Unicode … မိမိုက်လွန်းတဲ့ ဖက်ရှင်အလန်းစားတွေဆင်မြန်းပြီး သားလေးနဲ့အတူ ရိုက်ထားတဲ့ပုံရိပ်တွေကို မျှဝေလာတဲ့ နှိုင်းယှဉ်မြင့်မိုရ်
ကျရာ ဇာတ်ရုပ်တိုင်းကို ပီပီပြင်ပြင် သရုပ်ဆောင် မှုတွေအပြင် ပွင့်ပွင့်လင်းလင်းနဲ့ စကားပြော ဟန်ပန်လေးတွေကြောင့် ပရိသတ်တွေရဲ့ အချစ်ကိုပိုင်ဆိုင်ထားသူကတော့ နှိုင်းယှဉ်မြင့်မိုရ် ပဲဖြစ်ပါတယ် ။
စည်းစည်းလုံးလုံးနဲ့ ပျော်ပျော်နေတတ်တဲ့ မိသားစု ပုံရိပ်လေးတွေကလည်း ပရိသတ်တွေကို သဘောကျစေခဲ့တာပဲ ဖြစ်ပါတယ်နော်။
ခုလို ကာလလေးမှာတော့ အနုပညာအလုပ်တွေ နားထားပေမယ့်လည်း အွန်လိုင်းကနေ ကျောက်မျက်ရတနာတွေကို Live Sales ရောင်းချပေးလေ့ရှိရာ ဝယ်ယူအားပေးသူတွေ များခဲ့တာလည်းဖြစ်ပါတယ် ။
ဒါ့အပြင် အလှူအတန်းတွေဆိုရင်လည်း တတ်နိုင်သလောက် ပါဝင်ကူညီ လှူဒါန်းလေ့ ရှိတာလည်းတွေ့ရပါတယ် ။
သူရဲ့လှုပ်ရှားမှု ပုံရိပ်တွေကိုလည်း အမြဲ ဝေမျှပေးလေ့ရှိရာ အခုလည်း ကိုယ်ဝန်ဆောင်လေးနဲ့တောင် ဖက်ရှင်အလန်းစားတွေ ဆင်မြန်းပြီးသားလေးနဲ့အတူ ရိုက်ထားတဲ့ ပုံရိပ်တွေကိုဖော်ပြလာပါတယ် ။
ပုံတိုင်းမှာ အခါခါပြန်ကြည့်ချင်ရလောက်အောင် မိမိုက်လွန်းတာကြောင့် ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ် ။ ခရက်ဒစ်
Be the first to comment
Leave a comment
Your email address will not be published.
*