောင်း မျက်ရည်တွေနဲ့ေ့ပြာပြလာတဲ့ တက္ကသိုလ်ဂွမ်းပုံ
တီဂွမ်းလို့ ကိုယ့်ကိုကိုယ် ချစ်စနိုးလေးနဲ့ ပြောတတ်တဲ့ တက္ကသိုလ် ဂွမ်းပုံက တော့ အနုပညာ လောကမှာ အကျော်ကြားဆုံး ဇာတ်ပို့ သရုပ်ဆောင် တစ် ယောက်ဖြစ်ပါတယ်။ ကျရာ အခန်းကဏ္ဍ ကို အကောင်းဆုံး ကြိုးစားသရုပ် ဆောင်နိုင်တဲ့ တက္ကသိုလ် ဂွမ်းပုံဟာ သူမရဲ့အနုပညာသက် တမ်းတစ်လျှောက်မှာ အကယ်ဒမီ ထူးချွန်ဆုကြီးကိုလည်း ဆွတ်ခူးရရှိ ခဲ့ပြီးပြီပဲ ဖြစ်ပါတယ်။
လတ်တလောမှာတော့ တက္ကသိုလ်လဂွမ်းပုံဟာ အနုပညာ လှုပ်ရှားမှုတွေ ကို ရပ်နားထားပြီး အနားယူနေတာပဲ ဖြစ်ပါတယ် ။ ဒီကနေ့မှာတော့ တက္ကသိုလ်ဂွမ်းပုံဟာ သူမသိပ်ချစ်ရတဲ့ ခွေးလေးနှစ်ကောင်ကို ဆုံးရှုံးလိုက်ရကြောင်း “😭ကိုယ်စီးပွား တက်ဖို့အတွက်..သူတပါး အသက်ကို အဆိပ်ပစ်ရ သတဲ့လားကွယ်😭မင်းစီးပွားတွေ တက်ပါစေ 😭မင်းငါရင်ကွဲ သလို မကွဲပါစေနဲ့… 😭
ငါ့ကလေးနှစ်ကောင်..ကိုငါ့ရင်ထဲက ဆွဲထုတ်သွားသလို..နင့်ဘဝမှာ မကြူံပါစေနဲ့ . . 😭😭😭😭😭😭😭😭” ဆိုပြီး သူမခွေးလေးတွေ အဆိပ် ပစ်ခံရကြောင်း ရင်ဖွင့်လာပါတယ် ။ တက္ကသိုလ်ဂွမ်းပုံကတော့ ကိုယ်စီးပွားတက်ဖို့အတွက် သူတစ်ပါးအသက်ကို မညှာတာတဲ့ သူတွေနဲ့ ဆုံတွေ့ခဲ့ရပြီး သူမရဲ့ ရင်နဲ့အမျှ ချစ်ရတဲ့ ခွေးလေးနှစ်ကောင်ကို ဆုံးရှုံးလိုက်ရတာကြောင့် တော်တော်လေး စိတ်ထိခိုက် ဝမ်းနည်းနေရတာပဲ ဖြစ်ပါတယ်။ crd
Be the first to comment
Leave a comment
Your email address will not be published.
*