မိန်းကလေးတွေရဲ့ဆံပင်ပုံစံကို ကြည့်လိုက်ရုံနဲ့ အပျိုလား၊အိမ် ထောင်ရှင်လားဆိုတာ အလွယ်တကူခွဲခြားနိုင်တဲ့ရွာ

မိန်းကလေးတွေရဲ့ဆံပင်ပုံစံကို ကြည့်လိုက်ရုံနဲ့ အပျိုလား၊အိမ် ထောင်ရှင်လားဆိုတာ အလွယ်တကူခွဲခြားနိုင်တဲ့ရွာ

မိန်းကလေးတွေရဲ့ ဆံပင်ပုံစံကို ကြည့်လိုက်ရုံနဲ့ အပျိုလား၊ ပိုင် ဆိုင်သူ ရှိပြီးသား အိမ်ထောင်ရှင်လားဆိုတာ ခွဲခြားသိနိုင်တဲ့ ကျေးရွာလေးတစ်ရွာ မြန်မာနိုင်ငံမှာ ရှိနေတယ်ဆိုရင် မအံ့သြဘဲ နေမယ့်သူသိပ်ရှိမှာ မဟုတ်ပါဘူး။

မြန်မာ့ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေကို ဘိုးဘွားစဉ်ဆက် အခုအချိန်အထိ တန်ဖိုးထား ထိမ်းသိမ်းကြတဲ့ မြန်မာနိုင် ငံအလယ်ပိုင်းက ရွာလေးတစ်ရွာမှာ မိန်းကလေးနဲ့ ယောက်ျားလေးတွေ အားလုံး ဆံရစ်ဝိုင်းနဲ့သျှောင်ပေစူးလေးတွေ ကိုယ်စီ ထားကြပါတယ်။

ရွာလေးရဲ့နာမည်က ရေပုတ်ကြီးလို့ ခေါ်ပါတယ်။ မကွေးတိုင်း ပွင့်ဖြူမြို့နယ်ထဲက လမ်းပန်းဆက်သွယ်ရေး ခက်ခဲလှတဲ့နေရာမှာ တည်ရှိပါတယ်။ ရေပုတ်ကြီးရွာလို့ ဆိုလိုက်ရင် ဆံရစ်ဝိုင်းနဲ့တွဲပြီး သိကြတယ်လို့ ရွာသားတွေက ပြောကြပါတယ်။

တစ်ရွာလုံးက မိန်းကလေး၊ ယောက်ျားလေးတွေက နို့စို့ အရွယ် ကလေးငယ် ဘဝကတည်းက စတင်ပြီး ရိုးရာ ဆံပင်ပုံစံ ထားကြတာပါ။ အခု လောလောဆယ် ရွာမှာ ဆံရစ်ဝိုင်း ထားသူ စုစုပေါင်း ၆၇၄ ယောက် ရှိပါတယ်။

အသက်အရွယ်အလိုက် ဆံပင်ပုံစံ အခေါ်အဝေါ်မတူ မိန်းက လေးတွေထားတဲ့ ဆံပင်ပုံစံကို ဆံရစ်ဝိုင်းလို့ခေါ်ပြီး ယောက်ျားလေးတွေရဲ့ ရိုးရာဆံပင်ပုံစံကိုတော့ သျှောင်ပေစူးလို့ ခေါ်ပါတယ်။ ဒီဆံပင်ပုံစံကို ရင်ခွင်ပိုက် ကလေးငယ် အရွယ်လေးတွေမှာ စတင်ထားကြတာပါ။

လသားအရွယ်မှာ ငယ်ထိပ်ပေါ်မှာ ဦးစွန်းဖုတ်လို့ခေါ်တဲ့ ဆံပင်လေးကို ပထမဆုံး စထားပါတယ်။ အဲဒီ ဆံပင်ပုံစံကို ကြည့်ပြီး သူဟာ မိခင်ရဲ့ရင်ခွင်မှာ ခိုလှုံနေတဲ့ ကလေးအရွယ်သာ ရှိပါသေးတယ်လို့ ဖော်ပြတာဖြစ်ကြောင်း ရေပုတ်ကြီးရွာသူ မပြုံးပြုံးရီက ဘီဘီစီကို ပြောပါတယ်။

ကလေးတွေ သုံးနှစ်၊လေးနှစ် အရွယ်ရောက်တော့ အဲဒီဆံပင်လေးကို ကြက်တောင်စည်းလေး စတင် စည်းလာပါတယ်။ဒါက မိခင်ရင်ခွင်မှာ နို့စို့နေတဲ့အရွယ်ကနေ ကင်းလွတ်ပြီး လမ်း လျှောက်ကစားနိုင်တဲ့ အရွယ်ရောက်ပြီဆိုတာ ဖော်ပြတဲ့သ ဘောဖြစ်ပါတယ်။

တခါ အသက် ၉ နှစ် ၁၀ နှစ် အရွယ် ရောက်တဲ့အခါ ကြက် တောင်စည်းလေးတွေ ရှည်လာပြီး မိန်းကလေးတွေက ဆံရစ် ဝိုင်းပေါ်မှာ ဆံထုံးလေးတွေ ထုံးလို့ရလာကြပြီး ယောက်ျားလေးတွေကလည်း သျှောင်ပေစူးလေးတွေ စထုံးလို့ ရလာကြပါပြီ။

အဲဒါက သားတို့ သမီးတို့ဟာ ကျောင်းနေအရွယ် ရောက်ကြပါပြီလို့ ဆံပင်နဲ့ပုံဖော် ပြသတာဖြစ်တယ်လို့ မပြုံးပြုံးရီက ပြောပါတယ်။ အဲဒီကတဆင့် မိန်းကလေးတွေ ၁၅ နှစ် ၁၆ နှစ်အ ရွယ်ရောက်တော့ ဂျပန်ဆံထောက်လို့ခေါ်တဲ့ ဆံထောက် ဆံပင် ထားကြပါတယ်။

အဲဒီဆံပင်ပုံကို ကြည့်ပြီး ဒီမိန်းကလေးတွေဟာ ကလေးဘဝ အရွယ်ကျော်လွန်လို့ အပျိုဖော်ဝင်လာတဲ့ အရွယ်ပါလို့ ဆံပင်နဲ့ ဖော်ပြတာဖြစ်ပါတယ်။ ၁၇ နှစ် ၁၈ နှစ် ရောက်တော့ ဂျပန် ဆံထောက် နောက်ကောက်လို့ခေါ်တဲ့ နားနောက်မှာ ဆံထောက်ကွေးလေးတွေထားတဲ့ ပုံစံပြောင်းလဲ ထားကြပါတယ်။

ဒီမိန်းကလေးက အပျိုလေး ဖြစ်ပါပြီ၊ ချစ်ချင်သူတွေ ချစ်လို့ ရပါပြီ၊ ပိုးချင်ပန်းချင်သူတွေလည်း ပိုးပန်းလို့ ရပါပြီလို့ အဲဒီဆံပင်က ဖော်ပြပါတယ်။

ကိုယ်ပြောချင်တဲ့ စကားကို နှုတ်ကနေ ဖွင့်ဟ မပြောဘဲ ဆံပင်လေးတွေနဲ့ ပုံဖော်ပြီး ပြောတာလို့ ရှေးလူကြီးသူမတွေက ပြောခဲ့တယ်ဆိုပြီး မပြုံးပြုံးရီရဲ့ မိခင်နဲ့ အဘွား ပြန်ပြောပြတယ်လို့ ဆိုပါတယ်။

အိမ်ထောင်ကျ သွားတဲ့ အမျိုးသမီးတွေကတော့ ဆံရစ်ဝိုင်း တွေဖြုတ်လိုက်ပြီး ဆံပင်ကို အုပ်လုံးသိမ်းလိုက်ကြပါတယ်။ဆို လိုတာက သူ့မှာ အုပ်ထိန်းသူ လင်ယောက်ျား ရှိပါပြီ၊ ပိုးပန်း ချင်သူတွေ မချစ်ကြ မပိုးပန်းကြပါနဲ့တော့လို့ ဖော်ပြတာဖြစ်ပါတယ်။

ကလေးဘဝ ခံစားချက်ငယ်ငယ်တုန်းက အနီးဝန်းကျင်က ရွာတွေသွားတဲ့အခါ ဆံရစ်ဝိုင်းနဲ့ ဆံပင်ပုံကို ကြက်ချေးပုံ နွားချေးပုံ ခေါင်းမှာ တင်ထားတာလို့ စကြနောက်ကြတာ တွေခံရလို့ ဆံရစ်ဝိုင်းကို ဘာကြောင့်များ ထားပေးရတာလဲ ဒီဆံပင်မထားချင်တော့ဘူးလို့ မိဘတွေကို ပြန်ပြောခဲ့မိတယ်လို့ မပြုံးပြုံးရီက ပြောပါတယ်။

မိဘတွေက ကဲ့ရဲ့တာတွေ ဂရုမစိုက်ဖို့နဲ့ ဘိုးဘွား လက်ထက်က တည်းက အစဉ်အလာမပျက် ထားခဲ့တဲ့ ရိုးရာယဉ်ကျေးမှုကိုထိန်းသိမ်းတဲ့အနေနဲ့ ဆံရစ်ဝိုင်းလေးတွေ ထားတာလို့ ရှင်းပြခဲ့ပြီး အခုတော့ နားလည်လာပါပြီလို့ သူကပြောပါတယ်။

အမျိုးသားတွေကတော့ ရှင်ပြုတဲ့အရွယ် ခေါင်းတုံး တုံးပြီးတဲ့နောက်မှာ ဆံရစ်ဝိုင်းကို ဆက်မထားတော့ဘဲ သာမန်ဘိုကေပုံစံ ထားကြတာ များတယ်လို့ ပွင့်ဖြူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းက ပြောပါတယ်။

အလယ်တန်း အထက်တန်းကျောင်းမရှိ အိမ်ခြေ ၆၅၀ လောက်ရှိပြီး လူဦးရေ ၃၀၀၀ ကျော်ရှိတဲ့ ရေပုတ်ကြီး ရွာကလေးဟာ လမ်းပန်းဆက်သွယ်ရေး မကောင်းတဲ့အတွက် ဒေသ ဖွံ့ဖြိုးမှုကလည်း နိမ့်ကျတယ်လို့ ဒေသအာဏာပိုင်တွေက ပြောပါတယ်။

စာသင်ကျောင်း ဆိုလို့လည်း လေးတန်း အထိသာ သင်နိုင်တဲ့ မူလတန်းကျောင်း တစ်ကျောင်းသာ ရှိခဲ့ပြီး ၂၀၁၅ ခုနှစ်ကမှ အဲဒီ ကျောင်းလေးက အလယ်တန်းကျောင်း အဆင့်ဖြစ်လာတယ်လို့ လွှတ်တော် အမတ် ဦးထွန်းထွန်းက ပြောပါတယ်။

အလယ်တန်းကျောင်းကနေ အထက်တန်းကျောင်း အဆင့်အထိ ဖြစ်လာနိုင်ဖို့ အခြေအနေကလည်း နည်းပါးသေးတယ်လို့ သူက ပြောပါတယ်။ သူတို့ရွာနဲ့ အနီးဆုံးအထက်တန်းကျောင်းက ၈ မိုင်အကွာမှာရှိတဲ့ ရှောက်တော ကျေးရွာမှာပဲရှိပါတယ်။

တစ်ဦးတည်းသော ရေပုတ်ကြီးရွာသား တက္ကသိုလ်ကျောင်းသား
ရွာကနေ မြို့ကိုသွားနိုင်တဲ့ အနေအထားမရှိတဲ့အတွက် ရွာမှာပ ညာ ထွန်းပေါက်သူကလည်း ရှားပါးတယ်၊ တက္ကသိုလ်အထိ တက်နိုင်သူက ရေပုတ်ကြီးရွာတစ်ရွာလုံးမှာ တစ်ယောက်ပဲ ရှိသေးတယ်လို့ ပွင့်ဖြူမြို့နယ် အမတ်နဲ့ရွာခံလူတွေက ပြောပါတယ်။

အဲဒီကျောင်းသားက ကိုနိုင်အေးဆိုတဲ့ အသက် ၂၄ နှစ် အရွယ် လူငယ်ဖြစ်ပြီး အခု မကွေးနည်းပညာ တက္ကသိုလ်မှာ ပညာသင်နေတာ နောက်ဆုံးနှစ်ကို ရောက်နေပါပြီ။ မောင်နှမ ငါးယောက်ရှိတဲ့ ကိုနိုင်အေးက သူ့ထက်ငယ်တဲ့ ညီတွေ ညီမတွေက ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျကုန်ကြပြီလို့ ဆိုပါတယ်။

တက္ကသိုလ် ပညာသင်နိုင်တဲ့အထိ ဖြစ်လာဖို့ သူကြိုးစားခဲ့ရတာလည်း လွယ်လွယ်ကူကူတော့ မဟုတ်ပါဘူး။ မူလတန်းကျောင်းသာရှိတဲ့ ရေပုတ်ကြီးရွာကနေ ၄ တန်းအောင်တော့ ရွာနဲ့ ၈မိုင်ဝေးတဲ့ ရှောက်တောရွာအထိ နေ့စဉ် နေပူပူမိုးရွာရွာ စက်ဘီးနင်းပြီး ကျောင်းတက်ခဲ့ရတယ်လို့ ကိုနိုင်အေးက ပြောပါတယ်။

လမ်းတဝက်က မြေနီလမ်း၊ ကျန်လမ်းတဝက်သာ ကျောက်လမ်းရှိအတွက် ခက်ခက်ခဲခဲသွားခဲ့ရတဲ့ ဒီခရီးကို ၅တန်းကနေ ၉ တန်းအထိ နေ့စဉ်စက်ဘီးနဲ့ ကျောင်းတက်ခဲ့တာပါ။ ၁၀တန်း နှစ်ရောက်တော့ ဘော်ဒါနေရင်း ကျောင်းတက်ခဲ့တာ ဖြစ်ပါတယ်။

မိုးကသည်း စက်ဘီးကလည်း ပျက်တဲ့ အခါမျိုးမှာ လမ်းမပေါ် တစ်ယောက်တည်း ထိုင်ငိုနေခဲ့မိပြီး ကျောင်း ဆက်မတက်ချင်တော့ဘူး ဆိုတဲ့ စိတ်မျိုးတွေ ပေါ်ပေါက်ခဲ့ဖူးတယ်လို့ သူက ပြန်ပြောပြပါတယ်။

အခုတော့ ၂၀၁၈ ခုနှစ်က မြေနီလမ်းလေး ဖောက်လုပ်ခဲ့တဲ့ အတွက် အရင်ကထက် သွားရေး လာရေး ပိုမို လွယ်ကူလာပြီမို့ ကလေးတွေ တခြားရွာ အလွယ်တကူ သွားပြီး အထက်တန်းကျောင်း တက်နိုင်ကြပြီလို့ ရွာသားတွေက ပြောပါတယ်။

ဒေသဖွံ့ဖြိုးမှုနိမ့်ကျ
ရေပုတ်ကြီးရွာဟာ မိုးခေါင်ရေရှား အရပ်ဒေသမှာ တည်ရှိတဲ့ အတွက် ရေရှားပါးလှပါတယ်။ လက်ခပ် ရေတွင်း တွေကိုသာ အသုံးပြုကြရပြီး နွေရာသီ ရောက်တဲ့ အခါမှာ အဲဒီတွင်းတွေက ရေတွေ ခန်းခြောက်သွားတဲ့ အတွက် ရေပြတ်လပ်တဲ့ ဒုက္ခကို နှစ်စဉ် ကြုံရတတ် တယ်လို့ ရွာခံတွေက ပြောပါတယ်။

တစ်ရွာလုံးမှာ လျှပ်စစ်မီးလည်း မရှိသေးပါဘူး။ အခုတော့ ရိုး ရာ ဓလေ့ကိုအမြတ်တနိုး လက်ဆင့်ကမ်း ထိန်းသိမ်းကြတဲ့ ရိုး သားတဲ့ ရေပုတ်ကြီး ရွာလေးအကြောင်း တစစသိလာကြပြီး အနယ်နယ် အရပ်ရပ်က လာရောက်လည်ပတ်တဲ့ ဧည့်သည်တွေလည်း ပိုများလာကြပါပြီ။

ရေပုတ်ကြီး ရွာသူ ရွာသားတွေကတော့ သူတို့ ရွာလေး ပိုမို တိုးတက်လာစေဖို့ မျှော်လင့် နေကြပါတယ်။

( မြန်မာနိုင်ငံမှာ ရှေးက ဘိုးဘွားရိုးရာအမွေအနှစ်ဖြစ်တဲ့ ‌သျှောင်ပေစူး၊ ဆံရစ်ဝိုင်း ထားတဲ့ ဓလေ့ကို ညောင်ဦးမြို့နယ် စက်စက်ယိုရွာ၊ ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးရွာ၊ နွားထိုးကြီးမြို့နယ် ဆံရစ်ဝိုင်းရွာ တို့တွင် ယနေ့အထိ ထိန်းသိမ်းထားပါသည်။ခရက်ဒစ်

Be the first to comment

Leave a comment

Your email address will not be published.


*