Unicode … မိန်းမကို လစာမအပ်ချင်လို့ ဂျင်းထည့်လိုက်ကာမှ လစာမရတဲ့အပြင် အပိုအလုပ်ပါရသွားတဲ့ အမျိုးသားရဲ့အဖြစ်
ဗီယက်နမ်နိုင်ငံမှ ခင်ပွန်းဖြစ်သူ တစ်ဦးသည် လစာ ထုတ်လာသည့် ရက်တွင် ဇနီး ဖြစ်သူအား ငွေအကုန် မအပ် ချင် တာကြောင့် လိမ္မော်သီး တစ်လုံးကို ယူလာပြီး ဗီယက်နမ်ငွေ ၁၀ သန်းကို လောင်းကြေး လုပ် ကာ စိန်ခေါ်ကစားခဲ့သည်။
ခင်ပွန်းဖြစ်သူသည် ဇနီးသည် အား လိမ္မော်သီး တစ်လုံး ကို ပေးကာ အထဲတွင် ဘယ်နှစ်မွှာ ရှိလဲဆိုပြီး ခန့်မှန်း ခိုင်းခဲ့သည် ။လောင်းကြေးမှာ ဇနီးဖြစ်သူမှ သူမရှုံးပါက လစာအကုန် မအပ်နဲ့ဟု ဆိုကာ ခင်ပွန်းဖြစ်သူ ရှုံးပါက လောင်းကြေးဖြစ်တဲ့ ဗီယက်နမ်ငွေ ၁၀သန်းနဲ့အတူ တစ်လလုံးလုံး ပန်းကန်ဆေး တာဝန်ယူရမည်ဟု၍ ဖြစ်သည် ။
ဇနီးသည်မှ လိမ္မော်သီးကိုသေချာ ကိုင်ကြည့်ပြီး ၁၃မွှာ ဟုပြောလိုက်ရာ တကယ်တမ်း ခွဲချိန်တွင် လည်း အဖြေနှင့် ကွက်တိ ဖြစ်နေခဲ့သည်။ မိန်းမကို လစာမအပ်ချင်လို့ ဂျင်းထည့်လိုက်ကာမှ လစာအပြင် အပိုငွေပါပြန် ပေးလိုက်ရတဲ့ ခင်ပွန်းတစ်ယောက် ကြေကွဲသွားခဲ့ ရသည်။ Crd
Be the first to comment
Leave a comment
Your email address will not be published.
*