မိခင်ကိုလွမ်းလွန်လို့ဆိုပြီး မိဘနှစ်ပါးလုံးကိုမြုပ်ထားတဲ့ သင်္ချိုင်းမြေပုံကိုနေ့တိုင်းသွားပီး အမေအဖေနာမည်ခေါ်နေတဲ့ ကလေးငယ်

မိခင်ကိုလွမ်းလွန်လို့ဆိုပြီး မိဘနှစ်ပါးလုံးကိုမြုပ်ထားတဲ့ သင်္ချိုင်းမြေပုံကိုနေ့တိုင်းသွားပီး အမေအဖေနာမည်ခေါ်နေတဲ့ ကလေးငယ်

လူတိုင်းကတော့ တစ်ချိန်ချိန် တစ်နေ့နေ့မှာ ကိုယ်ချစ်ရသူတွေနဲ့ ကြုံဆုံ၊ ကွဲကွာ၊ ထားရစ် ခဲ့ရမှာပါပဲလေ။ ဒီတစ်ခေါက်မှာလည်း 2နှစ် သားအရွယ် မလေးရှားနိုင်ငံက ကလေးငယ် တစ်ယောက်ဟာ ကားအက်ဆီးဒင့်ကြောင့် မိဘနှစ်ပါးလုံးကို တစ်ကြိမ်ထဲမှာပဲ ဆုံးရှုံးသွားခဲ့ရပါတယ်။

မိခင်ကို အတော်လေး လွမ်းဆွတ်နေခဲ့တဲ့ သားငယ်လေးဟာ မိ ဘနှစ်ပါးလုံးကို မြုပ်နှံထားတဲ့ သဲမြေပုံလေး အကြား သဲမြေတွေနဲ့ ဆော့ကစားနေခဲ့တာကို မခံစားနိုင်လို့ ကလေးငယ်ရဲ့ အ ဖြစ်ကို အဒေါ်ဖြစ်သူက Facebook စာမျက်နှာပေါ်မှာ ဝေမျှပေးခဲ့ပါတယ်။

အဒေါ်ဖြစ်သူ ရေးသားထားခဲ့တာကတော့ ” ကလေးငယ်က အမေနဲ့ စကားပြောချင်တယ်ဆိုလို့ သူ့ရဲ့မိဘနှစ်ပါးကို မြုပ်နှံထားတဲ့ နေရာကို ခေါ်လာပေးခဲ့တာပါ။ သူ့ရဲ့ အမေက ဒီနေရာမှာရှိနေတယ်ဆိုပြီး ပြောပြလိုက်ချိန်မှာတော့ ကလေးငယ်က‘မေမေ ၊ မေမေ ‘ ဆိုပြီးအော်ခေါ်နေခဲ့တာပါ။

ကလေးငယ်က အိမ်ခေါ်ပြန်လို့လည်း မရတော့ပါဘူး။ အိမ်မှာသဲတွေ လုံးဝမဆော့တဲ့ကလေးက ဒီမှာကျ သဲမြေတွေနဲ့ဆော့ကစားနေခဲ့တာပါ။ သူ့မိဘတွေကို အတော်လေး သတိရနေပုံပါပဲ အိမ်ပြန်ဖို့လည်း ငြင်းနေခဲ့တယ်။

နောက်တစ်ကြိမ်မှ ပြန်လာလည်ရအောင် Arfan ဆိုပြီး ပြောခဲ့ရတယ် ” ဆိုပြီး ကလေးငယ်ရဲ့ ရင်နင့်ဖွယ် အဖြစ်ကို ရေး သားထားခဲ့တာပါ။ သားလေးဟာ အခုချိန်မှာတော့ အဘွားဖြစ်သူနဲ့အတူ နေထိုင်လျက်ရှိပြီး မိဘနှစ်ပါး ရှိရာနေရာသို့ အမြဲသွားရောက် လည်ပတ်လေ့ ရှိကြောင်းလည်း သိရှိရပါတယ်။

ဒါကြောင့်မို့ အခုလိုတန်ဖိုးရှိလွန်းလှတဲ့ အချိန်လေးမှာ ကိုယ်ချစ်ရသူတွေကို အချိန်ပေးပြီး တန်ဖိုးရှိတဲ့ အချိန်မျိုးတွေ ၊ အမှတ် တရမျိုးတွေ ဖန်တီးပြီး အကောင်းဆုံး ရှေ့ဆက် လျှောက်လှမ်းကြဖို့ ပြောဆို လိုက်ရပါတယ်နော်။

Be the first to comment

Leave a comment

Your email address will not be published.


*