မိဘတွေအလုပ်ကြိုးစားပြီး ကျောင်းထားပေးခဲ့တာကို အမြဲအမှတ် ရနေစေဖို့ ဘွဲ့ရဓာတ်ပုံကို လယ်ယာထဲမှာ ရိုက်ကူးခဲ့တဲ့မိန်းကလေး

မိဘတွေအလုပ်ကြိုးစားပြီး ကျောင်းထားပေးခဲ့တာကို အမြဲအမှတ် ရနေစေဖို့ ဘွဲ့ရဓာတ်ပုံကို လယ်ယာထဲမှာ ရိုက်ကူးခဲ့တဲ့မိန်းကလေး

မိဖတွေဟာ သူတို့ကလေးတွေရဲ့ အနာဂတ်အတွက် ငွေတွေကိုစုဆောင်းတတ်ကြပါတယ်။ တစ်ချို့မိဖတွေဟာ ကလေးတွေကို ဘဝအကြောင်း သင်ကြားပေးဖို့ စကားလုံးတွေထက် အပြုအမူတွေကို သုံးတတ်ကြပါတယ်။

ရွှေ့ပြောင်း အလုပ် သမား မက္ကဆီကို မိသားစုတစ်စုဟာ သူတို့ရဲ့ ကလေးတွေကို ကြိုးစားမှုရဲ့ အရေးပါပုံကို သင်ကြားပေးဖို့အတွက် ကောင်းမွန်တဲ့ နည်းလမ်းတစ်ခုကို တွေ့ရှိခဲ့တာပါ။ သူတို့ရဲ့သမီးဖြစ်သူ ဘွဲ့ရပြီးနောက်မှာတော့ မိဖတွေကြည်နူးမိစေမယ့် ချို့မြိန်တဲ့လက်ဆောင်တစ်ခု ပြန်ပေးခဲ့တာ ဖြစ်ပါတယ်။

Jennifer Rocha ရဲ့ မိဖတွေဟာ မက္ကဆီကိုကနေပြီး အမေရိကန်သို့သွားရောက်ကာ ကောလိပ်တက်ပြီး သူတို့ရဲ့အိပ်မက်တွေကို အကောင် အထည်ဖော်ဖို့ အခွင့်အရေး မရခဲ့ပါဘူး။ ဒါကြောင့် Jennifer ရဲ့မိဖတွေဟာ ရွှေ့ပြောင်းတောင် သူတွေအဖြစ် အလုပ်ကြိုးစားကာ သမီးဖြစ်သူကို ပညာရေးရဲ့အရေးပါပုံကို သင်ကြားပေးခဲ့ပါတယ်။

ကျောင်းကပြန်လာတဲ့အချိန်တိုင်း Jennifer ဟာ လယ်ယာတွေဆီကို အပြေးအလွှား လာရောက်ကာ အလုပ်လုပ် ကိုင်ပေးလေ့ရှိတာဖြစ်ပြီး သူမမိသားစုရဲ့ အလုပ်တွေဟာ ညနောက်ကျမှ ပြီးဆုံးလေ့ရှိတာပါ။ ညဘက် နှစ်နာရီ သုံးနာရီလောက် အိပ်ပြီးတာနဲ့ နောက်ထပ် အလုပ်လုပ်ဖို့ ထကြရပြန်ပါတယ်။

ဒါတွေဟာ ကာယလုပ်အားနဲ့ အိပ်ရေးမဝရုံတင် သပ်သပ်မဟုတ်ပဲ အလုပ်ကြိုးစားတဲ့သူတွေဟာ လေးစားမှုနဲ့ ဘယ်လောက်ထိုက်တန်ကြောင်းကို သူမသဘောပေါက်ခဲ့တာ ဖြစ်ပါတယ်။လူတွေဟာ ကုန်စုံဆိုင်တွေမှာ အစားအစာတွေ ဝယ်ယူ တဲ့အခါ ဘယ်လိုကြိုးစားအားထုတ်မှုတွေ လုပ်ထားရတယ်ဆိုတာကို သတိမပြုမိကြပါဘူး။

သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေလိုမျိုး ရိုးရှင်းတဲ့အရာတွေရဲ့နောက်မှာ လယ်သမားတွေရဲ့ ကျန်းမာရေးတွေ၊ ခါးနာခြင်း၊ ပိုးမွှားအန္တရာယ်တွေနဲ့ မလုံလောက်တဲ့အခြေအနေတွေ ရှိလို့နေပါတယ်။

Jennifer ရဲ့ကောလိပ်နှစ်တွေအတွင်းမှာ သူမရဲ့မိသားစုဟာ သူမအတွက် အဆောင်ထားဖို့ မတတ်နိုင်တဲ့အတွက် ခရီးအဝေးကြီးကနေ သွားလိုက်လာလိုက်လုပ်ကာ သူမရဲ့မိဖတွေနဲ့အတူ လယ်ယာလုပ်ကိုင်းရင်း ကျောင်းတက်ခဲ့ရပါတယ်။

“ကျွန်မအကြိမ်ကြိမ် အရှုံးပေးချင်ခဲ့တယ် ဒါပေမယ့် ကျွန်မရဲ့မိဖတွေ၊ သူတို့ရဲ့အကြံအဥာဏ်တွေ၊ ပံ့ပိုးမှုတွေက ကျွန်မဆက်လျှောက်မိတဲ့ အကြောင်းအရင်း ဖြစ်စေခဲ့ပါတယ်” လို့ Jennifer က ပြောကြားခဲ့ပါတယ်။

ဘွဲ့ရဓာတ်ပုံကို သူတို့ရဲ့လယ်ယာမှာ ရိုက်ကူးခဲ့တာကJennifer ဟာ သူမမိဖတွေဆီကို ပေးတဲ့လက်ဆောင်ကောင်းတစ်ခုဖြစ်ပြီး ခုလိုမျိုးသူမဘွဲ့ရပြီး ကြံ့ခိုင်တဲ့သူတစ်ယောက်ဖြစ်လာခဲ့တဲ့အတွက် မိဖတွေကို ကျေးဇူးတင်တယ်လို့ Jennifer က ဆိုပါတယ်။ source ; SHWEMOM

Add a Comment

Your email address will not be published. Required fields are marked *