မိကျောင်းကို ရေချိုးသန့်စင် ပေးသည့်အပြင် သွားပါတိုက်ပေးနေတဲ့ အသက် ၅ နှစ်အရွယ် ကလေးမလေး

မိကျောင်းကို ရေချိုးသန့်စင် ပေးသည့်အပြင် သွားပါတိုက်ပေးနေတဲ့ အသက် ၅ နှစ်အရွယ် ကလေးမလေး

မိကျောင်းများသည် ချွန်ထက်သောသွားများနှင့် ကိုယ်ထည်ကြီးမားကာ အနားကပ်ဖို့ပင် မလွယ်ပဲ ကြောက်မက်ဖွယ် ကောင်းလှသည်။ သို့ပေမယ့် အင်ဒိုနီးရှားနိုင်ငံမှ အသက် ၅ နှစ်အရွယ် မိန်းကလေးငယ် တစ်ဦးသည် အိမ်မှာမွေးထားသည့် မိကျောင်းပေါက်လေး တစ်ကောင်ကို မကြောက်လန့်ပဲ အနားမှာတစ်ချိန်လုံး ခေါ်ထားပြီး အတူတူ ကစားလေ့ရှိသည်။

ကလေးမလေးသည် မိကျောင်းပေါက်လေးကို ရေချိုး သန့်စင်ပေးပြီး အစာစားပြီးနောက်မှာ သွားတိုက်တံနဲ့ အတူ သွား တိုက်ပေးကာ အမွှေးနံ့သာ များကိုလည်း လိမ်းပေး တတ်သေးသည်။

ကလေးမလေးသည် မိကျောင်းပေါက်လေးနှင့် ကစားဖော် ကစားဖက် အဖော်ဖြစ်နေပြီး မိကျောင်းလေး ကလည်း သခင်ဖြစ်သူ ကလေးမလေး လုပ်ပေးသမျှကို ငြင်းဆန်ခြင်း မရှိ အန္တရာယ်ပြုခြင်း မရှိပဲ ငြိမ်ခံပေးနေတာကြောင့် အများမှ အံ့အား သင့်နေခဲ့ကြသည်။ crd

Zawgyi … မိေက်ာင္းကို ေရခ်ိဳးသန္႔စင္ ေပးသည့္အျပင္ သြားပါတိုက္ေပးေနတဲ့ အသက္ ၅ ႏွစ္အ႐ြယ္ ကေလးမေလး

မိေက်ာင္းမ်ားသည္ ခြၽန္ထက္ေသာသြားမ်ားႏွင့္ ကိုယ္ထည္ႀကီးမားကာ အနားကပ္ဖို႔ပင္ မလြယ္ပဲ ေၾကာက္မက္ဖြယ္ ေကာင္းလွသည္။ သို႔ေပမယ့္ အင္ဒိုနီးရွားႏိုင္ငံမွ အသက္ ၅ ႏွစ္အ႐ြယ္ မိန္းကေလးငယ္ တစ္ဦးသည္ အိမ္မွာေမြးထားသည့္ မိေက်ာင္းေပါက္ေလး တစ္ေကာင္ကို မေၾကာက္လန္႔ပဲ အနားမွာတစ္ခ်ိန္လုံး ေခၚထားၿပီး အတူတူ ကစားေလ့ရွိသည္။

ကေလးမေလးသည္ မိေက်ာင္းေပါက္ေလးကို ေရခ်ိဳး သန္႔စင္ေပးၿပီး အစာစားၿပီးေနာက္မွာ သြားတိုက္တံနဲ႔ အတူ သြား တိုက္ေပးကာ အေမႊးနံ႔သာ မ်ားကိုလည္း လိမ္းေပး တတ္ေသးသည္။

ကေလးမေလးသည္ မိေက်ာင္းေပါက္ေလးႏွင့္ ကစားေဖာ္ ကစားဖက္ အေဖာ္ျဖစ္ေနၿပီး မိေက်ာင္းေလး ကလည္း သခင္ျဖစ္သူ ကေလးမေလး လုပ္ေပးသမွ်ကို ျငင္းဆန္ျခင္း မရွိ အႏၲရာယ္ျပဳျခင္း မရွိပဲ ၿငိမ္ခံေပးေနတာေၾကာင့္ အမ်ားမွ အံ့အား သင့္ေနခဲ့ၾကသည္။ crd

Be the first to comment

Leave a comment

Your email address will not be published.


*