မိန်းမထက်ပိုချစ်ရတဲ့ တစ်ယောက်သောသူကို သူ့ဆီပြန်လာဖို့ လူသိရှင်ကြား တောင်းပန်လာခဲ့တဲ့ ခင်လှိုင်
မိန်းမထက်ပိုချစ်ရတဲ့ တစ်ယောက်သောသူကို သူ့ဆီပြန်လာဖို့ လူသိရှင်ကြား တောင်းပန်လာခဲ့တဲ့ ခင်လှိုင်
သရုပ်ဆောင် တစ်ယောက်လည်းဖြစ်သလို ဒါရိုက်တာ တစ်ယောက်လည်းဖြစ်တဲ့ ခင်လှိုင်ကတော့ အနုပညာ လောကမှာ မသိတဲ့သူ မရှိလောက် အောင် ထင်ရှားတဲ့ အနုပညာရှင် တစ်ယောက် ဖြစ်ပါတယ်။ ခင်လှိုင် ကတော့ ပရိသတ်တွေအပေါ် စေတနာထားပြီး အလုပ်အပေါ်ကိုလည်း သစ္စာရှိတာကြောင့် တစ်နေ့ထက်တစ်နေ့ အောင်မြင်လာခဲ့တာပဲ ဖြစ်ပါတယ်။
ဒါပေမယ့် စိတ်မကောင်းစွာနဲ့ပဲ အကယ်ဒမီ ဆုကြီးနဲ့ လွဲချော်နေတဲ့ ခင်လှိုင်ကတော့ ပရိသတ်တွေ ရင်ထဲကပေးတဲ့ အကယ်ဒမီ ဆုတွေကိုတော့ အကြိမ်ကြိမ်ရရှိနေသူ တစ်ယောက်ဆိုလည်း မမှားပါဘူး။ အနုပညာ အလုပ်တွေရပ်နားထားခဲ့တာ နှစ်နဲ့ချီကြာမြင့် ခဲ့ပြီဖြစ်တဲ့ ခင်လှိုင်ဟာ ဒီကနေ့ မှာတော့ အနားမှာ မရှိတော့သူ တစ်ယောက်ကို သတိရနေကြောင်းကို
“…တမ်းတစိတ်… ငါ့အနားမှာမင်းရှိနေတဲ့အချိန်တုန်းကပေါ့…တန်ဖိုးထားရကောင်းမှန်းမသိခဲ့ဘူး……ငါ့အတွက်မင်းကအချိန်မရွေးရှိနေမယ်လို့…ရူးမိုက်စွာတွေးထားတာလေ… တစ်ချို့သောမိတ်ဆွေကောင်းတွေကတော့…စေတနာစကားတွေနဲ့သတိပေးပါတယ်…ကောင်လေး သတိထား,,,တစ်နေ့မှာ…သူကထားသွားမှာတဲ့…မှန်လိုက်တဲ့စကား…အခုတော့…ကျွန်တော့်အနားမှာသူမရှိတော့ပါဘူး😭😭😭 နောင်တကြီးစွာ…တောင်းပန်ပါတယ်… ပြန်လာပါကွယ်…ပိုက်ဆံရယ်💰💰💴💴💵💵💶💶💷💷💸💸💰💰” လို့ဆိုကာ ခံစားချက်အပြည့်နဲ့ ကဗျာရေးစပ်သီကုံးခဲ့တာကို တွေ့ရပါတယ်။
ခင်လှိုင်ကတော့ အနုပညာ အလုပ်တွေကို နှစ်နဲ့ချီ ရပ်နားထားတာမို့ ဝင်ငွေမရှိတော့တဲ့အတွက် ပိုက်ဆံကို တမ်းတ သတိရကြောင်း ခံစားချက်အပြည့်နဲ့ ပြောလာ တာပဲဖြစ်ပါတယ် ။ ပရိသတ်ကြီး ထဲမှာလည်း ခင်လှိုင်နဲ့ ခံစားချက်ချင်းထပ် တူကျနေသူတွေ အများအာပားရှိ နေမယ်ဆိုတာ သေချာပါတယ်။ Source: Khin Hlaing’s fb
Zawgyi … မိန်းမထက်ပိုချစ်ရတဲ့ တစ်ယောက်သောသူကို သူ့ဆီပြန်လာဖို့ လူသိရှင်ကြား တောင်းပန်လာခဲ့တဲ့ ခင်လှိုင်
Be the first to comment
Leave a comment
Your email address will not be published.
*